ရ
ထားတစ်စီး ပြေးဆွဲဖို့ အဓိကကျတဲ့ အစိတ်အပိုင်းတွေထဲမှာ Electric traction ပိုင်းဟာလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ Electric traction ဆိုတာကတော့ ဆွဲအားကောင်းတဲ့ Traction motor များကို ဆိုလိုတာပါ။ ဒါကြောင့် ၎င်း Traction motor များကို မီးရထားများမှာ တပ်ဆင် အသုံးပြုကြပါတယ်။ ရထားတစ်စီးရဲ့ အမြန်နှုန်း သတ်မှတ်ရာမှာ ၎င်း motor များရဲ့ power ဟာလည်း တစိတ်တဒေသ ပါဝင်ပါတယ်။ ဒီနေရာမှာ ၎င်း Traction motor များ အကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။
Locomotive လို့ခေါ်တဲ့ မီးရထားခေါင်းတွဲများမှာ Traction motor ၄ လုံး သို့မဟုတ် ၆ လုံးကို Series သို့မဟုတ် parallel ဖြင့် ချိတ်ဆက် တပ်ဆင် အသုံးပြုလေ့ ရှိကြပါတယ်။ ၎င်း Traction motor တစ်လုံးစီရဲ့ ပါဝါကတော့ ၅၀၀ မှ ၁၅၀၀ ကီလိုဝပ်အထိ ရှိနိုင်ပါတယ်။ Traction motor အရေအတွက် ပေါ်မှာလည်း မူတည်ပါတယ်။ သာမန် locomotive များကိုတော့ ၁၁၀-၁၂၀ ကီလိုမီတာ/နာရီ မောင်းနှင်နိုင်အောင် တည်ဆောက် ထားကြပါတယ်။ (ယခု နောက်ဆုံးပေါ်ရထားများ ဖြစ်တဲ့ TGV (ပြင်သစ်)၊ Shinkansan(ဂျပန်)၊ Amtrak (အမေရိကန်) ရထားများ မပါဝင်ပါ။)
Electric Train (လျှပ်စစ်ရထား) မှာကျတော့ ယခင်သမရိုးကျ ရထားများမှာလို လေးလံတဲ့ ရထားခေါင်းတွဲကြီးများ မလိုအပ်တော့ပါဘူး။ ထိန်းချုပ် မောင်းနှင်တွဲ တစ်တွဲသာ လိုအပ်ပါတယ်။ ရထားတွဲ တစ်တွဲစီရဲ့ ကိုယ်ထည် အောက်မှာပင် Traction motor ၄ လုံးစီတပ်ဆင်ထားပြီး ၎င်းတို့ရဲ့ power ကတော့ ၄x၁၁၄ ကီလိုဝပ်အထိ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံချင်း အလိုက် စံနှုန်းများပေါ် မူတည်ပြီးတော့ ရထားတွဲ ၄ တွဲမှ ၈ တွဲအထိ တည်ဆောက်ကြပါတယ်။ တစ်နာရီ အမြန်နှုန်း ၈၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် ယခု မီထရိုပိုလီတန်များမှာ အသုံးပြုနေတဲ့ ရထားများကဲ့သို့ ဖြစ်ပါတယ်။
ယခင်က Traction motor များကို commutator နဲ့ Brush ပါသော အမျိုးအစားများကို အသုံးပြုကြသော်လည်း နည်းပညာ တိုးတက်လာသည် နှင့်အမျှ ယခုအခါ Induction type motor များကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒီမော်တာ များမှာတော့ Commutator နဲ့ Brush မပါတဲ့အတွက် losses များ လျော့နည်းသွားပါတယ်။ ဒါကတော့ အကြမ်းဖျဉ်း တွက်ချက်မှုများအရ ပြောတာပါ။ ၎င်းမော်တာများဟာ Constant velocity များအတွက် အလွန် သင့်လျော်ပါတယ်။ ဒါ့အပြင် Break system ကို အသုံးပြုနေတဲ့ အချိန်မှာ Generator သဘောမျိုးလည်း ထမ်းဆောင် ပေးနိုင်ပါသေးသည်။
လျှပ်စစ်ဓာတ်အားကို အသုံးပြုရာမှာ အများသိပြီးဖြစ်တဲ့ AC နဲ့ DC နှစ်မျိုးလုံးကို အသုံးပြုကြပါတယ်။ Locomotive များမှာ DC ကို သုံးမည်ဆိုပါက ပိုမိုတန်ဖိုးကြီးတဲ့ IGBT Transistor များ လိုအပ်ပါတယ်။ Metropolitan များမှာ အသုံးပြုနေတဲ့ ရထားများမှာတော့ DC traction motor များကို အသုံးပြုကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြေအောက်ဥမင် လိုဏ်ခေါင်းအတွင်းမှာ ဖြစ်တဲ့အတွက် မြေပေါ်ရထားများလို ကောင်းကင်မှ လျှပ်စစ်ကြိုးဖြင့် ဓာတ်အားရယူရန် အခက်အခဲ ရှိသည့်အတွက် ရိုးရိုးရထား သံလမ်းဘေးတွင် နောက်ထပ် အပိုသံလမ်း(Third rail) ကိုတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုရတဲ့ အတွက် ဖြစ်ပါတယ်။ သူရဲ့ အားသာချက်ကတော့ Control system များအတွက် အထူးကောင်းမွန် သောကြောင့် ဖြစ်ပါတယ်။ ၎င်းရထားများမှာ တော့ IGBT transistor များ မလိုအပ်တော့ပါဘူး။
ဥရောပ၊ အမေရိကနဲ့ အာရှနိုင်ငံ အချို့မှာ လျှပ်စစ်ဓာတ်အားသုံး ရထားများ အသုံးပြုနေတာ ဆယ်စုနှစ်မက ကြာပြီ ဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်မှာ ဒီဇယ် ရထားများကိုသာ အသုံးပြုနိုင် ပါသေးတယ်။ ဒီဇယ်ရထားများကိုသာ အသုံးပြု နေရသေးသည့် အတွက် ရထားကို ပြုပြင် ထိန်းသိမ်းတဲ့ နေရာမှာ လိုအပ်တဲ့ ပစ္စည်းများ ဥပမာ Generator ကဲ့သို့ တန်ဖိုးကြီးမားတဲ့ ပစ္စည်းများနဲ့ လောင်စာစွမ်းအင် အတွက် စရိတ်များစွာ ပိုမိုကုန်ကျလျက် ရှိနေပါတယ်။ တကယ်လို့သာ လျှပ်စစ်ရထားကို အသုံးပြုနိုင်မည် ဆိုပါက မြန်မာနိုင်ငံရဲ့ သယ်ယူ ပို့ဆောင်ရေးစနစ်ဟာ ပိုမို မြန်ဆန် ချောမွေ့လာမှာ ဖြစ်သလို ယနေ့ ကမ္ဘာ့မှာ hot ဖြစ်နေတဲ့ စွမ်းအင် ပြဿနာကိုလည်း အတော်အတန် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ယနေ့ အချိန်အခါမှာ ပြည်တွင်းမှာပဲ ကိုယ်ပိုင် ဒီဇယ်ရထား စက်ခေါင်းကို ထုတ်လုပ် နိုင်ပြီဆိုတာ မြန်မာ့မီးရထား ကဏ္ဍအတွက် ၀မ်းသားစရာ သတင်းကောင်းပါ။ နည်းပညာအခြေအနေ၊ ဘဏ္ဍာရေး၊ လူ့အရင်းအမြစ်များအရ မိမိတို့အနေနဲ့ သူများနိုင်ငံတွေလို လျှပ်စစ်ရထားတွေ မထုတ်လုပ်နိုင်သေးပေမဲ့ ဒီဇယ်စက်ခေါင်း တစ်လုံးကို ပြည်တွင်းမှာပဲ ကိုယ်ပိုင်တပ်ဆင် ထုတ်လုပ်လာနိုင်ခြင်းဟာ မီးရထားကဏ္ဍ အဆင့်မြင့်တင်နိုင်ဖို့ အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်လို့ မြင်မိပါတယ်။ ရထားရဲ့ အချို့အစိတ်အပိုင်းများကို ပြည်ပကနေ မှာယူတင်သွင်း နေရသော်လည်း နောင်တစ်ချိန်မှာ ရထားတစ်စီးလုံးကို ပြည်တွင်းမှာပဲ ထုတ်လုပ် လာနိုင်မည်ဟုလည်း ယုံကြည်ပါတယ်။ လက်ရှိပြည်တွင်းမှာ ပြေးဆွဲနေတဲ့ ရထားစက်ခေါင်းများဟာ တစ်နာရီကို ၁၁၀-၁၂၀ ကီလိုမီတာ အထိမောင်းနှင် နိုင်စွမ်းရှိပါတယ်။
ဤကဲ့သို့ စွမ်းအားပြည့် မမောင်းနှင်နိုင်ရခြင်း၏ အဓိက ပြဿနာမှာ လမ်းပိုင်းကြံ့ခိုင်မှု မကောင်းခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသော ရထားလမ်း၏ အကျယ်မှာ ၁၀၀၀ မီလီမီတာသာ ရှိပါတယ်။ နိုင်ငံတကာမှာတော့ ၁၄၅၀ မီလီမီတာ အကျယ်ကို အနိမ့်ဆုံး စံနှုန်း ထား၍ အသုံးပြုနေကြပါတယ်။ အများဆုံး ရထားလမ်း အကျယ်မှာ ၁၅၂၀ မီလီမီတာ ထိရှိပါတယ်။ သို့မှသာ ရထားပြေးဆွဲရာတွင် တည်ငြိမ်မှု ပိုမိုရှိစေပါတယ်။ ဒါ့အပြင် ရထားလမ်းခင်းသည့် နည်းပညာပိုင်းမှာလည်း ကျွန်တော်တို့ နိုင်ငံအနေဖြင့် အားနည်းမှုများ ရှိပါသည်။ အရည်အသွေး ပြည့်စုံသည့် ရထားလမ်းတစ်ခု ဖောက်လုပ် နိုင်ဖို့အတွက် လိုအပ်ချက်များ ရှိနေပါသေးသည်။ ထိုသို့ ရထားလမ်းပိုင်းများ ကြံ့ခိုင်မှု မကောင်းသည့်အတွက် မြန်မာနိုင်ငံမှာ ရထားများကို တစ်နာရီလျှင် ၃၅-၄၅ ကီလိုမီတာ နှုန်းဖြင့်သာ မောင်းနှင်နိုင်ပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံ၏ ရထားလမ်းများကို မြေလှန်ပစ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သေးပါဘူး။ ထို့ကြောင့် ကျွန်တော်တို့ အနေဖြင့် မြန်မာ့မီးရထား ကဏ္ဍကို အဆင့်မြင့်နိုင်ဖို့ နည်းလမ်းများကို အလေးအနက် ထားပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပို့ဆောင် ဆက်သွယ်ရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သွားလာမှု အဆင်ပြေ လုံခြုံ ချောမွေ့ တိကျ မြန်ဆန်သော ပို့ဆောင်ရေးစနစ် ရှိမှသာ ပြည်သူများအနေဖြင့် သက်တောင့်သက်သာ သွားလာနိုင်မှာ ဖြစ်သလို ကုန်စည် စီးဆင်းမှုလည်း မြန်ဆန် ချောမွေ့လာပြီး နိုင်ငံရဲ့ စီးပွားရေးဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်မှာ ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
ပရင့်ထုတ်ရန်

IGBT transistor ma use ya yin tot ...a kg sone pop byar ...you use tae IGBT ko ..I thi tal naw ...ma lote par nae ...My Country lae ..Mwae twar par ohn mal ..he he :P
Bro...di nay tot metropolitan akyaung ko ma phyit ma nay ko read nay ya pee..Fri tot arr lone phay ng pe bro yay..ako ko lite shar thay tal..ma see bu...sar may ma lot :P