ဒီ stations တွေကတော့ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့က မီထရိုဘူတာတွေပါ။ အခြေခံဒီဇိုင်းကတော့ ကျွန် တော်တို့ သိထားတဲ့ ပုံစံတွေပါပဲ။ Pier type, triarched stations ပါ။ ဒါပေမဲ့ အပေါ်က ဗိသုကာဒီဇိုင်းတွေက တော်တော်လေး ပုံစံသွက်ပါတယ်။ ခေတ်မှီဒီဇိုင်းတွေပါ။ ကျွန်တော်တို့ မြင်နေကြ ပုံစံတွေမဟုတ်ပါဘူး။ လှတယ်၊ အမြင်ရိုးရှင်းတယ်။ လွတ်လပ်တဲ့ခံစားမှုရပါတယ်။ ပင်မဥမင်အဆုံးမှာ မူလပုံစံတွေက ခွဲထွက်ပြီး စက်လှေကားနဲ့ ဆက်ထားပါတယ်။ စက်လှေကားနဲ့ ပင်မဥမင်တို့ ဆက်တဲ့ inlet chamber မရှိပါဘူး။ တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
ဗီယင်နာ မီထရိုမှာ လိုင်းပေါင်း ၆ လိုင်းရှိပြီး စုစုပေါင်း ၇၄.၆ ကီလိုမီတာရှိပါတယ်။ ဘူတာရုံပေါင်း ၁၀၆ ခုရှိပါ တယ်။ မီထရို စီမံကိန်းကို ၁၉၆၈ ခုနှစ်က စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် တိုးချဲ့အုံးမယ့် လမ်းပိုင်းတွေရှိနေပါသေးတယ်။ ရထားပြေးဆွဲတဲ့ စနစ်နဲ့ တခြားဝန်ဆောင်မှုတွေ ကတော့ အခြားဥရောပနိုင်ငံ မြို့တော်တွေနဲ့ အတူတူပါပဲ။ ရထားစီးနင်းခ အနည်းငယ် ဈေးကြီးပါတယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld