20 October 2008

MATLAB ကို အခြေခံ၍ ကမ္ဘာ့အရှည်ဆုံး Rail Tunnel အတွက် Ventilation System Design ပြုလုပ်ခြင်း

MATLAB ဆော့ဖ်ဝဲကို အင်ဂျင်နီယာဆိုင်ရာ ပုစ္ဆာတွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ ဒီပို့စ်မှာတော့ MATLAB ကို အသုံးပြုပြီး ဥမင်ရဲ့ လေဝင်လေထွက်စနစ်အတွက် ဒီဇိုင်းထုတ်ပုံကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အင်ဂျင်နီယာအသင်းဟာ MATLAB Software ကို အခြေခံပြီးတော့ ကမ္ဘာ့အရှည်ဆုံး Rail Tunnel မှာ တပ်ဆင် အသုံးပြုမယ့် လေ၀င်လေထွက်စနစ် (Ventilation System) အတွက် ဒီဇိုင်းထုတ်ခဲ့ပါတယ်။

ပုံ(၁)။ GBT အပါအ၀င် Tunnel လမ်းကြောင်းပြ မြေပုံ

Swiss AlpTransit project ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ၅၇ ကီလိုမီတာ အရှည်ရှိမယ့် Gotthard Base Tunnel(GBT) ကို ၂၀၁၆ ခုနှစ်မှာ ဖွင့်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ သူဟာ ဥရောပရဲ့ မြန်နှုန်းမြင့် ရထားလမ်းကွန်ယက်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါမယ်။ ပြီးတော့ Swiss Alps တောင်တန်းရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ပေးပြီး၊ ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဇူးရစ်မြို့နဲ့ အီတလီရဲ့မြို့တော် မီလန်တို့အကြား ခရီးသွားကြာချိန်ကို ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ လျော့ချပေးနိုင်ပါမယ်။

ပုံ(၂)။ Gotthard Base Tunnel

ပုံ(၃)။ Gotthard Base Tunnel ရဲ့ လုပ်ငန်းခွင်တစ်နေရာ

GBT ရဲ့ တောင်ဘက်ခြမ်း အင်ဂျင်နီယာအသင်းမှာ ပါဝင်တဲ့ Pöyry Infra AG အဖွဲ့ဟာ GBT ရဲ့ လေ၀င်လေထွက်စနစ်ကို ဒီဇိုင်းပြုလုပ်ဖို့ တာဝန်ယူခဲ့ပါတယ်။ GBT ရဲ့ လေ၀င်လေထွက်စနစ်ဟာ ပြုပြင်ထိန်သိမ်းရေး အမှုထမ်းတွေအတွက် တော်တော်လေးကို သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်စေဖို့ အကူအညီပေးပြီး၊ အရေးပေါ် အခြေအနေတွေအတွက်လည်း အကာအကွယ်ပေးရေး အစီအမံတွေ ပါရှိပါတယ်။ Tunnel ရဲ့ ရထားလမ်း တစ်နေရာရာမှာ မီးလောင်ကျွမ်းမှု တစ်ခုခုဖြစ်တယ်ဆိုရင် Ventilation system ဟာ Tunnel ရဲ့ မီးမလောင်တဲ့ အခြားအစိတ်အပိုင်းတွေမှာ မီးခိုးငွေ့တွေ မကူးစက်စေဖို့အတွက် Air pressure ကို မြှင့်တင်ပေးလိုက်ပါတယ်။ မီးလောင်နေတဲ့ ရထားလမ်း အစိတ်အပိုင်းမှာရှိတဲ့ လူတွေဟာ Pressure မြှင့်တင်ထားတဲ့ နေရာတွေကို ဖြတ်ကူးလမ်းငယ်တွေက တဆင့်ဖြစ်စေ၊ အရေးပေါ် ထွက်ပေါက်တွေကတဆင့်ဖြစ်စေ ကူးသွားနိုင်ပါတယ်။
ပုံ(၄)။ GBT ၀င်ပေါက်တစ်နေရာ

ဒီဇိုင်းအား ချဉ်းကပ်ကြည့်ခြင်း
လေ၀င်လေထွက်စနစ်ကို ပြုလုပ်ဖို့ရာအတွက် အင်ဂျင်နီယာတွေဟာ Tunnel အတွင်းမှာဖြစ်ပေါ်မယ့် aero- and thermodynamic အကြောင်းတွေကို အတော်လေး လေ့လာခဲ့ရပါတယ်။ ရှုပ်ထွေးနက်နဲလှတဲ့ Tunnel ဂျီသြမေထြီ ဆိုင်ရာတွေကိုပါ လေ့လာပြီးတဲ့နောက် Model တစ်ခုကို တည်ဆောက်ခဲ့ကြပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ သာမက မဖြစ်နိုင်ပါဘူးလို့ ထင်ရတဲ့ အခြေအနေတွေကိုပါ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ဒီနေရာမှာ MATLAB မှာ ပါဝင်တဲ့ Simulation အပိုင်းနဲ့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြပါတယ်။

Simulation ကို အသုံးပြုပြီး Tunnel ရဲ့ပြွန်နံရံတွေနဲ့ လေတို့ အကြားမှာ ဖြစ်ပေါ်မယ့် အပူကူးပြောင်းမှုတွေ၊ ကျောက်တွေရဲ့ အပူချိန်တွေ၊ မြေအောက်ရေ စီးဆင်းမှုတွေ၊ ငွေ့ရည်ဖွဲ့ခြင်း၊ ငွေ့ရည်ပျံခြင်းတွေလို ရှုပ်ထွေးခက်ခဲပြီး မသေချာတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ Transient ပုစ္ဆာတွေကို ဖြေရှင်းရာမှာလည်း အများကြီး အထောက်အကူပြုခဲ့ပါတယ်။ MATLAB ဟာ သူတို့အတွက် ရေလဲသုံး ဆေးတစ်ခွက်လို့ပဲ ဆိုပါတော့ဗျာ။

Developing Custom CFD Code
အထွေထွေသုံး Computational Fluid Dynamics(CFD) software package ဟာ လွယ်ကူစွာ customize လုပ်လို့မရတဲ့အတွက် အင်ဂျင်နီယာတွေဟာ MATLAB မှာ သူတို့ကိုယ်ပိုင် CFD model တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ MATLAB မှာ Function အချို့ကို ပြန်ပြီး define လုပ်ကြတယ်။ ဥပမာ - Table တွေ၊ Interpolation တွေ၊ Equation solvers တွေကိုပေါ့။ ပြဿနာအချို့ကို ဖြေရှင်းပြီးတဲ့နောက် သူတို့ဟာ MATLAB မှာ CFD Code တွေကို အောင်မြင်စွာ ရေးနိုင်ခဲ့ကြပါတယ်။ MATLAB မှာ ပါဝင်တဲ့ Ordinary and Partial differential equations တွေကတော့ Fluid flow ပုစ္ဆာတွေ ဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကနေ ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ MATLAB ရဲ့ Data import & export functions တွေကို အားထားခဲ့ရတဲ့အပြင်၊ Statistics functions တွေကိုလည်း Data preprocessing လုပ်ဖို့နဲ့ Interpretation အတွက် အသုံးပြုခဲ့ကြရပါတယ်။ လက်တွေ့ စမ်းသပ်ချက် အချို့ကို ပြုလုပ်ပြီးတဲ့နောက် သူတို့ဟာ Tunnel အတွက် ပိုပြီးမြန်ဆန် ကောင်းမွန်တဲ့ ကိုယ်ပိုင် MATLAB Model တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ပုံ(၅)။ အပူချိန်နှင့် စိုထိုင်းဆပျံ့နှံ့ပုံအား MATLAB တွင် တွေ့မြင်ရပုံ

Two Fluid Dynamics Algorithms
သူတို့ရဲ့ CFD code ဟာဆိုရင် မတူညီတဲ့ Fluid Dynamics ပြဿနာတွေကို ဖြေရှင်းရာမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ကျောက်သားရဲ့ ပတ်ဝန်းကျင်မှာ အပူကူးပြောင်းမှုနဲ့ ပတ်သက်ပြီး Model တစ်ခုပြုလုပ်ရာမှာ Finite difference method ကို သုံးနေစဉ်မှာပဲ Tunnel နဲ့ Shafts တွေအတွင်း လေစီးကြောင်းနဲ့ ပတ်သက်ပြီး Model တစ်ခုပြုလုပ်ရာမှာ Finite volume method ကို အသုံးပြုနိုင်ပါတယ်။ ဒီ System-equations တွေဟာဆိုရင် MATLAB ရဲ့ Optimization Toolbox ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Pöyry Infra AG အဖွဲ့ရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Reto Buchmann ကတော့ ပြောပါတယ်။ MATLAB Software ကြောင့်သာလျှင် သူတို့အတွက် သက်တောင့်သက်သာနဲ့ ပိုပြီးလုံခြုံစိတ်ချရတဲ့ Ventilation System တစ်ခုကို လျင်လျင်မြန်မြန် တည်ဆောင်နိုင်ခဲ့တာပါတဲ့။ ကျွန်တော်တို့တွေကော ဒီလိုမျိုး အဆင်သင့် လွယ်ကူစွာ သုံးနိုင်တဲ့ Softwares တွေကနေပြီး အကျိုးအမြတ်ရအောင် ဘယ်လို Project တွေ ပြုလုပ်ခဲ့ကြပြီးပါပြီလဲ…။ ။

Related Posts
1.Gotthard Base tunnel
2.မြေအောက်ရထားဘူတာနှင့် ဥမင်လမ်းများ၏ လေဝင်လေထွက်စနစ် (Tunnel Ventilation System)