19 July 2010

Elastic medium တွင် တုန်ခါမှုရင်းမြစ်မှ ထွက်ပေါ်လာသော လှိုင်းများ ပျံ့နှံ့သက်ရောက်ခြင်း

မြေငလျင်လှုပ်သောကြောင့် ငလျင်လှိုင်းများ သက် ရောက်သည့်အခါ (သို့မဟုတ်) လူတို့ပြုလုပ် သော မြေအောက် ဖောက်ခွဲမှု (ဝါ) ဥမင်တူးဖော်မှုများ ပြုလုပ်သည့်အခါ မြေသားထုအတွင်း ဒိုင်နမစ်အား လှိုင်းများ ပျံနှံ့ သက်ရောက်လေ့ရှိပါသည်။ ထိုလှိုင်း များ မြေထုအတွင်း ပျံ့နှံ့သက်ရောက်ပုံကို လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် လှိုင်းအလျား ၏ ၂ ဆ၊ ၃ဆခန့် ရှိသော အကွာအဝေးတွင် လှိုင်းများကို ဖြစ်ပေါ်စေသော ရင်းမြစ် (source) များကိုထားရှိပြီး တွက်ချက်လေ့ရှိသည်။ Elastic medium အတွင်း လှိုင်းများ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော မြေသားထုအတွင်း အား (stress) နှင့် အရွေ့(Displacement) တို့ ဖြန့်ခွဲ သက်ရောက်ပုံမှာ အတော်အတန် ရှုပ်ထွေးပါသည်။ လှိုင်းများပျံ့နှံစဉ် (wave radiation) အတွင်း အား (stress)များ သက်ရောက်ပုံမှာ လှိုင်းဖြစ်ပေါ်ရာ ရင်းမြစ်၏ အမျိုးအစား၊ ထိုရင်းမြစ်၏ ပတ်လည်ရှိ ထိစပ်နေသော မြေသားဂုဏ်သတ္တိ တို့အပေါ် အဓိက မူတည်နေပါသည်။

ဤဆောင်းပါးတွင် အီကွေးရှင်းများနှင့် ပုံများစွာ ပါဝင်သောကြောင့် ပီဒီအက်ဖ်ဖိုင်ဖြင့် တင်ပေးလိုက်ပါသည်။  အောက်ပါဖိုင်များကို ဒေါင်းလုပ်ချပြီး ဆက်လက်ဖတ်ရှုကြပါရန်။  


ဤဆောင်းပါးသည် ရုရှားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ Higher Attestation Commission (VAK) ခေါ် "State Supreme Certification Commission" အသိအမှတ်ပြု နည်းပညာဂျာနယ်ဖြစ်သည့် “Construction and Reconstruction” ဂျာနယ် №1/27 (589) 2010 (ဇန်နဝါရီ-ဖေဖော်ဝါရီ) ထုတ်တွင် ရုရှားဘာသာဖြင့် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်။

4 comments:

  1. မြေအောက်ရထားလမ်း ဆောက်တဲ့အခါ တူးရတဲ့ average အနက် ကို သိပါရစေ

    ReplyDelete
  2. Average အနက်ဆိုတာထက် ဥမင်အမိုးခုံးအပေါ် အနည်းဆုံး ထားရှိရမယ့် ဥမင်အနက်ဆိုရင် ပိုမှန်ပါတယ်။ ဥမင်အမိုးခုံးအပေါ် အနက် ၇ မီတာကနေ ၁၀ မီတာ အနည်းဆုံး ထားသင့်ပါတယ်။ အများဆုံး မီတာ ၂၀ ဆိုရင် အကောင်းဆုံးပါပဲ။ မြေအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အနက်တိမ်ရင် မြေပေါ် အဆောက်အအုံတွေအတွက် အန္တရာယ်များသလို၊ အနက်ပေများရင်လည်း ပိုက်ဆံများများကုန်ပါတယ်။

    ReplyDelete
  3. pdf ဖိုင်ဖြင့် တင်ထားသောဖိုင်များ မရှိတော့ပါသဖြင့် ပြန်တင်ပေးစေချင်ပါ
    သည်ခင်ဗျား။

    ReplyDelete
  4. အခုလို ကိုယ်လေ့လာထားတာတွေကို မျှဝေပေးလို့ ကျေးဇူးပါပဲ သူငယ်ချင်း။

    ReplyDelete