
ဥမင်ဖောက်စက်ပစ္စည်းတွေထုတ်လုပ်နေတဲ့ Herrenknect ကုမ္မဏီက စပိန်နိုင်ငံ မဒရစ်မြို့မှာဖောက်လုပ်မဲ့ မော်တော်ကားလမ်းဥမင်ဖောက်လုပ်ရေးစီမံကိန်းမှာ အသုံးပြုဖို့ တည်ဆောက်လိုက်တဲ့ ဥမင်ဖောက်စက် (tunnel boring machine)ပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး EPB(Earth Pressure Balence) shield ဖြစ်ပါတယ်။ ဥမင်ဖောက်လုပ်ရေးလုပ်ငန်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ခြေလှမ်းတစ်ရပ်လို့ ပြောလို့ရပါတယ်။ စက်ရဲ့ အချင်းက ၁၅.၂မီတာရှိပြီး အပြင်နဲ့ အတွင်းလွန်သွားစက်နှစ်မျိုးနဲ့ တပ်ဆင်ထားပါတယ်။ စက်ပိုင်းဆိုင်ရာ အသေးစိတ်ကို ကုမ္မဏီဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld