21 August 2008

Call for Abstracts - 2008 Annual Conference of MES

မြန်
မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ ၂၀၀၈ ခုနှစ် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ် အတွင်း ကျင်းပမည်ဖြစ်၍ အဆိုပါအသင်းသားဆုံညီ ညီလာခံကို ကြိုဆိုသောအားဖြင့် အင်ဂျင်နီယာ ဘာသာရပ်ပေါင်းစုံ စာတမ်းဖတ်ပွဲများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ တက္ကသိုလ်များ လှိုင်နယ်မြေ... ရန်ကုန်မြို့၌ စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတမ်းဖတ်ပွဲကို စိတ်ပါဝင်စားသူများ အနေဖြင့် မိမိတို့ ဖတ်ကြားလိုသော သုတေသန စာတမ်းများ၏ စာတမ်းအကျဉ်းချုပ်ကို စာတမ်းဖတ်ပွဲကျင်းပရေး ကော်မတီ မြန်မာနိုင်ငံ အင်/ယာ အသင်း တက္ကသိုလ်များ လှိုင်နယ်မြေ ရန်ကုန်မြို့သို့ လိပ်မူ၍ စက်တင်ဘာ ၃၀ ရက်ထက် နောက်မကျစေပဲ ရုံးချိန်အတွင်းပေးပို့ရမည် ဖြစ်ကြောင်းနှင့် အသေးစိတ်သိလိုသော အချက်များကို ဒေါ်အေးအေးမော်၊ ရုံးအဖွဲ့မှူး၊ မြန်မာနိုင်ငံ အင်/ယာ အသင်း ဖုန်း ၅၁၉၆၇၃-၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ရန်ကုန်၊ သြဂုတ် ၁၈။

2 comments:

  1. ကျုပ်တို့နိုင်ငံမှာ မီထရိုပိုလီတန်တည်ဆောက်ရန် စာတမ်းတစ်စောင်လောက် ဖတ်ပြနိုင်ရင် အလွန်ကောင်းမယ်လို့ ထင်ပါတယ်။ အမြှော် အမြင်ရှိသူ တစ်ဦးတစ်ယောက်က အကြံညာဏ်ကောင်းလေးများထွက်ရင် နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်လာနိုင်ကြောင်းပါခင်ဗျား။
    စောသစ္စာ

    ReplyDelete
  2. ဟုတ်ပါတယ်ဗျာ။ ကျွန်တော်လည်း စာတမ်းတစ်စောင်ပို့ထားပါတယ်။ အခုထက်ထိ MES ကနေပြန်စာမရသေးပါဘူး။ :)

    ReplyDelete