ယနေ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော လူဦးရေ ၅ သန်းနှင့်အထက် ကမ္ဘာ့မြို့ကြီးများတွင် မြို့ပြသယ်ယူပို့ ဆောင်ရေးအခန်းကဏ္ဍသည် အလွန်အရေးပါသော နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။ တနေ့တခြား တိုးပွားလာ နေသော လူဦးရေနှင့်အညီ လမ်းမများတွင်ပြေးလွှားနေသော မော်တော်ယာဉ်စီးရေများလည်း လက်ရှိပမာဏ ထက် အစဉ်မြင့်တက်လာနေသည်။ ထို့ကြောင့် မြို့ပြ၏ လက်ရှိလမ်းမများသည် ယာဉ်စီးရေနှင့်မမျှဖြစ်ကာ ယာဉ်ပိတ်ဆို့မှု များလည်းဖြစ်ပေါ်လာရသည်။ နံနက်မိုးလင်းမှ မိုးချုပ်သည်အထိ လမ်းမများပေါ်တွင် တမေ့တမော စောင့်ဆိုင်းနေရ သည့် မြို့ပြ၏ ယာဉ်ကြောပိတ်ဆို့မှုမှာ မြို့ပြတာဝန်ရှိသူများအဖို့ ခေါင်းခဲစရာ ပြဿနာတစ်ပုဒ်လိုဖြစ်လာခဲ့ သည်။
မြို့ပြ၏ပထ၀ီအနေအထားအရ မြို့တွင်း၌ နောက်ထပ်လမ်းမများ ဖောက်လုပ်ဖို့ရာ မဖြစ်နိုင်တော့သော အခြေအနေတွင် အဆိုပါပြဿနာကို ဖြေရှင်းရန်မှာ မြေပေါ်မှာပင် မိုးပျံရထားလမ်း၊ကားလမ်းများ သို့ interchange များတည်ဆောက်မည်လော၊ ဒါမှမဟုတ် မြေအောက်တွင် ရထားလမ်း၊ကားလမ်းများ တည်ဆောက်မည်လော ဟူ၍ စဉ်းစားရွေးချယ်စရာ အဖြေနှစ်ရပ်ထွက်လာသည်။ ထိုနည်းလမ်းများမှာ မြို့ပြအိုးအိမ်ဆောက်လုပ်ရေးကဏ္ဍတွင် လည်း အသုံးပြုနေပြီဖြစ်သည်။ မြို့ပြသို့ရွှေ့ပြောင်းအခြေချမှုများလာသည်နှင့်အမျှ တိုးပွားလာသော လူဦးရေနှင့် အညီ နေထိုင်ရန်အိုးအိမ်များလည်း အများအပြားလိုအပ်လာပြီဖြစ်သောကြောင့် မြို့ပြအိုးအိမ်စီမံခန့်ခွဲရေးဌာနများ သည် နောက်ထပ်အိမ်ရာများကို ဆောက်လုပ်ရာတွင် မြေနေရာ အခက်အခဲကြောင့် အထပ်မြင့်အိမ်ရာများ ဆောက် လုပ်မည်လော၊ သို့မဟုတ် မြေအောက်အဆောက်အဦးများ underground complex ဆောက်လုပ် အစားထိုးမည် လော ဟုရွေးချယ်ဆုံးဖြတ်လာရသည်။ အဆိုပါပြဿနာများမှာ မိမိတို့တွင် လက်ရှိရရှိထားပြီးဖြစ်သည့် ဆောက် လုပ်ရေးနည်းပညာများ၊ မြို့ပြသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများ၊ မြို့ပြ၏ ပထ၀ီနှင့်ဘူမိအနေအထား များပေါ်တွင်လည်း များစွာမူတည်လျက်ရှိသည်။
ရှေးယခင်ကတည်းက မြေအောက်ဥမင်များကို သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ မြို့ရေပေးဝေရေးနှင့် ရေဆိုးစွန့်ထုတ်ရေး၊ လျှပ်စစ်ဓာတ်အားပေးပို့ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စစ်ဘက်ဆိုင်ရာနှင့်အခြားသော ရည်ရွယ်ချက်များစွာအတွက် ဖောက်လုပ်အသုံးပြုကြသည်။ ယခုခေတ်တွင် အဆိုပါရည်ရွယ်ချက်များအပြင် လူနေ အိမ်ရာများ၊ ကားထားရန်နေရာများ၊ဈေးများ၊ရုံးများ စသည့် public complex များအတွက်ပါရည်ရွယ်ကာ မြေအောက်ကမ္ဘာသို့ လူများတိုးဝင်အခြေချလာကြသည်။ မြေပေါ်၊မြေအောက် လူတို့၏အတတ်ပညာဖြင့် လိုသလို ဖန်တီးအသုံးပြုလာကြသည်။ အခက်အခဲအတားအဆီးမှန်သမျှကို ကျော်လွှားပြီး မြေလျှိုး၊မိုးပျံနိုင် လာကြပြီဖြစ် သည်။ ဆောက်လုပ်ရေးနည်းပညာများကလည်း တနေ့တခြားတိုးတက်နေသည်။ ထို့ကြောင့် မြို့ပြဆောက်လုပ်ရေး ဘာသာရပ်နှင့် မီထရိုပိုလီတန် ဘာသာရပ်ကျောင်းသားများအနေဖြင့် ခေတ်နှင့်အညီတိုးတက်နေသော နည်းပညာ များကို မျက်ခြေမပျက်လေ့လာနိုင်ရန် အထူးအားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld