30 October 2009

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် မီထရိုလိုင်း

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို)က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့တော်ရှိ ထောင်စုနှစ် မြေအောက်ရထားလမ်း (Millennium Underground railway) ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းထားကြောင်း သိရသည်။ ထိုမြေအောက် ရထားလိုင်းကို ၁၈၉၃-၉၆ ခုနှစ်ကတည်းက ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတိုက်ကုန်းမြေပေါ်တွင် ပထမဆုံး ဖောက်လုပ်သော မြေအောက်ရထားလမ်း ဖြစ်ခဲ့သည်။
ရှေးလက်ရာ နန်းတော်ပုံစံ မြေအောက်ဘူတာများ ပိုင်ဆိုင်သော မော်စကိုမီထရိုနှင့် ဆေးရောင်စုံ ခြယ်သထားသည့် လိုဏ်ဂူပုံသဏ္ဍာန် ဘူတာများရှိသော ဆွီဒင်ရှိ စတော့ခ်ဟုမ်းမီထရိုတို့ကို ကျော်ဖြတ်၍ ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၀၂ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် တစ်ခုတည်းသော မီထရိုလိုင်းဖြစ်သော်လည်း သိရှိသူနည်းသဖြင့် မှတ်စုသဖွယ် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။


၁၈၉၆ ခုနှစ်က တည်ဆောက်ခဲ့သော ဘူဒါပတ်စ်မီထရို Hösök Tere ဘူတာအတွင်းပိုင်းမြင်ကွင်း။
Photo source [natureblink.com]

Source: http://mic-ro.com/metro/metrocity.html?city=Budapest

Related posts
1. မြေအောက်ရထားနှင့်ဗိသုကာ ()၊ ()၊ ()
2. မြေအောက်ကမ္ဘာများ ()၊ ()၊ ()