* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

(Principles of tunnel stabilization and lining design)
ဥမင်တစ်ခုဖောက်လုပ်သည့်အခါ ဖောက်လုပ်နေစဉ် (During Excavation) အတွင်း ဥမင်၏ပြုမူပုံ (သို့) လုပ်ဆောင်ပုံ (behavior) ကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ ထို behavior ကို Reinforcing စနစ်အမျိုးမျိုး (သို့) ပင့်ထောက်မှုစနစ် အမျိုးမျိုးတို့ ထည့်သွင်း တပ်ဆင်ခြင်းဖြင့် Modify လုပ်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ဥမင်တည်ငြိမ်ခိုင်ခံ့မှု (Stabilization) ဆိုသည်မှာ ဥမင်တူးဖော်မှု မတိုင်မီ၊ ဖောက်လုပ်နေစဉ်နှင့် ဖောက်လုပ်ပြီးချက်ချင်း ကနဦးပင့်ထောက်မှု (Initial Support) ကို ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရသော၊ မြန်ဆန်စွာ အသုံးပြုနိုင်သော၊ ကုန်ကျစရိတ် သက်သာသော ဖောက်လုပ်မှုကို ဖြစ်စေသည့် စနစ်များ အသုံးပြုခြင်းကို ဆိုလိုပါသည်။ Lining ဆိုသည်မှာ ဥမင်ဖောက်လုပ်ပြီးချက်ချင်းဖြစ်စေ၊ အချိန်အတော်ကြာမှဖြစ်စေ အမြဲတမ်း (Permanent Support) ပင့်ထောက်မှုကို လုပ်ဆောင်ပေးမည့် ရေရှည်ခံသော၊ ထိန်းသိမ်းရလွယ်ကူသော Long-term အပြီးသတ် ဥမင်နံရံပင်ဖြစ်ပါသည်။ မည်သည့် ဥမင် Lining စနစ်ကို အသုံးပြုမည်ဆိုသည်မှာ မြေကြီး၏ အခြေအနေများနှင့် ဥမင်ကို အသုံးပြုမည့် ရည်ရွယ်ချက်များပေါ်တွင် မူတည်ပါသည်။ ဥမင်များ ဖောက်လုပ်ကြရာတွင် Stabilization နှင့် Lining တို့ကို သီးခြား Operations များအဖြစ် ဆောင်ရွက်ကြပါသည်။ ထိုကဲ့သို့ သီးခြားစနစ်ကို "Two-pass" စနစ်ဟု ခေါ်ဝေါ်ကြသည်။ အချို့သော အခြေအနေများတွင် Stabilization နှင့် Lining တို့၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်၍ "One-pass" စနစ်အဖြစ်လည်း အသုံးပြုကြပါသည်။

 အောက်ပါအချက်များသည် ဥမင်၏ Stabilization နှင့် Lining တို့အတွက် ဒီဇိုင်းပိုင်းဆိုင်ရာနှင့် လက်တွေ့ကျသော ရွေးချယ်မှုများ ပြုလုပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အခြေခံ သဘောတရားများပင် ဖြစ်ပါသည်- 

၁။ ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ ၎င်းဥမင်ပတ်လည်တွင် ရှိသော မြေသားပင် ဖြစ်သည်။ 

၂။ မြေသား၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေအောက်ရေ ဖြစ်သည်။ 

၃။ ဥမင် Lining တည်ဆောက်ရာတွင် အရေးကြီးဆုံးသော လိုအပ်ချက်တစ်ရပ်မှာ ဥမင်နံရံ ပတ်လည် တလျှောက် Lining နှင့် မြေသားတို့အကြား လုံခြုံစိတ်ချရပြီး တဆက်တည်း ထိစပ်မှု (Continuous Contact) ဖြစ်သည်။ 

၎။ ဥမင် Lining ဒီဇိုင်းပြုလုပ်ရခြင်း၏ ရည်မှန်းချက်မှာ မြေသားရွေ့လျားမှု (Ground Movement)ကို တည်ငြိမ်စေရန်သာ ဖြစ်ပြီး ထိုမြေသား၏ ၀န် (Loads) ကို ထမ်းဆောင်နိုင်ရန်မဟုတ်ပေ။

၅။ ထိရောက်မှုအရှိဆုံးသော ဥမင်တည်ငြိမ်ခိုင်ခံမှုနှင့် Lining စနစ်မှာ သတ်မှတ်ထား သည့် မြေသားပုံပျက်ယွင်းမှု (Ground Deformation) ကို ခွင့်ပြုခြင်းအားဖြင့် မြေသား၏ ကြံ့ခိုင်အား (Strength) ကို စုစည်းဖြစ်ပေါ်စေခြင်းဖြစ်သည်။ 

၆။ ဥမင် Lining ၏ Axial Stiffness သည် ဥမင်ပတ်လည် မြေသားမှလာသော Passive Pressure များကို စုစည်းစေခြင်းအားဖြင့် မြေသား၏ Non-uniform Loads များကိုဖြန့်ခွဲသွားစေသည်။ ထိုနည်းဖြင့် မြေသားပုံပျက်ယွင်းမှုများကို ပြုပြင်မွမ်းမံနိုင်သည်။ 

၇။ မြေသားပုံပျက်ယွင်းမှုများ (Ground deformations) ကို Modify ပြုလုပ်ရာတွင် ဥမင် Lining ၏ Flexural stiffness မှာ သာမန်အားဖြင့် လုံလောက်မှုမရှိ၊ ထိရောက်မှု မရှိပေ။ 

၈။ တည်ဆောက်ရေးအဆင့်/အလွှာများစွာရှိသော ဥမင် Lining များတွင် ကနဦးပင့်ထောက်မှု (initial construction support) သည် မြေသားနှင့် နှိုင်းယှဉ်လျှင် အလွန်ပျော့ပြောင်းပြီး မြေသားဖိအား (Ground stress) များကို ပြန်လည်ဖြန့်ခွဲရာတွင် ဖြစ်ပေါ်လာသော Flexural deformations များ၏ ဒဏ်ကို များစွာခံရသည်။ 

၉။ ဒုတိယအဆင့်/အလွှာ ဥမင် Lining တပ်ဆင်မှုကို မြေသားတည်ငြိမ်မှု ရရှိသည် အထိ ရွှေ့ဆိုင်းထားနိုင်ပါက ထိုအလွှာသည် သိသာထင်ရှားသော Flexural deformations ဒဏ်ကို မခံစားရတော့ပေ။ 

၁၀။ တည်ဆောက်ရေးအဆင့် တစ်ဆင့်တည်းသာရှိသော/ တစ်လွှာတည်းသာရှိသော ဥမင် Lining များ (ယေဘုယျအားဖြင့် Segmental) သည် မြေသားနှင့် နှိုင်းယှဉ်ပါက ပျော့ပြောင်းမှုရှိပြီး (ရွှံ့ပျော့မြေများမှအပ)၊ မြေသားပုံပျက်ယွင်းမှုမှ ဖြစ်ပေါ်လာသော Parasitic Flexural Stresses များကို လျှော့ချပေးနိုင်စေရန် ထို Lining များသည် တတ်နိုင်သမျှ ပါးလွှာအောင် ပြုလုပ်သင့်သည်။ 

၁၁။ ဥမင် Lining အမျိုးအစားရွေးချယ်ရာတွင် မြေသား၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီသော တူးဖော်ရေး နည်းလမ်းပေါ်တွင် မူတည်နေပြီး တပ်ဆင်မည့် အချိန်သည်လည်း အရေးပါလှပါသည်။ Lining များကို အချိန်ကိုက် တပ်ဆင်နိုင်စွမ်းသည် မြေသားပုံပျက်ယွင်းမှုနှင့် Lining Loads များ၏ ပမာဏများအပေါ်တွင် အဓိကအားဖြင့် အကျိုးသက်ရောက်မှုရှိသည်။ 

၁၂။ ဥမင် Lining ၏ အတိုင်းအတာများသည် မြေသား၏၀န်အား (Ground Load) ထက် ရေလုံအောင် ဆောင်ရွက်နိုင်မှု၊ စက်ပစ္စည်းကိရိယာများ သုံးစွဲ/ရရှိနိုင်မှု၊ တည်ဆောက်နိုင်မှု အခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစားသည့် အပေါ်တွင် အဓိက မူတည်ပါသည်။ 

၁၃။ မြေသား၏ ၀န်အား (Ground Loads) နှင့် Passive Pressures များကို ခန့်မှန်းတွက်ချက်ခြင်းများသည် ဥမင် Lining တည်ဆောက်ခြင်း/တပ်ဆင်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီး အခြေအနေများတွင် ထိုနေရာ၌ ဖြစ်ပေါ်လာနိုင်သော မြေသားပုံပျက်ယွင်းမှုများနှင့်ဆက်နွှယ်သည့် ဖိအားပြောင်းလဲခြင်း (Stress redistribution) အပေါ် မူတည်နေသောကြောင့် တိကျသေချာမှု မရှိနိုင်ချေ။ ဥမင်အလျား တလျှောက်တွင် ဖြစ်ပေါ်နေသော Loads နှင့် Pressures များသည် ဥမင်တူးဖော်ရေး ကျွမ်းကျင်မှုနှင့် ဘူမိဗေဒအခြေအနေများကိုလိုက်၍ အမျိုးမျိုးပြောင်းလဲနေပါသည်။ 

၁၄။ ဥမင် Lining အပေါ်သက်ရောက်နေသော အကြီးမားဆုံးသော ၀န်အားသည် ဥမင်တူးစက်၏ Shield jacking loads များ၊ Lining နှင့် မြေသားကို တွဲကပ်ပေးမည့် Grout Pressures များစသည့် တူးဖော်ရေးလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

၁၅။ ဥမင် Lining Rings များအပေါ် သက်ရောက်နေသော Stress များကို သင်္ချာနည်းလမ်းဖြင့် Structural analysis ပြုလုပ်ခြင်း၏ တိကျမှုသည် မြေသားထု၏ Loads နှင့် Support Conditions များကို ခန့်မှန်းတွက်ချက်ခြင်း၏ တိကျမှုထက် များစွာ ပိုမိုသည်။ 

၁၆။ ဥမင် Lining Rings များကို ပတ်လည်ရှိမြေသားနှင့် အနားသတ်ဘောင်ခတ်ထားနိုင်ပါက (တနည်းအားဖြင့် Lining နှင့် မြေသားတို့အကြား နေရာလွတ်မရှိ ထိစပ်တွဲကပ်နေပါက) ဥမင်နံရံသည် မြေသားနှင့်ကွာ၍ Flexural deformation မဖြစ်နိုင်ပေ။ ဥမင် Lining နောက်တွင် Grout မလုပ်ခဲ့မိသော နေရာလွတ်များမရှိဘဲနှင့် Flexural ကြောင့်ဖြစ်သော Lining Structural Failure မဖြစ်နိုင်။

၁၇။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုမရှိခင်တွင် တပ်ဆင်ခဲ့သော Lining အစိတ်အပိုင်းများ၏ Structural Performance ကို Axial thrust ကြောင့် ဥမင် Lining Diameter အပြောင်းအလဲများမှ တိုင်းတာရရှိသော Deformation များကို Analyze ပြုလုပ်ခြင်းဖြင့် ခန့်မှန်းတွက်ချက်နိုင်သည်။ အလားတူ မြေအမျိုးအစားတွင် ယခင်ဥမင်တူးဖော်ခြင်းများမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံ၍သော်လည်းကောင်း၊ တူးဖော်ရေးလိုအပ်ချက်များအဖြစ် သတ်မှတ်၍သော်လည်းကောင်း၊ တိုင်းတာရေးကိရိယာများဖြင့် စောင့်ကြပ်စစ်ဆေး အတည်ပြုခြင်းဖြင့်သော်လည်းကောင်း သင့်တော်သော ဒီဇိုင်းတန်ဖိုးများကို သတ်မှတ်နိုင်သည်။

၁၈။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုရရှိပြီးမှ တပ်ဆင်သော Lining အစိတ်အပိုင်းများအတွက်မူ Axial Loads တစ်ခုတည်းအတွက်သာ ခန့်မှန်းတွက်ချက်နိုင်ပြီး ဥမင်အတွင်း နောက်ထပ်တည်ဆောက်မှုများမှ ဖြစ်လာနိုင်သည့် သက်ရောက်မှုများနှင့် Long-term Ground Squeezing သက်ရောက်မှုများအတွက် Allowances များကို သင့်တော်သလို ထည့်သွင်းစဉ်းစားရမည်။

ဥမင် Lining ဒီဇိုင်းပြုလုပ်ရာတွင် မြေအခြေအနေ ပြောင်းလဲမှုများနှင့် မသေချာမှုများ၊ တူးဖော်ရေး အစီအစဉ်များ၊ တူးဖော်နေစဉ်အတွင်း မြေသား၏ တုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ထိုရှိရင်းစွဲ မသေချာမှုများသည် Lining (Elastic Structural Rings) အပေါ် သက်ရောက်နေသော Stresses များကို သင်္ချာနည်းအားဖြင့် တွက်ချက်ခြင်း၏ တိကျမှုနှင့် သဟဇာတမဖြစ် (အစေးမကပ်)သည့် သဘောလည်းရှိပါသည်။ မည်သို့ပင်ဆိုစေ Economical Lining Design တစ်ခုအတွက် ယုံကြည်စိတ်ချရသော လမ်းညွှန် (Guidance) ဆိုသည်မှာ အမျိုးအစားတူသော မြေမျိုးတွင် ယခင်ကတူးဖော်ခဲ့ပြီးသော ဥမင်ဖောက်လုပ်ရေးအတွေ့အကြုံများအပေါ် အခြေခံခြင်း ဖြစ်ပါသည်။ ထပ်မံ၍ဆိုရသော် ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေကြီးဖြစ်ပါသည်။
The most important part of the tunnel lining is the ground.
Ref: Tunnel Stabilization and Lining, Thomas R. Kuesel, Consulting Engineer, Chairman Emeritus, Parsons Brinckerhoff Quade & Douglas, Inc, "Tunnel Engineering Handbook", 2004.

ရန်ကုန်မြို့ပြ ပြဿနာများ

စာရေးသူ © MyMetro |

ကျွန်​တော်​ပြောချင်​နေခဲ့​တဲ့​ အ​ကြောင်းအရာ​လေးတစ်ခုရှိပါတယ်။ ​ပြောဖို့စိတ်ကူးလိုက်၊ မ​ပြော​တော့​ပါဘူးလို့ ဆုံးဖြတ်လိုက်နဲ့ ​နေလာတာ နှစ်​တွေ​တောင် ​တော်​တော်ကြာပါပြီ။ အခု​တော့​ ​ပြောလိုက်​တော့​မယ်ဗျာ။
Photos by depositphotos.com
အ​ကြောင်းက​တော့​ ရန်ကုန်​မြို့ကြီးနဲ့ ပတ်သက်လို့ပါ။ တခြား​က​မ္ဘာ့မြို့ကြီး​တွေကို အ​ပေါ်စီးက ကြည့်​ရင် အရမ်းလှတာကို ​တွေ့ရမှာပါ။ Urban plan စနစ်​တကျရှိတာ​ရယ်၊ မြို့ပြဗိသုကာဆိုင်ရာ အလှအပ​တွေကို ထိန်းသိမ်းတာ၊ သဘာဝ ပတ်​၀န်းကျင်ကို ထိန်းသိမ်းဖို့​ အမြဲတ​စေ​ကြိုးစား​နေကြ​​တာ​တွေ​ကြောင့်​ ​နေချင်စဖွယ်၊ သွားလည်ချင်စဖွယ်လည်း ဖြစ်ပါ​တယ်။

China Completes Construction of World's Fastest Underwater Railway Tunnel

စာရေးသူ © MyMetro |

တရုတ်နိုင်ငံ၏ ပထမဆုံးသော ရေအောက်ရထားလမ်းဥမင် ဖောက်လုပ်မှုမှာ ယခုနှစ် မတ်လ ၁၂ ရက်နေ့က ပြီးစီးခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် ရထားများကို ၎င်းဥမင်အတွင်းမှ ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရှီကျီယန် (Shiziyang) ဥမင်ဟုခေါ်သော အဆိုပါဥမင်စီမံကိန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ် (Guangdong) ရှိ ပုလဲမြစ်ဝကိုဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည် ၁၀.၈ ကီလိုမီတာ ရှိသည်။ ဥမင်အတွင်း ရထားများကို တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ထိုအမြန်နှုန်းသည် ကမ္ဘာတစ်ဝှန်းရှိ ရေအောက်ဥမင်များတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။

Shotcrete in tunneling

စာရေးသူ © MyMetro |

Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။

Longest rail-tunnels in South-East Asia

စာရေးသူ © MyMetro |

အရှေ့တောင်အာရှတွင် အရှည်ဆုံးဖြစ်လာမည့် ဒေသအခေါ် ဘီရာပစ် (Berapit) အမွှာရထားလမ်းဥမင်များကို မလေးရှားကျွန်းဆွယ် မြောက်ပိုင်းတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၂.၂ ကီလိုမီတာစီ ရှည်လျားသည့် အဆိုပါဥမင်များကို သမားရိုးကျတူးဖော်နည်း ဖြစ်သည့် Drilling and blasting method ကို အသုံးပြုကာ Sandvik DT820-SC ဥမင်တူး jumbos များဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်သည်။

မြေငလျင်လှုပ်သောကြောင့် ငလျင်လှိုင်းများ သက် ရောက်သည့်အခါ (သို့မဟုတ်) လူတို့ပြုလုပ် သော မြေအောက် ဖောက်ခွဲမှု (ဝါ) ဥမင်တူးဖော်မှုများ ပြုလုပ်သည့်အခါ မြေသားထုအတွင်း ဒိုင်နမစ်အား လှိုင်းများ ပျံနှံ့ သက်ရောက်လေ့ရှိပါသည်။ ထိုလှိုင်း များ မြေထုအတွင်း ပျံ့နှံ့သက်ရောက်ပုံကို လွယ်ကူစွာ တွက်ချက်နိုင်ရန်အတွက် လှိုင်းအလျား ၏ ၂ ဆ၊ ၃ဆခန့် ရှိသော အကွာအဝေးတွင် လှိုင်းများကို ဖြစ်ပေါ်စေသော ရင်းမြစ် (source) များကိုထားရှိပြီး တွက်ချက်လေ့ရှိသည်။ Elastic medium အတွင်း လှိုင်းများ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော မြေသားထုအတွင်း အား (stress) နှင့် အရွေ့(Displacement) တို့ ဖြန့်ခွဲ သက်ရောက်ပုံမှာ အတော်အတန် ရှုပ်ထွေးပါသည်။ လှိုင်းများပျံ့နှံစဉ် (wave radiation) အတွင်း အား (stress)များ သက်ရောက်ပုံမှာ လှိုင်းဖြစ်ပေါ်ရာ ရင်းမြစ်၏ အမျိုးအစား၊ ထိုရင်းမြစ်၏ ပတ်လည်ရှိ ထိစပ်နေသော မြေသားဂုဏ်သတ္တိ တို့အပေါ် အဓိက မူတည်နေပါသည်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံတန် မီထရို စီမံကိန်းကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ပမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၈ ခုကို ဆန်ကာတင်စာရင်း တင်သွင်းထားကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် စစ်ဒဏ်ကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုများ မရှိသောကြောင့် ပျက်စီးနေသည့် ဘဂ္ဂဒက်မြို့တော်၏ အခြေခံ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

ရောပ - အာရှဖြတ်ကျော် ရထားကွန်ယက် (Trans-Asian Railways - TAR) သည်ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်အပြန်အလှန် စီးဆင်းမှုရှိစေရန် စီမံဖောက်လုပ်မည့် ရထားလမ်းကွန်ယက် စီမံကိန်းဖြစ်သည်။ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း ကော်မရှင် - (United Nations Economic and Social Commission for Asia and the Pacific - UNESCAP )၏ စီမံကိန်းတခုလည်း ဖြစ်သည်။

ထားဘူတာရုံများနှင့် လမ်းပိုင်းများတွင် လျှပ်စစ်ရထားများ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် အတွက် railway signaling system နှင့် automatic control system တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရထားပို့ဆောင်ရေး လုပ်ငန်းများ၏ signaling system အတွက် အသုံးပြုသော equipments များကို equipments for signaling, centralization and blocking systems ဟုခေါ်ဆိုလေ့ရှိသည်။ စနစ်တစ်ခုလုံးကို မလေ့လာမီ အရေးကြီးသော အခေါ်အဝေါ်များဖြစ်သည့် signal၊ signaling၊ centralization၊ blocking စသည်တို့ကို စတင် မိတ်ဆက်လိုပါသည်။

နိဒါန်း
ယနေ့ခေတ် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာသည့်အလျောက် လျှပ်စစ်နှင့်ပတ်သက်သော မတော်တဆ ထိခိုက်မှုများ၊ လျှပ်စစ်အန္တရာယ်များကိုလည်း တွေ့ကြုံလာကြရပါသည်။ ထို့ကြောင့် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့် အခြေခံဗဟုသုတများကို လျှပ်စစ်ပစ္စည်း ကိရိယာများနှင့် ထိတွေ့အသုံးပြုနေသူတိုင်း သိရှိထားသင့်ပါသည်။ ဤဆောင်းပါးတွင် စာရေးသူ ယခုပြုစုနေသည့် စာတမ်း၏ တစိတ်တပိုင်း ဖြစ်သော လျှပ်စစ်ဓာတ်လိုက်ခြင်းနှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် မြေအောက်ရထား ဘူတာရုံများ၊ မြေအောက်ဥမင်များရှိ လျှပ်စစ်ဓာတ်အားပေးသည့် စနစ်တွင် လျှပ်စစ်အန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်း အပိုင်းမှ အချို့ကို မိတ်ဆက် ရေးသားထားပါသည်။

မော်စကို မီထရို ဗုံးပေါက်ကွဲ

စာရေးသူ © MyMetro |

ရုရှားနိုင်ငံ၊ မော်စကိုမြို့ မီထရိုတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားရာ လူ ၃၅ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ အမျိုသမီး အသေခံဗုံးခွဲသူ ၂ ဦးက ခရီးသည် အသွားအလာ ထူထပ်များပြားသော တနင်္လာနေ့ မနက်ပိုင်းအချိန်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများသည် မော်စကို မြို့လယ်နေရာများဖြစ်သော ဒူးမားလွှတ်တော်၊ မော်စကို ရင်ပြင်နီ စသည့်အထင်ကရ နေရာများမှ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးကာ ရုံးများ၊ ဈေးဆိုင်များ၊ ကျောင်းများ တည်ရှိပြီး အသွားအလာ ရှုပ်ထွေးသည့် နေရာများဖြစ်သည်။


နေ့ကာလတွင် တိုးပွားလာသော လူဦးရေနှင့်အတူ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့် အခွင့်အလမ်းများကြောင့် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချမှုများ ပိုမိုများပြားလာခဲ့ရာ မြို့ကြီးများ၏ မြို့ပြဧရိယာမှာလည်း တနေ့တခြား ပိုမိုကျယ်ပြန့်လာပါသည်။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.