11 January 2009

Ebook အညွှန်း(၃)

The Shanghai Yangtze River Tunnel

လက်ရှိ ရှန်ဟိုင်းမြို့၊ ယန်စီမြစ်အောက်တွင် ဖောက်လုပ်နေသည့် ကမ္ဘာ့အကြီးဆုံး ဥမင်စီမံကိန်း၏ သီအိုရီ၊ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုဥမင်ကြီးသည် အလျား ၈၉၅၀ မီတာနှင့် အချင်း ၁၅.၄၃ မီတာ ရှိသည်။ အလွန်ရှုပ်ထွေးလှသည့် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများအကြောင်း စာတမ်းများစွာဖြင့် ပြည့်စုံစွာ စုစည်းဖော်ပြထားသော စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများမှာ -

  • Experiment and design
  • Construction and monitoring
  • Theoretical analysis and numerical simulation
  • Risk assessment, and
  • Project management တို့ ဖြစ်သည်။
ဥမင် အင်ဂျင်နီယာနယ်ပယ်မှ ကျွမ်းကျင်သူ ပညာရှင်များ၊ အင်ဂျင်နီယာများ၏ တန်ဖိုးမဖြတ်နိုင်သော ဒီဇိုင်းနှင့် တည်ဆောက်ရေး အတွေ့အကြုံများကို စုစည်းထားသည့် စာအုပ်ဖြစ်သဖြင့် မြန်မာ ဥမင်အင်ဂျင်နီယာများအတွက် များစွာ အကျိုးရှိမည့် စာအုပ်ကောင်း တစ်အုပ်အဖြစ် ဖော်ညွှန်း တင်ပြလိုက်ရပါသည်။

Download This book here

1 comment:

  1. I wаs able to find good advice from your content.


    Look into my hοmepage :: tens unit

    ReplyDelete