* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Shotcrete in tunneling

စာရေးသူ © MyMetro |

Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။


သို့သော် Shotcrete မှာ ပင်ကိုယ်အားဖြင့် ကြွပ်ဆက်သော သဘောရှိသောကြောင့် မြေသားပင့်ထောက်မှုအတွက် အသုံးပြုရာတွင် tension ဒဏ်၊ မာကြောမှုနှင့် ပျော့ပျောင်းမှု (flexibility) ရရှိရန်အတွက် အားဖြည့်မှု (reinforcement) များထည့်သွင်းရန် လိုအပ်ပေမည်။ သို့အတွက် သံဇကာကွက် သို့မဟုတ် ဝါယာဖိုင်ဘာမျှင်များကို reinforcement အဖြစ် တပ်ဆင် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် steel fiber များကို ဘိလပ်မြေ၊ ကျောက်တို့နှင့် ရောနှော၍ reinforcement အနေဖြင့် အသုံးပြုလာကြသည်။ Steel fiber reinforced shotcrete (SFRS) ကို ၁၉၇၂ ခုနှစ်များက မြောက်အမေရိကတွင် ဖောက်လုပ်ခဲ့သော ဥမင်များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် မာကျောမှုနှင့် ကွေးညွှတ်မှု ခံနိုင်အားများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး shotcrete အလွှာများ၏ ဒဏ်ခံနိုင်မှု (fatigue) နှင့် ရိုက်ခတ်မှု ခံနိုင်အား (impact resistance) များလည်း ပိုမိုကောင်းမွန်လာသည်။

ယခုလက်ရှိ Shotcrete ၏ ဖြစ်ပေါ်တိုးတက်မှုများမှာ admixtures များထည့်သွင်း အသုံးပြုလာခြင်းဖြစ်သည်။ အထူးသဖြင့် မိုက်ခရိုဆီလီကာ (microsilica) များ ထည့်သွင်း အသုံးပြုလာပြီး ၎င်းသည် shotcrete ပက်ဖျန်းစဉ် ပြန်ကန်လွင့်စင်ထွက်မှုကို ကောင်းစွာလျှော့ချပေးပြီး သိပ်သည်းဆ၊ မာကျောမှုအားနှင့် ရေလုံမှု(ရေစိမ့်ဝင်မှု) တို့ကို ပိုမိုကောင်းမွန်လာစေသည်။


အသုံးပြုပုံများ။ Shotcrete ကို ဥမင်များနှင့် တွင်း(shaft) များတူးဖော်စတွင် ကနဦး မြေသားပင့်ထောက်မှု လုပ်ငန်းအဖြစ် အသုံးပြုကြသည်။ တူးဖော်ထားသော ကျောက်သား(မြေသား) မျက်နှာပြင်ပေါ်သို့ ၂ လက်မမှ ၄ လက်မအထူ ရှိသော အလွှာရအောင် မှုတ်ဖျန်းခြင်း ဖြစ်ပြီး ၎င်း၏ setting time မှာ ထည့်သွင်း အသုံးပြုထားသော accelerator များပေါ်တွင် မူတည်၍ မိနစ် အနည်းငယ်မှသည် နာရီအနည်းငယ်အထိ ကြာမြင့်တတ်သည်။ မိုင်းဖောက်ခွဲ၍ တူးဖော်သော ဥမင်လုပ်ငန်းများတွင် shotcrete ဖြင့် မညီညာသော ဥမင်မျက်နှာပြင်များ၊ ဖောက်ခွဲရာတွင် ပိုသွားသော နေရာများကို ချောမွတ်စေခြင်း၊ ဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် မညီညာသော မျက်နှာပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် shear ကြောင့် မြေပြိုကျမှုများ၊ အလွှာလိုက် ရွေ့လျားမှုများ၊ မျက်နှာပြင်ရှိ ကျောက်သားများ ပွကာ ဖွာထွက်ကျခြင်းများကိုလည်း တားဆီးပေးသည်။ ထို့အတူ ကျောက်သား မျက်နှာပြင်တွင် ရှိသော ရေငွေ့ပါဝင်နှုန်းကြောင့် ဖြစ်ပေါ်သော မြေသားပွခြင်း၊ ကျုံ့ခြင်းများကိုလည်း တားဆီးပေးသည်။ Shotcrete သည် မြေအမျိုးအစား မကောင်းသည့် နေရာမျိုးတွင် rock bolts (သို့) dowels များ၊ ရံဖန်ရံခါ steel ribs များ၊ lattice girders များပါ ပေါင်းစပ် ထည့်သွင်းအသုံးပြုရသည့် SEM ဥမင်ဖောက်လုပ်နည်းဖြင့် ဆောက်လုပ်သည့် အခါမျိုးတွင် မရှိမဖြစ် အသုံးဝင်သော ပစ္စည်းဖြစ်သည်။
Related links:

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Neo23 March 21, 2011 at 6:42 PM  

    သဘောကျတယ်ဗျာ..တင်ပြပုံတွေကို..စောင့်မျှော်ဖတ်ရှုလျက်ပါ..

  2. zaw November 25, 2011 at 4:50 AM  

    ကျေးဇူးပါဘဲဗျာ..

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.