01 November 2009

၂၄ နာရီ ပြေးဆွဲသည့် မီထရိုများ

ကမ္ဘာပေါ်တွင် ၂၄ နာရီလုံးလုံး (ညလုံးပေါက်) ပြေးဆွဲကာ ဝန်ဆောင်မှုပေးသည့် မီထရိုအရေအတွက် များများစားစား မရှိပါ။ မီထရိုအများစုမှာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်ဆိုသည့် အကြောင်းပြချက်များဖြင့် နာရီအနည်းမျှတော့ ပိတ်သေးသည်။ တဖက်ကကြည့်လျှင်လည်း မီထရိုလိုင်း အတော်များများသည် ပြုပြင်ထိန်းသိမ်းရန်/ ဆောက်လုပ်ရန် စသည်ဖြင့် ရက်အနည်းငယ် (သို့) ရက်သတ္တပတ် ဆက်တိုက်ဆိုသလို ရံဖန်ရံခါ ပိတ်ထားကြသေးသည်ဖြစ်ရာ ရထားလိုင်းကို ညစဉ်ညတိုင်း အဘယ်ကြောင့် ပိတ်ဖို့ လိုနေအုံးမည်နည်းဟု စောကြောဖွယ်ရာ ရှိပါသည်။
မည်သို့ပင် အကြောင်းပြသည်ဖြစ်စေ အချို့သော မြို့ကြီးများမှာတော့ ၂၄ နာရီလုံးလုံး မရပ်မနား ဝန်ဆောင်မှုပေးနိုင်သည်ကို သက်သေပြထားပြီး ဖြစ်သည်။ ညဘက်တွင် မီထရိုစနစ်ကို ခေတ္တပိတ်ထားခြင်းဖြင့် ကွန်ယက်စနစ်ကြီးတစ်ခုလုံး အဖွင့်/အပိတ်လုပ်ရသည့် စရိတ်များ၊ ဘူတာများကို စောင့်ရှောက်ရသည့် စရိတ်များ ပိုမိုကုန်ကျစေနိုင်သည်။ ရထား ညလုံးပေါက် ပြေးဆွဲပေးခြင်းသည် ဘား၊ ကလပ်၊ ပါတီပွဲ စသည်များမှ ပြန်လာမည့် ခရီးသည်များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတစ်ခု ဖြစ်စေပြီး၊ အိမ်ပြန်ရန် နာရီကြည့်နေရခြင်းမျိုး၊ ရထားအချိန်ဇယား မှတ်နေရခြင်းမျိုး မလိုအပ်တော့ဘဲ ရှုပ်ထွေးပွေလီလှသည့် ညကား၊ အောက်ဆိုက်ကားများကိုလည်း မှီခိုစရာ မလိုတော့ပေ။ အောက်တွင် ၂၄ နာရီ (ညလုံးပေါက်) ပြေးဆွဲသည့် ကမ္ဘာ့မီထရိုတချို့ကို ဖော်ပြထားပါသည်။

24/7 (daily)


  • Chicago

  • USARed and Blue lines

  • Copenhagen

  • DenmarkMetro

  • London

  • United KingdomThames link only (no tube lines)

  • New York

  • USA20 subway lines, SIR, PATH, partly LIRR

  • Philadelphia

  • USAPATCO

    24/2 (Fri, Sat)


  • Athens

  • Greece

  • Berlin

  • Germany

  • Bochum

  • Germany

  • Hamburg

  • Germany

  • Stockholm

  • Sweden

  • Vienna

  • AustriaS-Bahn

  • Warsaw

  • Poland

    24/1 (Sat)


  • Barcelona

  • Spain

  • Valencia

  • SpainC2 commuter line

    Source: http://mic-ro.com/metro/24h.html