* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံတန် မီထရို စီမံကိန်းကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ပမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၈ ခုကို ဆန်ကာတင်စာရင်း တင်သွင်းထားကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် စစ်ဒဏ်ကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုများ မရှိသောကြောင့် ပျက်စီးနေသည့် ဘဂ္ဂဒက်မြို့တော်၏ အခြေခံ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

ဗြိတိသျှ အင်ဂျင်နီယာဆိုင်ရာ အကြံပေး ကုမ္ပဏီ (British engineering consultancy firm WS Atkins (ATKW.L) နှင့် အမေရိကန်မှ U.S. project management company Versar (VSR.A) ကုမ္ပဏီတို့သည်လည်း အဆိုပါ စီမံကိန်းအတွက် ဈေးပြိုင် အဆိုပြုချက်များကို စီမံကိန်း၏ အကြံပေးအဖွဲ့ဖြစ်သော French engineering group Systra ထံသို့ တင်သွင်းကြမည် ဖြစ်ကြောင်း ဘဂ္ဂဒက်မြူနီစပါယ် မီဒီယာရုံးမှ ပြောကြားခဲ့သည်။

ကျန်ကုမ္ပဏီ ၆ ခုမှာ အင်္ဂလိပ်ကုမ္ပဏီများ ဖြစ်ကြသော a consortium of British project managers Halcrow Group၊ Mott MacDonald နှင့် Arup၊ ဂျာမန်ကုမ္ပဏီ Dorsch၊ ဖင်လန်ကုမ္ပဏီ Finnish engineering and consulting group Poyry (POY1V.HE)၊ အီတလီမှ Torno and IECMB နှင့် အမေရိကန်မှ Parsons Brinckerhoff ကုမ္ပဏီတို့ ဖြစ်ကြသည်။ 

ယခုတည်ဆောက်မည့် မီထရိုလိုင်းသည် ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံစားနေရသော ဘဂ္ဂဒက်လမ်းမများ၏ ပြဿနာကို ကြီးမားသော အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း မီဒီယာရုံး၏ ကြေငြာချက်တွင် ဖော်ပြထားသည်။ အမေရိကန်တို့ အီရတ်ကို ၂၀၀၃ ခုနှစ်က ကျူးကျော်ခဲ့ပြီးနောက်ပိုင်း တိုးပွားလာခဲ့သော ယာဉ်စီးရေကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ အကြီးအကျယ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ 

ဘဂ္ဂဒက်မြို့တော်ရှိ ခရီးသည်အများစုမှာ ဘတ်စ်ကားနှင့် တက်စီများပေါ်တွင်သာ မှီခိုနေရသည်ဖြစ်ရာ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့်လည်းကောင်း၊ မြို့တော်တစ်ဝန်းတွင်ရှိသော လုံခြုံရေးဂိတ်များတွင် စီတန်း အစစ်ခံရမှုကြောင့်လည်းကောင်း ခရီးတိုလေးများကိုပင် နာရီပေါင်းများစွာ ကြာအောင် စီးနင်း သွားလာကြရသည်။

မြေအောက်ရထားလမ်း စီမံကိန်းကို ၁၉၈၀ ပြည့်လွန် နှစ်များကတည်းက စတင်ရေးဆွဲခဲ့သော်လည်း အီရန်-အီရတ် စစ်ပွဲနှင့် ပြည်ပ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်ရာ အကယ်၍သာ ဤစီမံကိန်း အောင်မြင်ပြီးစီးပါက စစ်ဘေးဒဏ်သင့် နိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်သော မီထရို စီမံကိန်းတစ်ခု ဖြစ်ပေလိမ့်မည်။ 

လွန်ခဲ့သော နှစ်နှစ်မှစ၍ အီရတ်တွင် အကြမ်းဖက်မှုများ တစ်စတစ်စ ကျဆင်းလာခဲ့ခြင်းကလည်း ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် စစ်ကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို ပြန်လည် တည်ဆောက်ခွင့်ပေးရန် အီရတ်အစိုးရကို အခွင့်အလမ်း ရစေခဲ့သည်။ 

ပထမဆုံး မီထရိုလိုင်းသည် ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှည်လျားပြီး ဘူတာရုံ ၂၁ ပါဝင်မည်ဖြစ်ကာ ဘဂ္ဂဒက်မြို့လယ် al-Mesbah အရပ်မှ စတင်မည်ဖြစ်သည်။ ထို့နောက် အဆိုပါလိုင်းသည် မီထရို လိုင်းခွဲငယ် ၂ ခုအဖြစ် ထပ်မံခွဲသွားမည် ဖြစ်သည်။ လိုင်းငယ် တစ်ခုသည် ဘဂ္ဂဒက်မြို့ အနောက်ပိုင်း Weshash တွင် အဆုံးသတ်မည် ဖြစ်ပြီး ကျန်လိုင်းငယ်တစ်ခုမှာ အနောက်တောင်ဘက်ရှိ Bayaa ဧရိယာကို ချိတ်ဆက်ပေးမည် ဖြစ်သည်။ 

ဒုတိယမြောက် မီထရိုလိုင်းမှာ ၁၈ ကီလိုမီတာ (၁၁.၂ မိုင်) ရှည်လျားပြီး ဘူတာရုံ ၂၀ ပါရှိမည် ဖြစ်သည်။ ထိုလိုင်းသည် ဘဂ္ဂဒက်မြို့ အရှေ့မြောက်ဘက် Sadr City ခရိုင်မှ စတင်ကာ ဘဂ္ဂဒက်မြို့လယ်ကို ဖြတ်၍ မြောက်ပိုင်းရှိ Adhamiya ဧရိယာတွင် အဆုံးသတ်မည် ဖြစ်သည်။

Ref: Reuters

Print ပရင့်ထုတ်ရန်
8 ထင်မြင်ချက်၊
  1. Anonymous June 1, 2010 at 11:42 AM  

    အော်၊ အီရတ်တောင် ပြာပုံက ထလာဘီ ...
    တိုနိုင်ငံမှာတော့ ပြာပုံထဲ ပိုပိုတိုးဝင်နေလေတော့၊ ဘယ်တော့များမှ မက်ထရိုဆိုတာမြင်ရပါ့မလဲ ... ဒီတသက်မှီပါတော့မလား ...

  2. MyMetro June 2, 2010 at 1:25 AM  

    လူတစ်သက် မပြောနဲ့၊ ဘုရားသခင်တောင် ငိုသွားမယ်...။ သူတောင် မှီမှာမဟုတ်ဘူး...း)

  3. mg July 16, 2010 at 4:50 PM  

    မြန်မာနိုင်ငံမှာရော Metro ဆောက်လို့ရမယ့်အခြေနေရှိပါသလား?ဆောက်လို့ရနိုင်တယ်ဆိုရင် ယနေ့ချိန်ထိ ဘာကြောင့် မဆောက်သေးတာလဲ?လူကြောင့်လား ငွေကြောင့်လား နည်းပညာကြောင့်လား ဘာအခက်တွေရှိနေပါသလဲ?သိရှိရင် ပြောပြစေလိုပါသည်

  4. MyMetro July 17, 2010 at 2:23 PM  

    မြန်မာပြည်မှာလဲ Metro ဆောက်လို့ရမယ့် အခြေအနေရှိပါတယ်။ ဘာကြောင့် ဒီနေ့ထိမဆောက်သေးတာလဲဆိုရင် တခြားနိုင်ငံတွေလို သယ်/ပို့ပြဿနာ အရမ်းမဆိုးသေးလို့ အရေးတကြီး မစဉ်းစားကြသေးတာပါ။ လူအရင်းမြစ်၊ ငွေနဲ့ နည်းပညာ သုံးခုလုံး ရှိနေရင်တော့ ကိုယ်တိုင်ဆောက်လို့ရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး ငွေရှိရင် ကျန်တဲ့နှစ်ခုမရှိလည်း သူများကိုခေါ်ပြီး ဆောက်ခိုင်းလည်း ရတာပါပဲ။

  5. Anonymous August 26, 2010 at 1:24 PM  

    မြန်မာပြည်မှာ Metro မပြောနဲ့ အိမ်နီးချင်းနိုင်ငံကိုတောင် ဝယ်နိုင်တယ်... အားလုံးပြည့်စုံပြီးသား... ကိုယ့်အိမ်မှာတောင် ဘာလိုတယ်၊ ဘာလုပ်သင့်တယ် ဆိုတာကိုယ်ကိုယ်တိုင်သိတယ်။ ဒါတွေပြောရင် ဒေါတွေပါလာလိမ့်မယ်... Metro ဆောက်နိုင်အောင် ကျနော်တို့ ပြည်သူတွေမှာ တာဝန်ရှိတယ်... စဉ်းစား~~~~ စဉ်းစား....

  6. Unknown July 16, 2011 at 10:02 PM  

    မြန်မာပြည်မှာ မက်ထရိုဆောက်ဘို့ထက်....ကျောင်းသားတွေ စာကျက်ဘို့
    လျှပ်စစ်မီးပုံမှန်ပေးဘို့ အယင်ကြိုးစား...ဒီကျောင်းသားတွေ နိုင်ငံတကာနဲ့
    ယှဉ်နိုင်ဘီ...အဆင့်အတန်းမြင့်လာဘီဆိုမှ....သူတို့အားနဲ့ မက်ထရိုလုပ်မယ်..
    ဒီအချိန်မှာ သစ်တောတွေ တွင်းထွက်တွေ အကုန်ကုန်လို့..ငွေပြတ်နေလောက်ဘီ.

  7. Wai Min November 11, 2011 at 4:12 AM  

    မျှဝေပေးတာကို ကျေးဇူးတင်ပါတယ်..ဒါတွေကိုအပြင်မှာ.တကူးတက ဖတ်ရဖို့
    မလွယ်ပါဘူး...ကျွန်တော့်အတွက်တန်ဖိုးအများကြီးရှိပါတယ်

  8. Wai Min November 11, 2011 at 4:14 AM  

    PS.ဒီ.ဆောင်းပါးတစ်ခုတည်းအတွက်ပြောတာမဟုတ်ဘူးနော်.ဆိုဒ်တစ်ခုလုံးအတွက်ပြောတာပါ

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.