
ဒီနေ့ဟာ MyMetroworld ဘလော့ဂ်ကို မွေးဖွားခဲ့တာ နှစ်နှစ်တိတိပြည့်တဲ့ နေ့လေးပါ။ အပြောကျယ်ပြီး အပြောင်းအလဲ များလှတဲ့ အင်တာနက် ရေစီးကြောင်းမှာ MyMetroworld’s contributors တွေနဲ့အတူ ကြိုးစားရုန်းကန်ရင်း၊ မိမိတို့ လေ့လာသိရှိသမျှကို အတူမျှဝေ ဖလှယ်ရင်းနဲ့ ဒုတိယ နှစ်ပတ်လည်သို့ တိုင်ခဲ့ပါပြီ။

သို့ပေမယ့် တနေ့တလံ ပုဂံဘယ်မရွေ့ ဆိုတဲ့ စကားပုံလေးအတိုင်း ဒီဘလော့ရဲ့ ကနဦး ရည်ရွယ်ချက်တွေ ဖြစ်တဲ့
“Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို ပြန်လည်ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန်”ဆိုတဲ့ ရည်မှန်းချက်တွေကို တစိုက်မတ်မတ်နဲ့ ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။
မြန်မာ ဘလော့ဂိုစဖီးယားကြီးထဲမှာ သိက္ခာရှိရှိ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းအားဖြည့် ကူညီပေးခဲ့ကြတဲ့ အနယ်နယ်၊ အရပ်ရပ်က မိတ်ဆွေများအားလုံး၊ ပို့စ်များကို အချိန်ပေးပြီး ရေးသားပေးပို့ခဲ့ကြတဲ့ ဘဝတူ အင်ဂျင်နီယာ ညီအစ်ကိုများ အားလုံးကို ဒီ ၂ နှစ်ပြည့်ပို့စ်လေးကနေ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောချင်ပါတယ်။

အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးမှာ အင်ဂျင်နီယာကောင်းများအဖြစ် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းရွက်နိုင်ဖို့အတွက် MyMetroworld ဘလော့ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် ပမာဏမျှ တစုံတရာ အကျိုးပြုပေးနိုင်၊ အထောက်အကူပြု ပေးနိုင်ခဲ့တယ်ဆိုရင်ပဲ ဒီဘလော့လေးကို ဖန်တီးရကျိုးနပ်ပါပြီလို့ ပြောကြားရင်း… ။
MyMetro
:)
ReplyDeleteအကျိုးပြုစာပေများများ ဆက်ရေးနိုင်ပါစေ
ဘလော့သက်တမ်းအဓွန့်ရှည်ပါစေ
http://www.lta.gov.sg/projects/index_proj_maprail.htm
ReplyDeleteဒီ website ထဲကလည်း အစ်ကိုတို့ လိုချင်တဲ့ info တွေ ရယူပြီးရေးလို့ ရအောင် ပေးလိုက်ပါတယ်..
အစ်ကိုတို့ အတွက်အသုံးတဲ့မယ်ထင်လို့ ပါ...
ဒီထက်လဲ..အကျိုးရှိမယ့်စာမျိုးနဲ့  Projectတွေအတွက် အသုံးတဲ့မယ့်စာမျိုးဆက်ရေးနိုင်ပါစေလို့ ပြောပါရစေ....
Thanks you for everything.
ReplyDeleteI never never forget your helping with your behavior.
SOMH