I
TA/AITES – international tunneling association ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ချက်နိုင်ငံမှာ ၃၃ ကြိမ်မြောက် ကမ္ဘာ့ဥမင် ကွန်ဂရက် ၂၀၀၇ ( World Tunnel Congress 2007) ကို ကျင်းပဖို့ လွန်ခဲ့တဲ့ သုံးနှစ်က ITA အဖွဲ့ဝင်နိုင်ငံများက ရွေးချယ်ခဲ့ပါတယ်။ ယခုနှစ် မေလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီ ကွန်ဂရက်ရဲ့ Theme ကတော့ " Underground Space – the 4th Dimension of Metropolises " ဆိုတာပဲ ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့ ဥမင်အင်ဂျင်နီယာ အဖွဲ့အစည်းတွေမှာ မပါဝင်သေးပေမယ့် နောက်တချိန်မှာ အဲလို ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ၊ ကွန်ဂရက်တွေမှာ ပါဝင်ပြီး အဆင့်မြင့် နည်းပညာများကို တပြေးညီ ထိတွေ့လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဥမင်ပညာရှင်များစွာ တက်ရောက်ခဲ့တဲ့ အဲဒီကွန်ဂရက် အကြောင်းနဲ့ ကွန်ဂရက်မှာ ဖတ်ကြားခဲ့တဲ့ စာတမ်းများ အကြောင်းကို ကျွန်တော် နားစွင့်နေခဲ့တာ ကြာပါပြီ။ ဘာလို့လဲ ဆိုတော့ ဒီကွန်ဂရက်မှာ တင်သွင်းတဲ့ စာတမ်းများဟာ ကျွန်တော်တို့လို ဥမင်ပညာရပ်ကို လေ့လာနေတဲ့ ကျောင်းသားများ အတွက် အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာ့ဥမင်နဲ့ မီထရိုပိုလီတန် ဖောက်လုပ်ခြင်းဆိုင်ရာ အတွေ့အကြုံ ကောင်းများပဲ ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ အတွက် ကံကောင်းချင်တော့ ကျွန်တော့်ရဲ့ စာတမ်းကြီးကြပ်သူ ပရော်ဖက်ဆာကလည်း အဲဒီကွန်ဂရက်ကို တက်ရောက်ခွင့်ရတဲ့ ပညာရှင် တစ်ယောက် ဖြစ်နေတာမို့လို့ အခုလို စာတမ်းအားလုံးကို လေ့လာခွင့် ရလိုက်ပါတယ်။
ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ စာတမ်းပေါင်း ၃၈၂ စောင်ရှိပြီး အဲဒီအထဲကမှ ပုံနှိပ်ထုတ်ဝေဖို့ ရွေးချယ်ခံရတာက ၃၁၆ စောင်ရှိပါတယ်။ စာတမ်းများကို စာအုပ်အဖြစ် အတွဲ သုံးတွဲ ထုတ်ဝေခဲ့တဲ့ အပြင် စီဒီရွန်နဲ့ပါ တစုတစည်းတည်း ဖတ်ရှုနိုင်အောင် ထုတ်ဝေခဲ့ပါတယ်။ မြေအောက်ရထားနဲ့ ဥမင် ဘာသာရပ်များကို လေ့လာသင်ယူနေတဲ့ ကျောင်းသားများအနေနဲ့ ဒီစာတမ်းများကို မျှဝေ လေ့လာနိုင်စေဖို့ စီဒီရွန် (ISO) ကို တင်ပေးလိုက်ပါတယ်။ အောက်ပါ လင့်ခ်များ ကနေပြီး download ဆွဲယူနိုင်ပါတယ်။ စုစုပေါင်း လင့်ခ် ၇ ခုရှိပြီး အားလုံးကို ဒေါင်းလုပ်ချပြီးမှ ပြန်ပေါင်းယူပါရန်။
ပရင့်ထုတ်ရန်
ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ စာတမ်းပေါင်း ၃၈၂ စောင်ရှိပြီး အဲဒီအထဲကမှ ပုံနှိပ်ထုတ်ဝေဖို့ ရွေးချယ်ခံရတာက ၃၁၆ စောင်ရှိပါတယ်။ စာတမ်းများကို စာအုပ်အဖြစ် အတွဲ သုံးတွဲ ထုတ်ဝေခဲ့တဲ့ အပြင် စီဒီရွန်နဲ့ပါ တစုတစည်းတည်း ဖတ်ရှုနိုင်အောင် ထုတ်ဝေခဲ့ပါတယ်။ မြေအောက်ရထားနဲ့ ဥမင် ဘာသာရပ်များကို လေ့လာသင်ယူနေတဲ့ ကျောင်းသားများအနေနဲ့ ဒီစာတမ်းများကို မျှဝေ လေ့လာနိုင်စေဖို့ စီဒီရွန် (ISO) ကို တင်ပေးလိုက်ပါတယ်။ အောက်ပါ လင့်ခ်များ ကနေပြီး download ဆွဲယူနိုင်ပါတယ်။ စုစုပေါင်း လင့်ခ် ၇ ခုရှိပြီး အားလုံးကို ဒေါင်းလုပ်ချပြီးမှ ပြန်ပေါင်းယူပါရန်။
- Underground Space (the 4th Dimension of Metropolises).part1.rar
- Underground Space (the 4th Dimension of Metropolises).part2.rar
- Underground Space (the 4th Dimension of Metropolises).part3.rar
- Underground Space (the 4th Dimension of Metropolises).part4.rar
- Underground Space (the 4th Dimension of Metropolises).part5.rar
- Underground Space (the 4th Dimension of Metropolises).part6.rar
- Underground Space (the 4th Dimension of Metropolises).part7.rar
အဲဒီ့ စာတမ်းပေါင်း ၃၈၂ စောင်ထဲက ဘယ်နှစ်ခု ဖတ်ပြီးပြီလဲဗျ.. =)
စိတ်ဝင်စားစရာ ကောင်းတဲ့ ပို့စ်တစ်ခုပဲ..
1. impressive layout
2. excellent web design
3. many posts
4. nice collections for books links and ref:
5. easy to read for beginner!!!
hi my name is sami enis arıoğlu
i am writting my master degree thesis and i need these 33th ita world tunnel congress cd rom version. I couldnt find it anywhere. Please upload it again. I will be very pleased if you send me rapid links or another upload site.
my mail adress searioglu@itu.edu.tr
also if you have another world tunnel congress cd rom version it will be very helpfull for me.
i have proceedings of 34th ita world tunnel congress and 31th ita world tunnel congress cd rom versions. If you need i can easly upload to rapidshare.