မီ
မီထရိုထဲကနေ ရထား စက်ခေါင်းပြင်စက်ရုံကို ပြန်ထွက်တာကို ပြထားတဲ့ ဗီဒီယိုလေးပါ။ ရထား ဥမင်လိုဏ်ခေါင်း တလျှောက် မှာတွေ့ရတဲ့ သင်္ကေတများ၊ မီးပွိုင့်များနဲ့ လုပ်ဆောင်ရမယ့် အလုပ်များကို ရှင်းလင်း ပြသထားပါတယ်။ ရထားမောင်းသူတွေ အတွက် အဓိက ရည်ရွယ်ပါတယ်။ ဒါပေမယ့် မီထရိုဥမင် လိုဏ်ခေါင်းတစ်ခုရဲ့ အတွင်းပိုင်းနဲ့ မီထရို စက်ခေါင်းပြင် စက်ရုံကိုပါ မြင်တွေ့နိုင်တဲ့ အတွက် မီထရို ပိုလီတန် ကျောင်းသားများ အတွက်လည်း ဗဟုသုတ ရနိုင်စရာ ဗီဒီယို ဖြစ်ပါတယ်။ ရုရှား Depot တစ်ခုဖြစ်တဲ့ http://www.deposviblovo.ru/index.htm ကနေ ဒေါင်းလုပ်ချထားပြီး Google video မှာ ပြန်တင်ထားတာ ဖြစ်ပါတယ်။ ကြည့်ရှုလေ့လာ လိုက်ပါအုံး။
နောက်ထပ် ဗီဒီယိုတစ်ခုကတော့ မီထရို ရထာမောင်းသူ တစ်ယောက်ရဲ့ အမြင်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုပါ။ ဒီဗီဒီယိုကိုလည်း အထက်ပါ ၀ဘ်ဆိုက်ကပဲ ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ မီထရိုအတွင်းပိုင်းမှာ ဘယ်လို ရှိတယ်ဆိုတာကို လေ့လာနိုင်ပါလိမ့်မယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld