H
errenknecht ကုမ္ပဏီမှ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ၊ (၁၀)ရက်နေ့တွင် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသင်တန်းကို ယမန်နှစ်မှ ဖွင့်လှစ်သော သင်တန်းသားဦးရေထက် (၂၃)ယောက် ပိုခေါ် ပြီး Industrial ပိုင်းဆိုင်ရာ သင်တန်းသား (၉၁)ယောက်၊ Administrative & Technical ပိုင်းဆိုင်ရာ (၃၁)ယောက်၊ Cooperative educational program အတွက် သင်တန်းသား (၁၂)ယောက်၊ စုစုပေါင်း သင်တန်းသား (၁၃၄)ယောက်ဖြစ် ဖွင့်လှစ်လိုက်ကြောင်း သိရှိရပါသည်။
သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ ကျောင်းများတွင် သင်ကြားခဲ့သော သီအိုရီများကို လက်တွေ့လုပ်ငန်းခွင်တွင် မည်သို့ လုပ်ဆောင်ရမည်ကို ရည်ရွယ်ပါသည်။ Herrenknecht ကုမ္ပဏီမှ ထိုလက်တွေ့သင်တန်းကို ဖွင့်လှစ်ခြင်းဖြင့် အနာဂတ်တွင် ဖြစ်လာမည့် electro-mechanics, electricians, industrial or construction mechanics များမှသည် ပိုမိုကျွမ်းကျင်သော mechanical engineer အထိဖြစ်လာအောင် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါသည်။
၎င်းသင်တန်းတွင် သက်ဆိုင်ရာ လုပ်ငန်းခွင် လက်တွေ့သင်တန်းများ အပြင် finance and accounting နှင် project management and marketing ဆိုင်ရာဘာသာရပ်များကိုလည်း သင်ကြားပေးကြောင်းလည်း သိရပါသည်။ သင်တန်းသားများကို ကျွမ်းကျင်ဝန်ထမ်းများနှင့် တွဲ၍ လက်တွေ့ပြုလုပ် စေပြီး သင်တန်းသားများထဲမှ programming စိတ်ဝင်စားသူများကို technician and draftsman programs နှင့် graduate engineering programs ဆက်လက်တက်ရောက် နိုင်ကြောင်း သိရှိရပါသည်။
ကျောင်းသားတစ်ယောက်ဟာ မိမိတို့ သိရှိထားသော စာများကို လက်တွေ့ဖြင့် နှိုင်းယှဉ်၍ ပြုလုပ်မှသာ ထိရောက်မှု ရှိမည် ဖြစ်ပါသည်။ စာချည်းသာ သင်ကြားနေရပြီး လက်တွေ့မရှိလျင်လည်း မဖြစ်ပါ။ ထို့ကြောင့် ကမ္ဘာနိုင်ငံ အသီးသီးတွင် ရှိသော တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများတွင် စာတွေ့နှင့် လက်တွေ့ကို တွဲ၍ သင်ကြားနေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ အထူးသဖြင့် အင်ဂျင်နီယာ ပညာရင်များကို သင်ကြားနေ ကျောင်းသားများအတွက် လက်တွေ့သင်ကြားသော အခန်းကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ရာ ကျွန်တော်တို့ ကျောင်းသားများနေဖြင့်လဲ ထိုသင်တန်းများကို မျက်ခြေမပျက် လေ့လာပြီး မိမိတို့ အကျိုးရှိမည့် နည်းပညာများကို ရယူနိုင်ရန် အလွန်အရေးကြီးကြောင်း တင်ပြလိုက်ရပေသည်။
ပရင့်ထုတ်ရန်

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld