02 November 2014

ရန်ကုန်မြို့ပြ ပြဿနာများ

ကျွန်​တော်​ပြောချင်​နေခဲ့​တဲ့​ အ​ကြောင်းအရာ​လေးတစ်ခုရှိပါတယ်။ ​ပြောဖို့စိတ်ကူးလိုက်၊ မ​ပြော​တော့​ပါဘူးလို့ ဆုံးဖြတ်လိုက်နဲ့ ​နေလာတာ နှစ်​တွေ​တောင် ​တော်​တော်ကြာပါပြီ။ အခု​တော့​ ​ပြောလိုက်​တော့​မယ်ဗျာ။
Photos by depositphotos.com
အ​ကြောင်းက​တော့​ ရန်ကုန်​မြို့ကြီးနဲ့ ပတ်သက်လို့ပါ။ တခြား​က​မ္ဘာ့မြို့ကြီး​တွေကို အ​ပေါ်စီးက ကြည့်​ရင် အရမ်းလှတာကို ​တွေ့ရမှာပါ။ Urban plan စနစ်​တကျရှိတာ​ရယ်၊ မြို့ပြဗိသုကာဆိုင်ရာ အလှအပ​တွေကို ထိန်းသိမ်းတာ၊ သဘာဝ ပတ်​၀န်းကျင်ကို ထိန်းသိမ်းဖို့​ အမြဲတ​စေ​ကြိုးစား​နေကြ​​တာ​တွေ​ကြောင့်​ ​နေချင်စဖွယ်၊ သွားလည်ချင်စဖွယ်လည်း ဖြစ်ပါ​တယ်။

ကျွန်​တော်တို့ ရန်ကုန်မြို့ကြီးက​တော့​ ​တော်​တော်အကြည့်ရဆိုး​နေ​ပါပြီ။ မြို့နယ်တိုင်းမှာ လူ​နေ​တိုက်တာ​တွေ ပြည့်ကြပ်​နေပြီး​တော့​ ​နေရာလွတ်မရှိ​တော့​ပါဘူး။ Green Area လည်း​တော်​တော်နည်းလာပါတယ်။ မြို့ပြအိုးအိမ်ဆိုင်ရာ Plan မရှိတာရယ်၊ တာဝန်မဲ့​တဲ့​ ခွင့်​ပြုချက်​တွေနဲ့ မူလ​မြေကွက် ၄၀×၆၀ အကျယ်က​နေ ၂၀×၆၀၊ ၁၀×၆၀ ​လောက်အထိ ဖြစ်လာပြီး​တော့​ အဲဒီ​မြေကွက် ကျဉ်းကျဉ်း​လေး​တွေမှာ ဖြစ်သလို ကန်ထရိုက်တိုက်​တွေ ​ဆောက်ရင်း မီးခြစ်ဆံဗူး​လေး​တွေ ​ထောင်တားသလို ပုံပျက်ပန်းပျက် တိုက်​လေး​တွေအများကြီး ထွက်​ပေါ်လာတာပါပဲ။

အကျိုးဆက်က ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ​နေရာလွတ်​တွေ မရှိ​တော့​တာပါပဲ။ လမ်း​တွေကျဉ်း၊ ကားရပ်နားဖို့ ​နေရာမရှိနဲ့ ​နောက်ထပ် ၅ နှစ်​လောက်အတွင်းမှာ တကယ့်​မြို့ပြပြဿနာ ကြီးကြီးမားမားကို ရင်ဆိုင်ရ​တော့​မယ်။ Green Area အရမ်းနည်းသွားပြီး​တော့​ ရန်ကုန်မြို့ကြီးဟာ ကွန်ကရစ်သင်္ချိုင်းကြီးတစ်ခု ဖြစ်လာပါပြီ။ စင်္ကာပူမြို့ကြီးကို ကြည့်ပါ။

သူတို့ဆီမှာ ​နေရာလွတ် အကန့်အသတ်ကြားထဲကကို သစ်ကြီး၊ ၀ါးကြီး​တွေကို ထိန်းသိမ်းတယ်။ အစိမ်း​ရောင်ဧရိယာ ပိုမိုတိုးလာဖို့လုပ်ကြတယ်။ မြို့​တော်ကို ပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်​အောင် လုပ်​နေကြပါတယ်။ Garden City လို့ ​ပြော​နေ​ပေမယ့်​ ကျွန်​တော်က​တော့​ City in the Garden လို့​တောင် ဆိုချင်ပါတယ်။ ကျွန်​တော်တို့ဆီမှာက​တော့​ အ​ဆောက်အဦနဲ့ မလွတ်လို့၊ စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး ခုတ်လိုက်တာ သစ်ပင်ကြီး​တွေ​တောင်မကျန်​တော့​ပါဘူး။ အခု​နောက်ပိုင်း ဆယ်စုနှစ်​လောက်မှာ ပိုပြီး သိသာလာပါတယ်။ အရင်က စိမ်းလန်း​နေတဲ့​​နေရာ​တွေမှာ ကွန်ကရစ်တိုက်တာ​တွေ ​ပေါ်လာတယ်။ အပူချိန်လည်း သိသိသာသာ တက်လာပါတယ်။ ဒီ​တော့​ ကျွန်​တော်တို့ ရန်ကုန်မြို့​တော်က တာဝန်ရှိသူ​တွေအ​နေနဲ့ ​မြေကွက်​တွေ ခွဲစိတ်​ရောင်းချတာကို ကန့်သတ်ဖို့လိုသလို လမ်းအကျယ်၊ ​မြေအကျယ်နဲ့မမျှ ကန်ထရိုက်တိုက်​တွေ ​ဆောက်ခွင့်​ပြု​နေတာ​တွေကို အ​မျှော်အမြင်ရှိရှိနဲ့ တားဆီးဖို့ လို​နေပါပြီ။

လက်ရှိမှာ မြိုပြအင်္ဂါရပ်နဲ့ ညီဖို့၊ မြို့​တော်ကို လှလှပပ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်း​တွေချဲ့ဖို့၊ ​ရေနှုတ်​မြောင်းစနစ်​တွေ လုပ်ဖို့၊ ရှုပ်​ထွေး​နေတဲ့​ ဓာတ်တိုင်၊ ဓာတ်ကြိုး​တွေ ရှင်းဖို့၊ ​ရေနဲ့ မိလ္လာစနစ်​တွေ ထည့်သွင်းဖို့ စတဲ့​ မြူနီစပယ်လုပ်ငန်း​တွေ လုပ်ကိုင်ဖို့ ​တော်​တော် ခက်ခဲတဲ့​ အ​နေအထား ဖြစ်​နေပါပြီ။ ဒီလိုသာ စည်းမရှိ၊ စနစ်မရှိ၊ Plan မရှိဘဲ ဆက်သွား​နေမယ်ဆိုရင်​တော့​ ​နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြန်ပြင်ဖို့ ​တော်​တော်ခက်သွားမယ့်​ အ​ခြေအ​နေကို ​ရောက်သွားပါလိမ့်​မယ်။ အဲဒီအခါကျမှ ဖြစ်သလို​ဆောက်ထားတဲ့​ တိုက်​တွေကို ပြန်ဖျက်ဖို့လည်း ခက်သွားမှာဖြစ်ပြီး မြို့​နေလူထုလည်း ဒုက္ခ​ရောက်၊ မြို့​တော်သာယာ​အောင်လုပ်ချင်တဲ့​ တာဝန်ရှိသူ​တွေလည်း ​ခေါင်းစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လက်ရှိရန်ကုန်မှာ ကြုံ​တွေ့​နေရတဲ့​ ယာဉ်​ကြောပိတ်ဆို့မှု ပြဿနာပါ။ တိုးလာတဲ့​ လူဦး​ရေ၊ ​ခေတ်စနစ်ရဲ့ လိုအပ်ချက်​တွေနဲ့ Urban Planning ကို အ​လေးမထားဘဲ ​ဆောက်လိုက်တဲ့​ တိုက်တာ​တွေ​ကြောင့်​ လက်ရှိလမ်း​တွေကလည်း ထပ်ချဲ့ဖို့ ကန့်သတ်ချက်​တွေ ရှိလာပါတယ်။ တချို့လမ်း​တွေက ထပ်ချဲ့ဖို့ လုံးဝ မဖြစ်နိုင်​တော့​ပါဘူး။

Photos by depositphotos.com

ဒီ​တော့​ ယာဉ်စီး​ရေ တိုးလာတာနဲ့အမျှ လမ်းပိတ်ဆို့မှု​တွေ ဖြစ်လာ​တော့​တာပါပဲ။ ကျွန်​တော်သတိထားမိသ​လောက် Eleven Media မှာ ၂၀၀၈-၂၀၀၉ ခုနှစ်​လောက်က စပြီး ယ​နေ့အထိ ရန်ကုန်မြို့​နေ လူဦး​နေတိုးလာမှု၊ မြို့ဧရိယာချဲ့ထွင်မှု၊ အများပြည်သူသုံး မြို့ပြသယ်ယူပို့​ဆောင်​ရေး စနစ်မြင့်​တင်ဖို့၊ ယာဉ်​ကြောပိတ်ဆို့မှု ပြဿနာ​တွေကို ​ဖြေရှင်းဖို့ အစဉ်တစိုက် ​ထောက်ပြ​ရေးသားခဲ့​တာကို ​တွေ့ရပါတယ်။ သက်တမ်းအားဖြင့်​ ၅ နှစ်​ကျော် ၆ နှစ်​လောက် ကြာခဲ့​ပါပြီ။ ဒါ​ပေမယ့်​ မြိုပြဆိုင်ရာ တာဝန်ရှိသူ​တွေအ​နေနဲ့ ဒါကို အ​လေးထားပြီး စီမံကိန်းလုပ်တာ၊ ဒီမြို့ပြ ပြဿနာ​တွေကို ​ဖြေရှင်းဖို့ ကြိုးစားတာ ​တော်​တော်အားနည်းပါတယ်။ နှစ် ၂၀၊ နှစ် ၃၀ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း​တွေ ​ရေးဆွဲမယ်လို့ ရံဖန်ရံခါ သတင်း​တွေ ဖတ်ရတယ်၊ ဂျပန်အကူအညီနဲ့ Plan ဆွဲတယ်လို့လည်း ကြားရ​ပေမယ့်​ လက်​တွေ့မှာ အ​ကောင်အထည်​ဖော်​နေတာ မ​တွေ့ရ​သေးပါဘူး။ ပြဿနာ​တွေကို လတ်တ​လော အဆင်​ပြေမယ့်​ နည်းလမ်း​တွေနဲ့ ​ဖြေရှင်း​နေတာကိုပဲ ​တွေ့ရပါတယ်။ ​ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို စဉ်းစားပြီး အ​မျှော်အမြင်ရှိရှိနဲ့ ​ဖြေရှင်းတာမျိုး မရှိ​သေးပါဘူး။

ဘဏ္ဍာ​ရေးအ​ခြေအ​နေ​ကြောင့်​လား၊ ​ပေါ်လစီ​ကြောင့်​လားဆိုတာ မသိရ​ပေမယ့်​ ဒီပြဿနာ​တွေကို ​ဖြေရှင်းဖို့ ​နှောင့်​​နှေးမ​နေသင့်​​တော့​ပါ။ အထူးအ​ရေးကြီး ဦးစား​ပေး အစီအစဉ်နဲ့ ​ဖြေရှင်းမှာသာ ​နောင် ၁၀ နှစ်၊ http://yangon-Urban-Problem၁၅ နှစ်အတွင်းမှာ မီဂါစီးတီးဖြစ်လာမယ့်​ ရန်ကုန်မြို့အတွက် အ​ခြေခံ​ကောင်း​တွေ ရှိလာမှာပါ။

နောက်တစ်ချက်​ပြောချင်တာက ယာဉ်​ကြောပိတ်ဆို့မှု​တွေ ဖြစ်​ပေါ်​နေတဲ့​ ​နေရာ​တွေမှာ ဂုံး​ကျော်တံတား​တွေထိုးပြီး ​ဖြေရှင်းတာဟာ နည်းလမ်း​ကောင်းမဟုတ်ပါ။

လတ်တ​လော ​ပြေလည်သွား​ပေမယ့်​ ​ရေရှည်မှာ ဘယ်ဘက်ကပဲကြည့်​ကြည့်​ (Environmental, Aesthetic and Architectural, etc.) မ​ကောင်းပါ။ တာဝန်ရှိသူ​တွေ၊ စီမံကိန်း​ရေးဆွဲသူ​တွေ စဉ်းစားတာ သမားရိုးကျဆန်လွန်းပါတယ်။ အဲဒီလို ​ဖြေရှင်းနည်းမျိုးက နိုင်ငံတကာမှာ ၁၉၇၀ နှစ်များ​လောက်က စဉ်းစားခဲ့​၊ လုပ်ခဲ့​တဲ့​နည်း​တွေပါ။ ​ပြောင်းလွယ်ပြင်လွယ်မရှိတဲ့​ စီမံကိန်းမျိုးကို စဉ်းစား​တော့​မယ်ဆိုရင် ကမ္ဘာကြည့် ကြည့်ဖို့ (Think Globally) လိုပါတယ်။ နိုင်ငံတကာ အ​တွေ့အကြုံ​တွေကို ထည့်​သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီလိုမြို့ပြ ပြဿနာ​တွေ၊ ယာဉ်​ကြောပိတ်ဆို့မှု ပြဿနာ​တွေကို ဒီ​နေ့ တိုးတက်​နေတဲ့​ ကမ္ဘာ့မြို့ကြီးတိုင်း ကြုံခဲ့​ကြပါတယ်။ အခု ကျွန်​တော်တို့ဆီမှာ ဂုံး​ကျော်တံတားထိုးပြီး ​ဖြေရှင်းခဲ့​သလိုမျိုး သူတို့လည်း ​ဖြေရှင်းခဲ့​ကြတာပါပဲ။ ဒါ​ပေမယ့်​ ဒီ​နေ့အချိန်မှာ​တော့​ အဲဒီဂုံး​ကျော်တံတား၊ မိုးပျံလမ်း​တွေရဲ့ အကျိုးဆက်(ဆိုးကျိုး)​တွေကို ​တွေ့မြင် ရင်ဆိုင်လာရပြီး ​ဖြေရှင်းဖို့နည်းလမ်း​တွေကို စဉ်းစားလာကြပါပြီ။
Photos by depositphotos.com


ဂုံး​ကျော်တံတား​တွေကို ဖြိုဖျက်ပြီး အဲဒီ​နေရာမှာ Green Area ​တွေ ဖန်တီးကာ ​မြေ​အောက်ဥမင်လမ်းများကို အစားထိုးလာကြပါတယ်။ ဂုံး​ကျော်တံတားထိုးခြင်းဟာ လွန်ခဲ့​တဲ့​ ဆယ်စုနှစ် သုံး​လေးခုကာလတုန်းက အ​ခြေအ​နေမျိုးဆိုရင်​တော့​ မှန်ပါတယ်။ ဒါ​ပေမယ့်​ ဒီ​နေ့ အ​ခြေအ​နေမှာ နိုင်ငံတကာ အ​တွေ့အကြုံများအရ မှန်တယ်လို့ ​ပြောလို့မရ​တော့​ပါဘူး။

ကမ္ဘာ့မြို့ကြီး​တွေမှာ ရင်ဆိုင်ခဲ့​ရတဲ့​ အ​တွေ့အကြုံ​တွေကို ယူရပါမယ်။ သူတို့​တွေ မှားခဲ့​တဲ့​ သင်ခန်းစာကို ယူပြီး နည်းပညာ​တွေကို သုံးပြီး ခုန်ပျံ​ကျော်လွှားဖို့ လိုပါတယ်။ သူများ​တွေ မှားခဲ့​တဲ့​ အမှားကို ဆက်မလုပ်သင့်​ပါ။ လက်ရှိအချိန်မှာ မြို့တွင်းလမ်း၊ မြို့ပတ်လမ်း၊ မြို့​ရှောင်လမ်း​တွေကို ​ကောင်း​ကောင်းချိတ်ဆက်နိုင်မယ့်​ လမ်းကွန်ယက်စနစ်ကို မစဉ်းစားနိုင်​သေးတာလည်း ယာဉ်​ကြောပိတ်ဆို့မှုကို မ​ဖြေရှင်းနိုင်​သေးတဲ့​ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။ လမ်းဆုံ၊ လမ်းခွ ယာဉ်​ကြောပိတ်ဆို့မှုကို မြင်တိုင်း ဂုံး​ကျော်တံတားထိုးပြီး ​ဖြေရှင်းမယ်ဆိုတာ မှန်ကန်တဲ့​ အ​ဖြေတစ်ရပ် မဟုတ်ဘူးလို့ ကျွန်​တော်ဆိုလိုချင်တာပါ။

တိုးပွားလာတဲ့​ လူဦး​ရေ​ကြောင့်​ မြို့သစ်များ၊ အိမ်ရာစီမံကိန်းများ ပြုလုပ်လာရတဲ့​နည်းတူ တဖက်မှာလည်း မြို့​တော်ရဲ့ သယ်ယူပို့​ဆောင်​ရေးအပိုင်းကို ပိုမို​ကောင်းမွန်​အောင် အဆင့်​မြှင့်​တင်ဖို့၊ upgrade လုပ်ဖို့ စဉ်းစားကြရပါ​တော့​မယ်။ မြို့တစ်မြို့ရဲ့ သယ်ယူပို့​ဆောင်​ရေးကွန်ယက်ဟာ အခြား​သော ပြည်နယ်၊ မြို့​တော်များအကြား ဆက်သွယ်မှု ကွန်ယက်များနဲ့ ပုံစံချင်း၊ သ​ဘောသဘာဝချင်း မတူညီပါဘူး။

မြို့ပြသယ်ယူပို့​ဆောင်​ရေးဟာ မြို့​နေလူထုရဲ့ ​နေစဉ်လှုပ်ရှားမှုပုံစံနဲ့ တထပ်တည်းကျ​နေပါတယ်။ ​နေ့စဉ် ရုံးဆင်း၊ရုံးတက်၊ အလုပ်သွား၊ အလုပ်ပြန် စတဲ့​လူမှုဖြစ်စဉ်များဟာ စီးပွား​ရေး ယန္တရား၊ အုပ်ချုပ်​ရေး ယန္တရားများကို အ​ထောက်အကူပြု​နေတဲ့​ အစိတ်အပိုင်းများ ဖြစ်တာမို့လို့ မြို့ပြသယ်ယူပို့​ဆောင်​ရေးကဏ္ဍကို အ​လေး​ပေးပြီး ​ဆောင်ရွက်ဖို့လိုပါတယ်။ သယ်ယူပို့​ဆောင်​ရေး ညံ့​ဖျင်းမှု​ကြောင့်​ ဖြစ်လာမယ့်​ ဆုံးရှုံးမှုများဟာ တန်ဖိုးကြီးမားလှပါတယ်။ လူတိုင်းကားစီးနိုင်​အောင် မူဝါဒချပြီး ကားစီး​ရေ များများတင်သွင်းတာထက် အများပြည်သူကို မြန်မြန်ဆန်ဆန်နဲ့ သယ်ယူပို့​ဆောင်​ပေးနိုင်တဲ့​ Mass Rapid Transit စနစ်တစ်ခုကို အ​ကောင်အထည်​ဖော်တာကသာ ဒီ​နေ့မြို့ပြပြဿနာ​တွေကို မှန်ကန်စွာ ​ဖြေရှင်းနိုင်တဲ့​ နည်းလမ်းလို့ ရှုမြင်ပါတယ်။


ပြဿနာ​တွေကို လတ်တ​လော​ပြေလည်ဖို့ ​ရေတိုကုစားနည်း​တွေနဲ့ ​ဖြေရှင်းလိုက်တဲ့​ ဒီဂုံး​ကျော်တံတားကြီး​တွေဟာ ​နောင်မှာ မြို့ပြမြင်ကွင်းအတားအဆီးဖြစ်ပြီး၊ မြို့​တော်ရဲ့ အလှအပကို အကျည်းတန်​စေတာ၊ ဖြတ်သန်းသွားလာ​နေတဲ့​ ​မော်​တော်ယာဉ်​တွေ​ကြောင့်​ ​လေထုညစ်ညမ်း​စေပြီး ဆူညံ​စေတာ၊ တံတားအနီးနားမှ ​နေထိုင်တဲ့​ လူထုကို ထိခိုက်​စေတာ စတဲ့​အ​နှောင့်​အယှက်​တွေ၊ အကျိုးဆက်​တွေဖြစ်လာပြီး ​နောင် နှစ် ၂၀ ​လောက်မှာ ပြန်ဖြိုဖျက်ကြဖို့ စဉ်းစားကြလိမ့်​မယ်လို့ ကျွန်​တော် ရဲရဲကြီး ​ပြောလိုက်ပါရ​စေ။ ​နောင် နှစ် ၂၀ ​လောက်လို့​ပြောရတာက ကျွန်​တော်တို့​တွေ နိုင်ငံတကာကို အမှီလိုက်နိုင်ဖို့၊ ဒီ​နေ့နိုင်ငံတကာရဲ့ ​မြေ​အောက်ဥမင်နည်းပညာ​တွေ၊ အ​တွေ့အကြုံ​တွေကို ရယူနိုင်ဖို့ နှစ် ၂၀ ​လောက် ​နောက်ကျကျန်​နေတယ်လို့ ယူဆမိလို့ပါ။ ယ​နေ့​ခေတ် ကမ္ဘာ့မြို့ကြီးများရဲ့ လမ်းစီမံကိန်းအသစ်​တွေကို ​လေ့​လာကြည့်​ပါ။ ​မြေ​အောက်နယ်ပယ် (Underground Space) ကို အသုံးချဖို့ စီမံ​နေကြပါပြီ။

မြန်မာနိုင်ငံရဲ့ ဥမင်အင်ဂျင်နီယာ ပညာရပ်နယ်ပယ်မှာ အားနည်း​နေ​သေးတာကို လက်ခံပါတယ်။ ဒါ​ပေမယ့်​ ဒီလိုကားလမ်းဥမင်စီမံကိန်း​တွေကို မလုပ်နိုင်​သေးဘူးဆိုတာ​တော့​ လက်မခံနိုင်ပါ။ အခု​ဆောက်လုပ်​နေတဲ့​ ဂုံး​ကျော်တံတား စီမံကိန်း​တွေမှာလည်း နိုင်ငံခြားကဒီဇိုင်းကို ၀ယ်ပြီးလုပ်​နေရဆဲပါ။ ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်ဒီဇိုင်းနဲ့လုပ်ဖို့ ကန့်သတ်ချက်​တွေ ရှိ​နေပါ​သေးတယ်။
Istanbul Road Tunnel secures financing



ဒီ​တော့​ ဥမင်​ဖောက်လုပ်ဖို့မှာလည်း နိုင်ငံတကာ အ​တွေ့အကြုံရှိ ကုမ္ပဏီကြီး​တွေနဲ့ ချိတ်ဆက်ပြီး အ​ကောင်အထည်​ဖော်ရင် ဖြစ်နိုင်ပါတယ်။ ဂုံး​ကျော်တံတား တစ်စင်း​နေရာမှာ ​မြေ​အောက်ကားလမ်းဥမင်တစ်ခုရဲ့ ကုန်ကျစရိတ်က သုံး​လေးဆမက ပိုများသွားနိုင်တယ်ဆိုတာထက် ပြန်ရလာမယ့်​ ​ရေရှည်အကျိုးအမြတ်မှာကျ​တော့​ ဥမင်လမ်းနဲ့ နှိုင်းယှဉ်မရ​အောင် အကျိုး​ကျေးဇူးများပါတယ်။ ပြီးခဲ့​တဲ့​ ၂၀၁၂ ခုနှစ်က ဘန်​ကောက်မှာကျင်းပခဲ့​တဲ့​ World Tunnel Congress မှာလည်း ဒီ​နေ့မြို့ကြီး​တွေမှာ ​ဆောက်လုပ်ပြီးခဲ့​တဲ့​ ဂုံး​ကျော်တံတား​တွေရဲ့ ဆိုးကျိုး​တွေ၊ ရိုက်ခတ်မှု​တွေနဲ့ ​မြေ​အောက်ဥမင်နဲ့ အစားထိုးပြီး ပြန်လည်ကုစားနိုင်မယ့်​ နည်းလမ်း​တွေကို ​ဆွေး​နွေးသွားကြတဲ့​ စာတမ်း​တွေကို ​လေ့​လာရပါတယ်။

ကျွန်​တော်တို့ ရန်ကုန်မြို့မှာလည်း ကျပ်ဘီလီယံ ၁၅ ​လောက်ကုန်ကျခဲ့​တဲ့​ ဂုံး​ကျော်တံတားတစ်စင်းရဲ့ အကျိုးအမြတ်က ထူးထူးခြားခြား ​ပြောင်းလဲမှုမရှိတာကို ​တွေ့မြင်​နေရပါပြီ။ ဒီ​တော့​ တံတားထိုးမလား၊ ဥမင်တူးမလားဆိုတဲ့​ နှိုင်းယှဉ်သုံးသပ်ချက်​တွေကို ပြုလုပ်ဖို့၊ ​ရေရှည်မြို့ပြလမ်းကွန်ယက် စီမံကိန်း ​ဖော်​ဆောင်ဖို့လိုအပ်ပါတယ်။

လက်ရှိအ​ခြေအ​နေမှာ မြန်မာနိုင်ငံရဲ့ ဥမင်အင်ဂျင်နီယာ ပညာရပ်နယ်ပယ်မှာ အားနည်း​သေးတာရယ်၊ နိုင်ငံတကာက ​မြေ​အောက်နယ်ပယ်ကို အသုံးချမှု အ​တွေ့အကြုံ​တွေကို မရယူနိုင်​သေးတာ​ကြောင့်​ ဥမင်​ဖောက်လုပ်ပြီး ​ကျော်လွှားနိုင်မယ့်​ နည်းလမ်းကို မစဉ်းစားမိ​သေးတာလို့လည်း ယူဆပါတယ်။ ဒီလိုမြို့ပြစီမံကိန်းမျိုးကို အ​ကောင်အထည်​ဖော်ဖို့ ကုန်ကျစရိတ်ကို ​ကြောက်ပြီး တိုင်းပြည်ချမ်းသာလာတဲ့​​နေ့ကို ​စောင့်​​နေရင်​တော့​ အခုလက်ရှိပြဿနာ​တွေထက် ဆိုးတဲ့​ မြို့ပြပြဿနာ​တွေကို ​နောက်ထပ် အနှစ် ၂၀ ​လောက် ခံ​နေကြရအုံးမှာ ဖြစ်ပါတယ်။ ​နောင်မှာ လူဦး​ရေလည်း ပိုတိုးလာပြီး၊ ကားစီး​ရေကလည်း ဒီထက် ပိုလာမှာပါ။ ​ရေတို​ဖြေရှင်းနည်း​တွေနဲ့ လက်ရှိမြို့ပြ ပြဿနာ​တွေကို ​ပြေလည်​စေနိုင်မှာ မဟုတ်ပါဘူးခင်ဗျာ။

နိဂုံးချုပ်ရရင်

World Highways

မြို့တွင်းပို့​ဆောင်​ရေး ပြဿနာများကို ​ဖြေရှင်းဖို့အတွက် သယ်ယူပို့​ဆောင်​ရေး ကွန်ယက်အသစ် (New mass rapid transit system) ကို ရန်ကုန်မြို့အ​နေနဲ့ အ​နှေးနဲ့အမြန် အ​ကောင်အထည် ​ဖော်ရပါ​တော့​မယ်။ လက်ရှိ ဘတ်စ်ကား ဝန်​ဆောင်မှု အ​ပေါ်မှီခို​နေရတဲ့​ သယ်ယူပို့​ဆောင်​ရေးစနစ်ကို ​မြေ​အောက်ရထား ကွန်ယက်စနစ်နဲ့ အစားထိုး ​ဖြေရှင်းနိုင်ဖို့ နည်းလမ်းများကို ရှာ​ဖွေကြံဆကြရပါမယ်။ ခုံး​ကျော်တံတား​တွေ တည်​ဆောက်တာဟာ ​မြေ​နေရာများစွာတဲ့​အပြင် ​ရေရှည်မှာ ဖြစ်​ပေါ်လာနိုင်တဲ့​ ယာဉ်စီး​ရေနဲ့ လမ်းလိုအပ်ချက်​တွေကို ​ပြေလည်​အောင် ဖြည့်ဆည်း​ပေးနိုင်ခြင်း မရှိလို့ ဂုံး​ကျော်တံတားထိုးပြီး ​ဖြေရှင်းမယ့်​ စီမံကိန်း​တွေကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ မြို့ပြအိုးအိမ်စီမံကိန်းနဲ့ ပတ်သက်ပြီးလည်း ​နောင်ဖြစ်လာမည့်​ အ​ခြေအ​နေ​တွေကို တွက်ဆပြီး ရန်ကုန်မြို့​တော်ရဲ့ အ​ခြေခံအ​ဆောက်အအုံများနဲ့ ပတ်သက်တဲ့​ General capital plan ကို ​ရေးဆွဲထားနိုင်ဖို့ လိုပါတယ်။

မြို့​တော်ဧရိယာအတွင်းမှာ မြို့ပြဖွံ့ဖြိုးတိုးတက်​ရေး စီမံကိန်းများကို ​နောင်လာမယ့်​ ၁၅ နှစ်၊ နှစ် ၂၀ အတွင်း ​ဖော်​ဆောင်ရမယ့်​ လုပ်ငန်းများနဲ့တကွ ကြိုတင်တွက်ချက် ​ရေးဆွဲထားမှသာ ရင်ဆိုင်လာရမယ့်​ စိန်​ခေါ်မှုများကို အလွယ်တကူ ​ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။ ရန်ကုန်မြို့​တော်ကို လှလှပပနဲ့ စနစ်တကျ ​ခေတ်မီတိုးတက်လာ​စေဖို့ဆိုတဲ့​ ရည်ရွယ်ချက်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ လက်ရှိကွန်ကရစ်​တောကြီးကို Green Area များများနဲ့ ပြန်လည်ထိန်းသိမ်းဖို့အမြင်၊ ​ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်မယ့်​ အစီအမံ​တွေနဲ့ ကျွန်​တော်တို့ ရန်ကုန်မြို့​တော်ကို မြို့ပြစီမံကိန်း​ကောင်း​ကောင်းနဲ့ ကုစားဖို့ လိုအပ်​နေပြီ ဖြစ်ပါ​ကြောင်း တင်ပြလိုက်ရပါတယ်။Photos by depositphotos.com

2 comments:

  1. ဒီဆိုက်လေးက ဗဟုသုတရလို့ အမြဲလိုလိုဝင်ကြည့်ဖြစ်ပေမယ့်...ပို့စ်အသစ်တွေမတင်တာ
    အတော်ကြာနေတော့ မရေးတော့ဘူးလို့ထင်နေတာ... ခုလိုဆက်ရေးတာတွေရတော့
    ဝမ်းသာပါတယ်ဗျာ.. အများဗဟုသတရတာပေါ့... ဆက်ရေးနိုင်ပါစေလို့...

    ReplyDelete
  2. ကိုကြီး Mymetro ဒီwebsite လေး က အခုထိ အကျိုးရှိတုန်းပါပဲ ခင်ဗျ whanseven ပါ

    ReplyDelete