မြန်
မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် တောင်ပိုင်း၊ ထိန်ချုံး ခရိုင်မြို့သို့ ဆက်သွယ် ထားသော ကားလမ်း၏ နှစ်နိုင်ငံ နယ်စပ် ဝင်ပေါက် ဖြစ်သော ကန်ပိုက်တည် နှင့် ထိန်ချုံးတွင် ချစ်ကြည်ရေး ကားလမ်းဥမင် ဖောက်လုပ်နေရာ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။မြစ်ကြီးနား-ကန်ပိုက်တည်-ထိန်ချုံး နယ်စပ်ဖြတ်ကျော် ကားလမ်းသည် စုစုပေါင်း ၂၂၄ ကီလိုမီတာ ရှည်လျားပြီး မြန်မာဘက်ခြမ်းရှိ ၉၆ ကီလိုမီတာ ရှည်သော မြစ်ကြီးနား-ကန်ပိုက်တည် လမ်းပိုင်းကို တရုတ် အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့ပြီးစီးခဲ့ကာ ၂၀၀၇ ခုနှစ်၊ မတ်လက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကားလမ်းဥမင်သည် နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင်အမှတ်(၄)ရှိရာတောင်၏ အောက်ခြေမှ ဖောက်လုပ်ထားခြင်း ဖြစ်သည်။
ဥမင်သည် အရှည်မီတာ ၅၀၀၊ အကျယ် ၈မီတာ၊ အမြင့် ၉မီတာရှိပြီး နှစ်လမ်းသွားဥမင် ဖြစ်သည်။ ယူနန် ဟိန်ရီကုမ္ပဏီမှ ဥမင်တူးဖော်ရေး လုပ်သားတစ်ရာဖြင့် ၂၀၀၆ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ကုန်ကျငွေ တရုတ်ယွမ် သိန်း ၄၅၀ ဟု သိရသည်။ (၁ ဒေါ်လာလျှင် ၇.၂၄ ယွမ်နှင့် ညီမျှသည်) ယခုအခါ ဥမင်တူးဖော်ရေး လုပ်ငန်းများ ဖောက်လုပ်ပြီးစီးနေပြီး လျှပ်စစ်မီးများလည်း တပ်ဆင်ပြီးဖြစ်ကာ အချောကိုင် လုပ်ငန်းအချို့သာ ဆောင်ရွက်ရန် ကျန်ရှိတော့သည်။ ဥမင်ဖွင့်ပွဲကို ၂၀၀၈ခုနှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ဥမင်၏ အမည်ကို မြန်မာ-တရုတ်ချစ်ကြည်ရေး ကားလမ်းဥမင်ဟု မြန်မာ-တရုတ် နှစ်ဘာသာဖြင့် ရေးထိုးထားမည်ဖြစ်သည်။
Source:
- Yangon Times Journal
- Sina English










Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld