ယနေ့ မြန်မာအင်ဂျင်နီယာများဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်အကျိုးပြုနေကြပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြတဲ့ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတား၊ ဆည်မြောင်းတာတမံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စက်ရုံအလုပ်ရုံ၊ စက်မှုဇုံများနှင့် အခြားကဏ္ဍမျိုးစုံမှာ ပါဝင်ဆောင်ရွက်နေကြတာကို အားလုံး အသိပဲဖြစ်ပါတယ်။ ဒါကြောင့် နယ်ပယ် အသီးသီးမှာရှိနေတဲ့ အင်ဂျင်နီယာများ အပါအ၀င် ဗိသုကာ ပညာရှင်များဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကို ထမ်းဆောင်နေကြ တာမို့လို့ စွမ်းအားကြီးမားလှတဲ့အမျိုးသား အင်အားစုကြီးလို့ ပြောလို့ရပါတယ်။
ယနေ့အချိန်အခါမှာ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တာဝန်များ၊ ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ တည်ဆောက် ရေးလုပ်ငန်းများနှင့် ပညာရပ်ဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်စွာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ အင်ဂျင်နီယာအသင်းကို ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အသင်းရဲ့ ရည်ရွယ်ချက် ၁၁ ချက်ရှိပါတယ်။ ရည်ရွယ်ချက် ခိုင်မာကောင်းမွန်ပါတယ်။ ကျွန်တော်ကတော့ အသင်းမဟုတ်ပါဘူး။ အသင်းဝင်ဖို့ စိတ်ဝင်စားသူပါ။ ကျွန်တော့်လိုစိတ်ဝင်စားသူများရှိရင် အသင်းဝင်လို့ ရအောင်လို့ပါ။ ဘယ်သူမဆို အသင်းဝင် အဖြစ်လျှောက်ထားလို့ ရပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှာမှ ပါလို့မရပါဘူး။
အသင်းဝင် အမျိုးအစား ၆ မျိုးရှိပါတယ်။ ကျောင်းသားအသင်းသား၊ အငယ်တန်း အသင်းသား၊ တွဲဖက် အသင်းသား စသည်ဖြင့်ပေါ့။ အသေးစိတ်သိချင်ရင် မြန်မာအင်ဂျင်နီယာအသင်းရဲ့ဝဘ်ဆိုက်မှာ ၀င်ကြည့်လို့ ရနိုင်ပါတယ်။ အခုဆိုရင် အသင်းရဲ့ ရည်ရွယ်ချက်တွေကို အပြည့်အ၀ဖော်ဆောင်နေပါပြီ။ အာဆီယံ အင်ဂျင်နီယာ အသင်းများနဲ့လည်း ချိတ်ဆက်ထားပါတယ်။ အငယ်တန်းအင်ဂျင်နီယာများကိုလည်း ပြည်ပ ပညာတော်သင်များ ရွေးချယ်စေလွတ်ပေးတယ်လို့ သိရပါတယ်။ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပို့ချချက်များ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို လည်း အမြဲမပြတ်ပြုလုပ်ပေးလျက်ရှိတယ်လို့သိရ ပါတယ်။
မြန်မာအင်ဂျင်နီယာအသင်းဝဘ်ဆိုက်သို့