* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

China Completes Construction of World's Fastest Underwater Railway Tunnel

စာရေးသူ © MyMetro |

တရုတ်နိုင်ငံ၏ ပထမဆုံးသော ရေအောက်ရထားလမ်းဥမင် ဖောက်လုပ်မှုမှာ ယခုနှစ် မတ်လ ၁၂ ရက်နေ့က ပြီးစီးခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် ရထားများကို ၎င်းဥမင်အတွင်းမှ ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရှီကျီယန် (Shiziyang) ဥမင်ဟုခေါ်သော အဆိုပါဥမင်စီမံကိန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ် (Guangdong) ရှိ ပုလဲမြစ်ဝကိုဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည် ၁၀.၈ ကီလိုမီတာ ရှိသည်။ ဥမင်အတွင်း ရထားများကို တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ထိုအမြန်နှုန်းသည် ကမ္ဘာတစ်ဝှန်းရှိ ရေအောက်ဥမင်များတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။


ဤဥမင်သည် တရုတ်နိုင်ငံ၏ အရှည်ဆုံးဥမင်လည်းဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း စီးပွားရေးအချက်အချာဖြစ်သော ကွမ်တုံးပြည်နယ်ရှိ ကွမ်ကျိုး (Guangzhou)မြို့၊ ရှန်ကျန်း (Shenzhen)မြို့နှင့် ဟောင်ကောင်တို့ကို ဆက်သွယ်ပေးမည့် ၁၄၀ ကီလိုမီတာ ရှည်လျားသော အမြန်ရထားလမ်း၏ အရေးပါသော လမ်းပိုင်းတစ်ခုဖြစ်သည်။

ရှီကျီယန်ဥမင်ကို ရေအောင်အနက် မီတာ ၆၀ တွင် အကြီးစားဥမင်တူးစက်များ (shield machines) အသုံးပြု တူးဖော်ခဲ့ကြောင်း စီမံကိန်းမန်နေဂျာ လျိုကွမ်ဂျင်း (Liu Guangjun) ကပြောကြားခဲ့သည်။

ဥမင်တူးဖော်ရေးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ပြီး ကွမ်ကျိုး-ရှန်ကျန်း-ဟောင်ကောင် အမြန်ရထားလမ်းကို ၂၀၁၂ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ရန် စီမံထားသည်။ ၎င်းသည် ကွမ်ကျိုးမှ ဟောင်ကောင်သို့ လက်ရှိတွင် ၂ နာရီကျော်ကြာသွားရသော ခရီးကို မိနစ် ၄၀ တည်းဖြင့် ခရီးသွားချိန်ကို ချုံ့ပစ်နိုင်မည် ဖြစ်သည်။ ဤအမြန်ရထားလမ်းကို တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ယက်တွင် ချိတ်ဆက်ပြီးပါက ခရီးသည်များကို ဘေဂျင်းမှ ဟောင်ကောင်သို့ ခရီးသွားချိန် ၈ နာရီဖြင့် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ 
[Source: www.xinhuanet.com]

Print ပရင့်ထုတ်ရန်
1 ထင်မြင်ချက်၊
  1. PhyoPhyo September 9, 2013 at 11:51 PM  

    ဒီ ဘလောဂ့်လေးကို(Metro)လိုင်းတွေအကြောင်း သိရလို့ စာရေးသူကို ကျေးဇူးအများကြီးတင်ပါတယ်။ စိတ်ဝင်စားစရာပါပဲ။ ဖတ်စရာတွေအများကြီးပဲ။ အချိန်ရသလောက် ကြိုးစားပြီးပိုစ့်တွေဖတ်ပါဦးမယ်။
    facebook က Myanmar Blogs Digest (community) page လေးကနေ စာလာဖတ်တာပါ။
    Bless you.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.