T
unneling & Metropolitan ဘာသာရပ်များကို သင်ကြားနေတဲ့ ကျောင်းသားများအတွက် စာအုပ်ကောင်း တစ်အုပ်ကို ညွှန်းချင်ပါတယ်။ ဒီစာအုပ်ကတော့ ၁၉၉၆ ခုနှစ်၊ ဧပြီလအတွင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်၊ဒီ၊စီမြို့မှာ ကျင်းပခဲ့တဲ့ North American Tunneling ’96 Conference နဲ့ ၂၂ ကြိမ်မြောက် International Tunneling Association ရဲ့ အထွေထွေ ညီလာခံမှာ ဖတ်ကြားတင်သွင်းတဲ့ စာတမ်းများကို ပြန်လည် ရေးသားပြုစု ထားတဲ့ စာအုပ်ဖြစ်ပါတယ်။စာတမ်းများထဲမှာ ဥမင် ဖောက်လုပ်ခြင်းဆိုင်ရာ နည်းပညာ အသစ်များ၊ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းသုံး materials များနဲ့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံများ၊ မြေအောက် မီဂါ စီမံကိန်းကြီးများ၊ အဖိုးနည်း မြေအောက် အဆောက်အအုံများ ဆောက်လုပ်ခြင်း နည်းလမ်းများ၊ ပတ်ဝန်းထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများနှင့် underground solutions များ၊ မြေအောက် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း နည်းပညာများ၊ Trenchless technology အသုံးချနည်းများ၊ မြေအောက် အဆောက်အအုံများ၏ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများ ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ပေါ်လစီ၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စတဲ့ ကဏ္ဍပေါင်းစုံ ပါဝင်ပါတယ်။

Download Book link-1
Download Book link-2
I
nternational Tunneling Accociation ကနောက်ဆုံး ထုတ်ဝေလိုက်တဲ့ Tunnel Boring Machines တွေနဲ့ ပတ်သတ်တဲ့ စကားလုံး အဓိပ္ပယ်ဖွင့်ဆိုချက်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမန်၊ ဂျပန် နဲ့ တရုတ်ဘာသာ စကားတွေနဲ့ ရေးသားထားပါတယ်။ ဒါကြောင့်မို့လို့ ဥမင်တူးဖော်စက်တွေနဲ့ ပတ်သတ်လို့ ကွဲလွဲမှု နည်းပါးသွားလိမ့်မယ်လို့ ထင်ပါတယ်။ Tunnel ကျောင်းသားများအတွက် အထောက်အကူဖြစ်စေဖို့ PDF format နဲ့ တင်ပေးထားပါတယ်။ အောက်မှာပါတဲ့ လင့်ခ်ကနေ ဒေါင်းလုပ် ဆွဲချပြီး လေ့လာနိုင်ပါတယ်။
Download TBM Glossary


Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld