လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ မြေအောက်ရထားလမ်း ကွန်ယက်စနစ်ရှိတဲ့ မြို့ကြီးပေါင်း ၁၆၉ မြို့ထိရှိသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် ကမ္ဘာ့ မီထရိုပိုလီတန် စာရင်းထဲကို ထပ်တိုးလာတဲ့ ကွန်ယက်နှစ်ခုကတော့ အီတလီနိုင်ငံ၊ ပီရူဂျီယာ Perugia metro နဲ့ ထိုင်ဝမ်နိုင်ငံက Kaohsiung metro တို့ပဲဖြစ်ပါတယ်။
Perugia Minimetro
ပီရူဂျီယာ (Perugia) မီထရိုကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လိုင်းအရှည် ၃ ကီလိုမီတာရှိကာ ဘူတာပေါင်း ၇ ခုပါဝင်ပါတယ်။ Minimetro လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဘူတာဒီဇိုင်းများကို နာမည်ကျော် ပြင်သစ်ဗိသုကာ Jean Nouvel က ရေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။
Perugia Minimetro

Kaohsiung metro
Kaohsiung မြို့ဟာ ထိုင်ဝမ်တောင်ပိုင်းမှာ တည်ရှိပြီးတော မြို့နေလူဦးရေ ၁.၃ သန်းကျော် ရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ Kaohsiung မီထရိုကွန်ယက်မှာ လိုင်း ၂ လိုင်းပါဝင်ပြီး အနီရောင်လိုင်း (Red line) နဲ့ အဝါရောင်လိုင်း (Orange line) တို့ဖြစ်ကာ စုစုပေါင်း အရှည် ၄၂.၇ ကီလိုမီတာ ရှိပါတယ်။ တောင်/မြောက်ဖြတ်သန်း ဆက်သွယ်ထားတဲ့ အနီရောင်လိုင်းကိုတော့ ၂၀၀၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လိုင်းအရှည် ၂၈.၃ ကီလိုမီတာ ရှည်လျားကာ ဘူတာပေါင်း ၂၄ ခုပါဝင်တယ်လို့ သိရပါတယ်။ ဘူတာ ၁၅ ခုမှာ မြေအောက်ဘူတာများ ဖြစ်ပြီး ကျန် ၈ ခုကတော့ မြေပေါ်အထပ်မြင့်(elevated) ဘူတာများ ဖြစ်ကြပါတယ်။ ၁၄.၄ ကီလိုမီတာ ရှည်လျားကာ ဘူတာပေါင်း ၁၄ ခုပါဝင်မယ့် အဝါရောင်လိုင်းကိုတော့ ၂၀၀၈ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။Related posts
1.ကမ္ဘာ့မီထရို Highlights
2.World Metro Database
Sources:
1.http://www.krtco.com.tw/en/e-index.aspx
2.http://en.wikipedia.org/wiki/Kaohsiung
3.http://mic-ro.com/metro/metrocity.html?city=Perugia
4.http://mic-ro.com/metro/metrocity.html?city=Kaohsiung
5.http://www.urbanrail.net/as/asia.htm













Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld