လူတွေမမြင်နိုင်တဲ့မြေအောက်ဥမင်တွေကို ဖောက်တာ တော်တော်ခက်ခဲပါတယ်။ မြေအောက်ထဲမှာဆိုတော့ အန္တရာယ်လည်း များပါတယ်။ မြေပေါ်မှာလို လွတ်လွတ်လပ်လပ်ဆောက်လို့မရပါဘူး။ ဘူမိအနေအထား တွေ၊ မြေအောက်ရေစီးကြောင်းတွေက structure တွေကို ဒုက္ခပေးပါတယ်။ တခါတရံမှာ မြေတွင်းမှာရှိနေ တတ်တဲ့ ဓာတ်ငွေ့တွေကလည်း အသက်ကိုသေစေနိုင်ပါတယ်။ မိမိတို့ ရည်ရွယ်ထားတဲ့ လမ်းကြောင်း၊ ဒီဇိုင်း အတိုင်းဖြစ်ဖို့ ခက်ခက်ခဲခဲအားထုတ်ရပါတယ်။ ကွန်ကရစ် lining၊ ကွန်ကရစ်ဘလော့ခ်တွေတပ်ဆင်ဖို့ သယ်ရ တာ၊ တူးပြီးသားမြေစာတွေကို အပြင်ကို သယ်ထုတ်ရတာ တွေဟာ စီမံကိန်းတစ်ခုလုံးပမာဏရဲ့ ၆၀-၇၀% ရှိပါ တယ်။ မြေအောက်လိုဏ်ခေါင်းကျဉ်းကျဉ်းလေးထဲမှာ ဒါတွေကို အချိန်ဆိုင်းအလိုက် လုပ်ရတာဖြစ်လို့ တစ်နေ့ တာ ဖောက်လုပ်ပြီးစီးတဲ့ပမာဏဟာ ၃ မီတာကနေ ၅ မီတာထိပဲရှိပါတယ်။ ဒါတောင် စက်ယန္တရားကောင်း ကောင်း၊ မြေအနေအထားသင့်တဲ့ ဒေသမို့လို့ပါ။ ဘူမိအနေအထားဆိုးမယ်၊ မြေအောက်ရေရှိတဲ့နေရာတွေဆို ရင် တစ်နေ့ကို ၂ ပေ၊ ၃ ပေ ရောက်ဖို့ တော်တော်ကြိုးစားရပါတယ်။ မြေအောက်လုပ်ငန်းတွေမှာ အရေးအကြီး ဆုံးက ဘူမိအနေအထား၊သဘောသဘာဝကို ကောင်းကောင်းနားလည်ဖို့ပါပဲ။ လိုအပ်တဲ့စမ်းသပ်မှုတွေ၊ တိုင်း တာမှုတွေကို မဖြစ်မနေလုပ်ကြရပါတယ်။ ဖောက်လုပ်နေစဉ်မှာလည်း အမြဲတိုင်းတာစမ်းသပ်နေရပါတယ်။ ဥမင်တစ်ခု သက်တမ်းစေ့တာဝန်ထမ်းဆောင်နိုင်အောင်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးမှုမရှိ အောင် ဒီဇိုင်းတွက်ချက်ဖောက်လုပ်ရပါတယ်။ ဒါက လုပ်ငန်းသဘာဝကို ခြုံငုံမိအောင်လို့ ပြောတာပါ။
မြေအောက်မီထရိုတွေရဲ့ဥမင်တွေထဲကို လူတိုင်းမ၀င်ရောက်နိုင်ပေမဲ့ မြေအောက်ရထားဥမင်တွေနဲ့ မြေပေါ် အဆောက်အအုံတွေကို ဆက်စပ်ပေးတာဟာ မြေအောက်ဘူတာရုံပါ။ မီထရိုပိုလီတန်တစ်ခုရဲ့ ဘူတာတွေ ဟာ များသောအားဖြင့် မြေအောက်မှာတည်ဆောက်ထားပါတယ်။ မြေပေါ်က မြေအောက်ကိုဆင်းတဲ့ ၀င်ပေါ်က် ကနေ စက်လှေကားနဲ့တဆင့် မြေအောက်ဘူတာကို ချိတ်ဆက်ထားပါတယ်။ ဒီတော့ လူတွေရဲ့ မြေအောက်ရ ထားအပေါ် ယုံကြည်စိတ်ချရမှုဟာ မြေအောက်ဘူတာပေါ်မှာ မူတည်ပါတယ်။ ဘူတာထဲကို ဆင်းလာတဲ့ လူတွေ ရဲ့အမြင်အာရုံကို မြေအောက်ဘူတာရဲ့ ဒီဇိုင်းနဲ့ ဖန်းစားနိုင်ဖို့လိုပါတယ်။ ဘူတာရဲ့ ဖွဲ့စည်းပုံ၊ လေအ၀င်အထွက်၊ မီးအလင်းရောင်တွေဟာ လူတွေကို မြေအောက်ထဲမှာ ရောက်နေတယ်လို့ မထင်ရလေအောင် စီမံထားဖို့လိုပါ တယ်။ ကျယ်ပြန့်တဲ့ ပလက်ဖောင်း၊ စင်္ကြံနဲ့ဒီဇိုင်းတွေဟာ ခရီးသွားပြည်သူတွေကို စိတ်ချယုံကြည်မှု၊ လုံခြုံမှု ပေးနိုင်ရပါမယ်။ မြေပေါ်အဆောက်အအုံတစ်ခုလိုပဲ စိုးရိမ်မှုကင်းကင်းနဲ့ လိုရာကို ခရီးဆက်နိုင်ရပါမယ်။
မြေအောက်ဘူတာတစ်ခုရဲ့ function တွေဟာဒီထက်မကများပါတယ်။ ရထားလိုင်းပြောင်းတဲ့နေရာ၊ ခရီးသွား ဦးရေများပြားတဲ့နေရာတွေမှာ ရှိတဲ့ ဘူတာတွေရဲ့ဖွဲ့စည်းပုံက ပိုရှုပ်ထွေးပါသေးတယ်။ မီထရိုပိုလီတန် မိတ်ဆက် အနေနဲ့ တင်ပြပေးတာပါ။ ဘလော့ခ်ရှည်လွန်းနေမှာစိုးလို့ နောက် section တွေမှပဲ ဆက်လက်ပြီးဖော်ပြပေး သွားပါမယ်။ ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld