မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံနှင့် အင်ဂျင်နီယာ ဘာသာရပ်ပေါင်းစုံ စာတမ်းဖတ်ပွဲကို ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ်တွင် ရန်ကုန်မြို့ရှိ မြန်မာ အင်ဂျင်နီယာအသင်း (MES) အဆောင်အအုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာတမ်းဖတ်ပွဲကို စာတမ်းတင်သွင်းရန် စိတ်ဝင်စားသော ပညာရှင်များအနေဖြင့် မိမိတို့ဖတ်ကြားလိုသော သုတေသန စာတမ်းများ၏ အကျဉ်းချုပ်ကို နိုဝင်ဘာလကုန် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း၊ အသင်းသားစုံညီ ညီလာခံကို ကြိုဆိုသောအားဖြင့် အင်ဂျင်နီယာနှင့် ပတ်သက်သော ဘာသာရပ်ပေါင်းစုံ၏ သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း အင်ဂျင်နီယာအသင်းရုံးမှ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားသည်။ စာတမ်းဖတ်ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) ရုံး၊ ဖုန်း- ၅၁၉၆၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=16958










Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld