အ

အဆိုပါ မီးလောင်မှုကြောင့် သေဆုံးမှု မရှိသော်လည်း မီးခိုးငွေ့များကို ရှုရှိုက်မိသဖြင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိပြီး လော်ရီကား မောင်းသူ ၃၂ ဦးကို အရန်ဥမင်ငယ်မှတဆင့် ဘေးလွတ်ရာသို့ ကယ်ထုတ်လိုက်နိုင်ကြောင်း ပြင်သစ်ဘက်မှ အရာရှိများက ထုတ်ဖော်ပြောကြားသည်။ နောက်ဆုံးရရှိသော သတင်းများအရ ဒဏ်ရာရရှိသူများထဲတွင် အင်္ဂလိပ်လူမျိုး ၇ ဦး ပါဝင်ကြောင်းလည်း သိရသည်။
မီးလောင်မှု ဖြစ်ပွားနေစဉ် ဥမင်သို့ ဦးတည်နေသော ရထားများအားလုံးကို နှစ်ဖက်စလုံးမှ ပြန်လှည့်နိုင်ခဲ့ကြောင်းနှင့် သောကြာနေ့အထိ လက်ရှိပြေးဆွဲနေသော ခရီးစဉ်များအားလုံး ပြန်လည်ပြေးဆွဲနိုင်ရန်မှာ မသေချာသေးကြောင်း Eurostar ရထားပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိပ်အတောက်ဖြစ်စေသော ကာဘိုလစ် အက်စစ်(Carbolic acid) တစ်မျိုးဖြစ်သည့် ဖီနော ဓာတုပစ္စည်းများ တင်ဆောင်ထားသော လောရီကားသည် ရထားတွင်း၌ တိမ်းမှောက်ရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်ခဲ့ဖွယ်ရာရှိကြောင်း ယူဆထားသည်။
ကြာသပတေးနေ့ UK စံတော်ချိန် ညနေ ၃ နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်ခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ထောင်ပေါင်းများစွာသော မီးသတ်သမားများ လျင်မြန်စွာ ရောက်ရှိကာ ကြိုးစားပမ်းစား ငြိမ်းသတ်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ၏ မြို့ငယ်လေး ဖြစ်သော Kent မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယခုမီးလောင်မှုကို အကြီးစား မီးလောင်မှုဟုဆိုလိုက်သည်။
Channel tunnel သည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရေအောက်ဖြတ်ဥမင်ဖြစ်ပြီး ပင်လယ်ရေအောက်တွင် ရှိသော ဥမင်အပိုင်းသည် ၃၈ ကီလိုမီတာ(၃၁ မိုင်) ရှည်လျားသည်။
ဥမင်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၄ ခုနှစ်နောက်ပိုင်း အလားတူ ဥမင်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပင်မဥမင်တစ်ခုအား တစ်လကြား ပိတ်ထားခဲ့ရပြီး ရထားပြေးဆွဲမှု ၇ လကျော် ရပ်နားထားခဲ့ရဖူးသည်။
(Reported by London correspondent; edited by MyMetro)
Related Posts
1. Eurotunnel (or) Channel tunnel
ကိုးကား။
http://uk.news.yahoo.com/afp/20080911/tuk-france-britain-fire-transport-a7ad41d.html


မီးလောင်မှု ဖြစ်ပွားနေစဉ် ဥမင်သို့ ဦးတည်နေသော ရထားများအားလုံးကို နှစ်ဖက်စလုံးမှ ပြန်လှည့်နိုင်ခဲ့ကြောင်းနှင့် သောကြာနေ့အထိ လက်ရှိပြေးဆွဲနေသော ခရီးစဉ်များအားလုံး ပြန်လည်ပြေးဆွဲနိုင်ရန်မှာ မသေချာသေးကြောင်း Eurostar ရထားပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိပ်အတောက်ဖြစ်စေသော ကာဘိုလစ် အက်စစ်(Carbolic acid) တစ်မျိုးဖြစ်သည့် ဖီနော ဓာတုပစ္စည်းများ တင်ဆောင်ထားသော လောရီကားသည် ရထားတွင်း၌ တိမ်းမှောက်ရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်ခဲ့ဖွယ်ရာရှိကြောင်း ယူဆထားသည်။

Channel tunnel သည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရေအောက်ဖြတ်ဥမင်ဖြစ်ပြီး ပင်လယ်ရေအောက်တွင် ရှိသော ဥမင်အပိုင်းသည် ၃၈ ကီလိုမီတာ(၃၁ မိုင်) ရှည်လျားသည်။
ဥမင်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၄ ခုနှစ်နောက်ပိုင်း အလားတူ ဥမင်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပင်မဥမင်တစ်ခုအား တစ်လကြား ပိတ်ထားခဲ့ရပြီး ရထားပြေးဆွဲမှု ၇ လကျော် ရပ်နားထားခဲ့ရဖူးသည်။
(Reported by London correspondent; edited by MyMetro)
Related Posts
1. Eurotunnel (or) Channel tunnel
ကိုးကား။
http://uk.news.yahoo.com/afp/20080911/tuk-france-britain-fire-transport-a7ad41d.html



ကျေးဇူး ဒီပို့စ်