* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Powerful underground traffic network construction

စာရေးသူ © Emily |

St.

Petersberg မြို့ အခြေစိုက် Metrostory ကုမ္ပဏီကို ၁၉၄၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၆၅ နှစ်ကြာ မီထရိုနဲ့ ဥမင် လုပ်ငန်းများကို အအောင်မြင်ဆုံး တည်ဆောက်ပေးနိုင်ခဲ့ပါတယ် ။
အခု ကျွန်တော် ရေးသားမယ့် အကြောင်းအရာကတော့ Metrostory ကုမ္ပဏီက ဖောက်လုပ်ခဲ့တဲ့ Powerful underground traffic network အကြောင်းပါ ။

ဒီလမ်းကြောင်း ကွန်ယက်ဟာ ကီလိုမီတာ ၁၂၀ ကျော် ရှည်လျားပြီး ဘူတာရုံ ၆၀ တိတိ ပါဝင်ပါတယ်။ ယင်း ဘူတာရုံ ၆၀ အနက်မှ ၃ ရုံဟာ မြေပေါ် ဘူတာရုံများ ဖြစ်ပြီး တခြား မြေပေါ် ဘူတာများနဲ့ ဆက်သွယ် ထားရှိပါတယ်။ မြို့တွင်းမှာတော့ interchange station ၆ ခု ထားရှိပါတယ် ။အခု ဆက်လက်ပြီး traffic network construction ရဲ့ အကြီးမားဆုံး လုပ်ငန်းခွင် ၂ ခု အကြောင်း တင်ပြသွားပါမယ်။

စိန့်ပီတာစဘာ့ဂ် မြို့မှာ ၁၉၇၉ ခုနှစ်က စပြီး Flood protection barrier FPB 1 ကို ဆောက်လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၁၉၉၀ ခုနှစ်မှာ ယာယီ ရပ်နား ခဲ့ရပြီး ဆယ်စုနှစ်တစ်ခုကြာ ၂၀၀၁ ခုနှစ်မှာ လုပ်ငန်းခွင်ကို ပြန်လည် စတင် လုပ်ကိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းခွင်ဟာ ရေတားတံတိုင်းကို ပြုပြင် ထိန်းသိမ်းပြီး မွန်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ယင်း ရေတားတံတိုင်းကို ဆက်သွယ်ရန် အတွက် ခက်ခဲရှုပ်ထွေးတဲ့ မြေပြင် အနေအထားမှာပဲ Navigation channel C1 နဲ့ Tunnel ကို တည်ဆောက်ခဲ့ပါတယ်။

ရေတားတံတိုင်း ( Barrier ) ဟာ ၂ ကီလိုမီတာကျော် ရှည်လျားပြီး စုစုပေါင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ဧရိယာ ကတော့ ၇၀၀၀၀၀ စတုရန်းမီတာ ရှိပါတယ်။ တူးထုတ်ခဲ့ရတဲ့ မြေကြီး ပမာဏ ၁၃၀၀၀၀၀ ကုဗမီတာ ရှိပြီး သဲ၊ ကျောက် ဖြည့်တင်းမှု အနေနဲ့ ၈၂၄၀၀၀ ကုဗမီတာ ရှိပါတယ်။ ကွန်ကရစ် လုပ်ငန်း အတွက် ၂၀၃၀၀၀ ကုဗမီတာ အသုံးပြုခဲ့ပြီး သတ္ထုတန်ချိန် ၃၉၀၀၀ တန် အသုံးပြုခဲ့ပါတယ်။

Navigation channel ရဲ့ အလျား ၂၇၃ မီတာ ရှိပြီး အနံ ၂၀၀ မီတာ၊ အမြင့် ၁၆ မီတာ ရှိပါတယ်။ ရေစီးလမ်းကိုတော့ ၁၂ မီတာ အမြင့်ထိပဲ ခွင့်ပြုထားပါတယ်။ Navigation channel လိုင်းတလျှောက် ရေသွားရေလာ ထိန်းသိမ်းရန် အတွက် sill slab, training walls, support craft berths, breakwaters, aprons နဲ့ floating gates များပါဝင်တဲ့ dock chambers များ တည်ဆောက်ပေးရတဲ့ အပြင် Tunnel roof slab တစ်ခုကိုလဲ တည်ဆောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အလျား ၁၉၆၁ မီတာ၊ အနံ ၄၃ မီတာ၊ အမြင့် ၂၈ မီတာ ရှိတဲ့ ၆ လမ်းသွား သယ်ယူပို့ဆောင်ရေး ဥမင် တစ်ခုကို Navigation opening slab အောက်မှာ ရေအောက် ဥမင် အဖြစ် ဖောက်လုပ်ခဲ့ပါတယ်။ ယင်း ဥမင်ဟာ ရေတားတံတိုင်းရဲ့ အစွန်း ၂ ဖက်ကို ဆက်သွယ် ပေးထားတာ ဖြစ်ပြီး စိန့်ပီတာစဘာ့ဂ်မြို့ ရဲ့ အဓိက ပတ်လမ်း တခု ဖြစ်လာပါတယ် ။

ဒီလုပ်ငန်းခွင်ကို ၂၀၀၆ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ပြီးဆုံးမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဓာတ်ပုံများ



Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. kthuyein December 7, 2007 at 5:07 AM  

    ဖတ်ရှု လေ့လာသွားပါသည်။ ပိုစ့်အသစ် ... အသစ်များကို စောင့်မျှော်နေပါသည်။

  2. KPZ December 8, 2007 at 1:25 PM  

    ဒီဘာသာရပ်ကို သေချာမသိပေမယ့် သေချာလာဖတ်သွားပါတယ်

  3. Anonymous December 24, 2007 at 10:12 PM  

    well done...fri..
    давай...жду следующие.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.