လူဦးရေ ၅ သန်းကျော် ၆ သန်းနီးပါးရှိတဲ့ ရန်ကုန်မြို့တော်အတွက် ယခုလက်ရှိပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပေါင်း ၁၂ လိုင်း၊ ယာဉ်စီးရေပေါင်း ၆၀၀၀ ကျော်ဟာ အလွန်နည်းပါးလွန်းနေပါတယ်။ ဒါထက်ပိုဆိုးတာက ယာဉ်စီးနင်းခတွေ ကြီးမြင့်လွန်းတာပါပဲ။ ဈေးနှုန်းမြင့်မြင့်ယူတဲ့ ပုဂ္ဂလိကယာဉ်လိုင်းတွေ ရှိပေမဲ့ အများစုသောပြည်သူတွေကတော့ ရိုးရိုးယာဉ်လိုင်းတွေအပေါ်မှီခိုနေရဆဲပါ။ အခုလက်ရှိပြေးဆွဲနေတဲ့ CNG ဓာတ်ငွေ့ယာဉ်တွေရှိပေမဲ့ အပြည့်အ၀ ၀န်ဆောင်မှုမပေးနိုင်သေးပါဘူး။ ရှေ့ဆက်ပြီး ယာဉ်စီးရေတိုး တက်ပြေးဆွဲမယ် ဆိုရင်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ယာဉ်စည်းကမ်းပြဿနာတွေက ပိုလာဦးမှာပါ။ ဒီတော့ လက်ရှိကြုံတွေ့နေရတဲ့ မြို့တော်ရဲ့သယ်ယူပို့ဆောင်ရေး အခက်အခဲကို ဖြေရှင်းဖို့က ရန်ကုန်မြို့တော်မှာ ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ပါပဲ။ မြို့တော်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဟာ မော်တော်ယာဉ်များအပေါ်မှာ မှီခိုနေတာကို ပြောင်းလဲပစ်ရပါမယ်။ ကမ္ဘာ့မြို့တော် ကြီးတွေရဲ့ အဓိက သယ်ယူပို့ဆောင်ရေးစနစ်ဟာ မြေအောက်ရထားပါ။ လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင်ပေးနိုင်တဲ့ mass rapid transit စနစ်ဟာ မြေအောက်ရထားတစ်ခုတည်းရှိပါတယ်။ ယနေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့ ရန်ကုန်မြို့တော်မှာ metropolitan တစ်ခုတည်ဆောက် လိုက်ရုံပါပဲ။ ကွန်ယက်တစ်ခုလုံးကို တည်ဆောက်ဖို့ မလိုသေးပါဘူး။ အဓိက လိုင်း ၂ လိုင်းလောက်ဆောက် နိုင်ရင်ကို ရန်ကုန်မြို့အနေအထားနဲ့ ဖြစ်ပါတယ်။ မြေအောက်ရထား ကွန်ယက်ကို မော်တော်ယာဉ်လိုင်းတွေနဲ့ ချိတ်ဆက်လိုက်ရင် မြို့တော်သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် တော်တော်ပြီး ပြည့်စုံပြီလို့ ပြောနိုင်ပါတယ်။
ကျွန်တော်က metropolitan သမားမို့ဒီလိုပြောတာမဟုတ်ပါဘူး။ ဒါကိုလည်း တာဝန်ရှိသူတွေ အနေနဲ့ သိမြင်ကြမှာပါ။ မိမိတို့ နိုင်ငံရဲ့အခြေအနေအရ လတ်တလောမှာ အကောင်အထည်ဖော်ဖို့ အခက်အခဲများစွာ ရှိနေတုန်းပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့၊ အခြားနည်းလမ်းများကို အကြံပြု၊စဉ်းစားကြဖို့လိုပါတယ်။ metropolitan ဘာသာရပ်ကို အထူးပြုသင်ကြားနေကြတဲ့ သူတွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုတင်စဉ်းစားထားကြဖို့လိုပါတယ်။ မြို့တော်ရဲ့ လူဦးရေ၊ လက်ရှိမော်တော်ယာဉ်လိုင်း၊ မြို့တော်ရဲ့ပထ၀ီ အနေအထားနဲ့ အခြားအချက်အလက်များပေါ်မူတည်ပြီး ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းများကို ကြိုတင်ကြံဆထား ကြဖို့ တိုက်တွန်းရေး သားလိုက်ပါတယ်။
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld