* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

မြေ

အောက်ဥမင်များတွင် ၎င်းအတွင်းရှိ constructions များနှင့် ဥမင်ရေရှည် တည်တံ့မှုအတွက် ဥမင်အတွင်းသို့ ရေစိမ့်ဝင်မှု မရှိစေရန် ထိန်းသိမ်းမှုမှာ လွန်စွာ အရေးပါလှသည်။ ဥမင်အတွင်း ရေစိမ့်ဝင်ခြင်းကို နည်းလမ်း (၂) မျိုးဖြင့် ကာကွယ် နိုင်သည်။

ပထမနည်းလမ်းမှာ ဥမင်တစ်ခုလုံးကို အတွင်း ရေတားလွှာ (water proofing layer) အပြည့် တပ်ဆင်ခြင်း ဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ ဥမင် အပေါ်၌ ရှိနေသော မြေအောက်ရေလွှာအား ဥမင်တည်ရှိနေသော (level) ထက် နိမ့်ကျအောင် ပြုလုပ်ခြင်းဖြစ်သည်။

ဥမင်တစ်ခုလုံးကို ရေစိမ့်ဝင်မှု မရှိအောင် အောက်ပါ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည် - ဥမင် lining အတွက် အသုံးပြုသော concrete ကို အရည်အသွေး ပိုမိုကောင်းမွန်သော concrete အမျိုးအစားကို သုံးခြင်းဖြင့်လည်းကောင်း၊ lining ၏ အထူကို တိုးခြင်းဖြင့်လည်းကောင်း ၊ concrete ၏ mix design တွင် chemical များကို ထည်ဖြည့်ခြင်းဖြင့် လည်းကောင်း၊ lining တည်ဆောက်ပြီးနောက် lining နှင့် မြေကြီးကြား နေရာများကို (water proofing asphalt concrete) မှုတ်ခြင်းဖြင့်လည်းကောင်း၊ water proofing layer တပ်ဆင်ခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နိုင်သည်။

အထက်ပါ နည်းလမ်းများတွင် ဥမင်တစ်ခုလုံးကို ရေတားလွှာ တပ်ဆင် တည်ဆောက်ခြင်းသည် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပေသည်။ အထူးသဖြင့် ၎င်းနည်းလမ်းကို ဥမင်အတွင်းရှိ အနုပညာ လက်ရာများကို ထိန်းသိမ်းရန် လိုအပ်သည့် အခါနှင့် ဥမင် အတွင်းရှိ ပစ္စည်းကိရိယာများကို အထူးထိန်းသိမ်းရန် လိုအပ်သော ဥမင်များတွင် အသုံးပြုသည်။ ဥပမာအားဖြင့် - လေထုစိုထိုင်းမှု မြင့်မားခြင်းကို ခွင့်မပြုသော၊ ဥမင်အတွင်း ပစ္စည်းကိရိယာများအား သံချေးတက်ခြင်းကို ခွင့်မပြုနိုင်သော မြေအောက် ဘူတာရုံကဲ့သို့သော ဥမင်များဖြစ်သည်။ ရေတားလွှာ ဒီဇိုင်းလုပ်ဆောင်ရာ၌ အရေးကြီးသော အချက်များမှာ (၁)ကြာရှည်ခိုင်ခံ့မှု၊ (၂)အရည်အသွေး ထိန်းသိမ်းနိုင်မှု နှင့် (၃)ကုန်ကျစရိတ် သက်သာစေမှု တို့ဖြစ်သည်။

ရေတားလွှာ (water proofing layer) အား ဥမင် lining ၏ အတွင်းဘက် သို့မဟုတ် အပြင်ဘက်၌ တပ်ဆင်နိုင်ပါသည်။ ရေတားလွှာကို ဥမင် lining ၏ အပြင်ဘက်တွင် တပ်ဆင်ရာတွင် ၎င်းသည် မြေအောက်ရေနှင့် မြေကြီးဖိအားဒဏ်ကို ခံရသည်။ မာခြင်းအဆင့် မြင့်မားသော ကျောက်မြေမျိုးတွင် တည်ဆောက်သော ဥမင်များ၌ ညီညာသော မျက်နှာပြင်ပေါ်တွင် concrete အလွှာနေဖြင့် ဥမင် lining နှင့် ဥမင်မြေသားအကြားတွင် အပြင်ဘက် ရေတားလွှာကို တပ်ဆင် အသုံးပြုသည်။ အထူးသဖြင့် ၎င်းရေတားလွှာ အမျိုးအစားသည် ဥမင်မြေသား ကွန်တို line တလျှောက် lining မတပ်ဆင်မီ အပြင်ဘက် အကာနေနှင့် ပိုမိုအသုံးဝင်သည်။

အတွင်းဘက် ရေတားလွှာကို ဥမင် lining အတွင်းဘက် မျက်နှာပြင်တလျှောက် lining ၏အောက်အလွှာ အဖြစ်တပ်ဆင် အသုံးပြုသည်။ ထို့ကြောင့် ၎င်းရေတားလွှာသည် ဥမင် lining ကို စိမ့်၍ ၀င်လာသော ရေ၏ ဖိအားဒဏ်ကိုသာ ခံရသည်။ ရေတားလွှာ နှစ်မျိုးရှိသည့်အနက် အတွင်းဘက် ရေတားလွှာ အမျိုးအစားကို အသုံးပြုခြင်းသည် တပ်ဆင်ရာ၌ လွယ်ကူပြီး ရေစိမ့်ဝင်မှုကိုလည်း ပို၍ ကောင်းမွန်စွာ ကာကွယ်ပေးနိုင်သည်။ သို့ဖြစ်၍ အတွင်းဘက် ရေတားလွှာသည် ရေကို ဥမင် အတွင်းဘက်မှ ကာကွယ်ခြင်း ဖြစ်သောကြောင့် ဥမင် lining ၏ concrete သည် ရေ၏ ဖိအားဒါဏ်ကို တိုက်ရိုက် ခံရသည်ကို သတိပြုရမည် ဖြစ်ပြီး ၎င်း concrete အား ဒီဇိုင်းပြုလုပ်ရာတွင် ဤအချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

အခြေခံအားဖြင့် ရေတားလွှာအတွက် အသုံးပြုသော material type နှစ်မျိုးရှိပေသည်။ ၄င်းတို့မှာ rigid material type နှင့် flexible material type တို့ဖြစ်သည်။ rigid material type ရေတားလွှာသည် ရေစိမ့်မ၀င်နိုင်သော concrete plaster တစ်မျိုးဖြစ်သည်။ သာမန်အားဖြင့် ၄င်းအထူမှာ (၄၀) မီလီမီတာခန့် ရှိပြီး lining ၏မျက်နှာပြင်ပေါ်သို့ compress-air နည်းဖြင့် မှုတ်ပြီး တပ်ဆင်သည်။

ရေဖိအား 0.5MPa ထက်မပိုသော နေရာများတွင် ရေတားလွှာကို reinforced မပါသော သာမန် shrinkage နည်းသော concrete အနေဖြင့် အသုံးပြုနိုင်သည်။ ရေဖိအား 0.5MPa ထက်ပိုများသော နေရာများတွင်မူ reinforced concrete အားအသုံးပြုရသည်။

Flexible material type ရှိသော ရေတားလွှာမျိုးကို ရှုပ်ထွေးသော မြေမျက်နှာ သွင်ပြင် အခြေအနေနှင့် ရေဖိအား 1.5MPa ထက်များသော အနေထားမျိုးတွင် bitumen paste အပေါ်တွင် water proofing material (၂) လွှာမှ (၄) လွှာအထိ တပ်ဆင် အသုံးပြုသည်။ Flexible material type ရှိသော ရေတားလွှာသည် ၄င်း၏အောက်မှ concrete အခွံမာဖြင့် ထပ်မံဆင့်ပိုး ထားခြင်းဖြင့် မြေနှင့် ရေဖိအား အတွက် အားဖြည့် ထားသည်။ ဤအခြေအနေ တွင် concrete lining သည် မြေဖိအား pressure ကိုသာခံရသည်။

Flexible material type ရေတားလွှာသည် ဥမင်တစ်ခုလုံးကို ရေစိမ့်ဝင်မှုမှ ကာကွယ်ပေးနိုင်ပြီး ၊ ဥမင်၏ contour ပျက်ယွင်းသောအခါတွင်လည်း flexibility ရှိခြင်းကြောင့် အလွယ်တကူ ပျက်စီးမသွားဘဲ ရေကို ဆက်လက် ကာကွယ်ထားနိုင်သည်။ သို့သော် ၎င်းကို အသုံးပြုရာတွင် ၄င်း၏အောက်မှ နောက်ထပ် concrete အလွှာတစ်ခု ထပ်မံတည်ဆောက်ရပြီး ၎င်းကြောင့် ဥမင်၏ ထုထည် ပိုမိုလာနိုင်သည်ဖြစ်၍ ကုန်ကျစရိတ်ကို ထည့်သွင်း တွက်ချက်ရမည်ဖြစ်သည်။

Related Posts
Waterproofing System in Subway

Print ပရင့်ထုတ်ရန်
5 ထင်မြင်ချက်၊
  1. kthuyein December 16, 2007 at 2:06 AM  

    နွေးထွေးစွာ ကြိုဆိုပါတယ် သူငယ်ချင်း။ နောက်ထပ် နောက်ထပ် ပိုစ့်များကို စောင့်မျှော်နေပါတယ်။

  2. vo December 16, 2007 at 6:01 AM  
    This comment has been removed by the author.
  3. thamudayanwe December 16, 2007 at 6:03 AM  

    thanks for sharing!

  4. Anonymous December 20, 2007 at 4:43 AM  
    This comment has been removed by a blog administrator.
  5. Anonymous December 30, 2007 at 3:11 PM  
    This comment has been removed by a blog administrator.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.