* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Emergency call in Metropolitan

စာရေးသူ © MyMetro |

၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံရေးပြောင်းလဲ ဖြစ်ပေါ်မှုများနဲ့အတူ အကြမ်းဖက်ဝါဒ ဟာလည်း လက်ရှိ အခြေအနေမှာ နိုင်ငံတိုင်းမှာ ခြိမ်းခြောက်မှု တစ်ခုဖြစ်လာပါတယ်။ အကြမ်းဖက်သမား ဆိုတာဟာလည်း ခေါင်းမှာချိုပါတာ မဟုတ်လို့ ဘယ်သူက ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာကို ကြိုတင် တွက်ဆနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ လူစည်ကားရာ နေရာများဟာလည်း အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။ လူအများအတွက် လုံခြုံမှု၊ စိတ်ချရမှုဟာ အခုအချိန်မှာ နံပါတ်တစ် အကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့် ရုံးများ၊ ကျောင်းများ၊ ဈေးများစတဲ့ လူအများသွားလာ လှုပ်ရှားရာနေရာများမှာ နည်းလမ်းအမျိုးမျိုးနဲ့ လုံခြုံရေး စီမံချက်များကို ပြုလုပ်ထားကြပါတယ်။

အဲဒီအထဲမှာ မြေအောက် ရထားလမ်းတွေ၊ ဘူတာရုံတွေ ဟာလည်း အကြမ်းဖက်သမားများရဲ့ ပစ်မှတ်တစ်ခု ဖြစ်တာမို့လို့ အဓိကထားပြီး ကာကွယ်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုခံခဲ့ရတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဟာ အထက်မှာ တင်ပြခဲ့တဲ့အတိုင်းပဲ နေရာ၊ အချိန်မရွေး ဖြစ်ပေါ်နိုင်တာမို့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနည်းတူ ခရီးသွားပြည်သူများ အနေဖြင့်လည်း အထိုက်အလျောက် ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်လူ၊ ပစ္စည်းစတဲ့ အခြေအနေတစ်ခုခုကို တွေ့ရှိတာနဲ့ သက်ဆိုင်ရာကို အချိန်မှီ အကြောင်းကြားဖို့လိုပါတယ်။ ဒီပိုစ့်မှာတော့ မီထရိုပိုလီတန်များမှာ တပ်ဆင်ထားတဲ့ အကြမ်းဖက်မှု ကာကွယ်ရေးအတွက် အရေးပေါ် သတင်းပို့စက်(သို့) emergency call column အကြောင်းကို တင်ပြပေးသွားမှာပါ။

ဒီ emergency call column တွေကို မြေအောက်ဘူတာရုံများ၏ ပလက်ဖောင်းများ၊ ၀င်ပေါက် အဆောက်အအုံများနဲ့ ရထားလိုင်းချိန်းရာ လူအများဆုံသည့် နေရာများတွင် မြင်သာထင်ရှားစွာ စိုက်ထူထားပါ သည်(ပုံတွင်ရှု)။ မော်စကိုမြို့ မီထရိုပိုလီတန်တွင် အနီရောင်နှင့်အပြာရောင် တ၀က်စီစပ်ထားသည့် သတင်းပို့စက်များကို ဘူတာရုံတိုင်း၊ ၀င်ပေါက် အဆောက်အအုံတိုင်းတွင် စိုက်ထူထားပါသည်။ အခြားသော မြို့ကြီးများ၏ မီထရိုများတွင်လည်း ထိုကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အကယ်၍ ခရီးသွားတစ်ဦးဦး အနေဖြင့် မသင်္ကာဖွယ်ရာ အခြေအနေ တစ်ရပ်ရပ်ကို တွေ့ရှိပါက အဆိုပါ အရေးပေါ် သတင်းပို့စက်၏ အနီရောင်ဘက်ခြမ်း (alarm ခေါင်းလောင်းပုံပါဘက်ခြမ်း)ရှိ သတင်းပို့ ခလုပ်ကိုနှိပ်၍ အော်ပရေတာထံသို့ အကြောင်းကြားဖို့လိုပါသည်။ ထိုအခါ အော်ပရေတာမှ တဆင့် သက်ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့များသို့ သတင်းရောက်ရှိမည်ဖြစ်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို အချိန်မှီ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အကယ်၍ ခရီးသည်တစ်ဦးအနေဖြင့် မိမိသွားလိုသည့် ခရီးစဉ်၊ အချိန်၊ ရထားနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အဆိုပါ သတင်းပို့စက်၏ အပြာရောင်ဘက်ခြမ်းတွင်ရှိသော information ခလုပ်ကိုနှိပ်၍ မိမိသိလိုသမျှကို မေးမြန်းစုံစမ်းနိုင်ပါသည်။ ထို့အပြင် အဆိုပါ သတင်းပို့စက်ဖြင့် ရထားပေါ်နှင့် ဘူတာရုံများအတွင်း ခရီးသွားများ၏ မေ့ကျန်ပစ္စည်းများအတွက် မေးမြန်းစုံစမ်းနိုင်ခြင်း၊ မီထရိုပိုလီတန် အတွင်းလိုက်နာရန် စည်းကမ်း ဖောက်ဖျက်မှုများနှင့် အရေးပေါ် ကျန်းမာရေး အကူအညီများအတွက် သတင်းပို့နိုင်ခြင်း၊ ခရီးသွား ပြည်သူများအပေါ် လူရမ်းကားများ၏ နှောင့်ယှက်မှု၊ တိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့ကဲ့သို့ နိုင်ငံခြား ကျောင်းသားများ မကြာခဏ ကြုံတွေ့ရလေ့ရှိသော လူရမ်းကားများ၏ နှောင့်ယှက်မှုကို ကာကွယ်နိုင်ရန်နှင့် မီထရိုအတွင်း အခြားသော အကူအညီများ တောင်းခံနိုင်ရန်အတွက် အရေးပေါ်သတင်းပို့ စက်ကို အသုံးပြုနိုင်စေရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Unknown April 3, 2007 at 11:35 PM  

    hello
    i'm reading your blog, but not yet end
    while i reading your blog, i saw about "emergency call column"
    i never heard about this before
    now i know about this and when i'll go abroad i can know how it was used.
    your fri
    ei ei

  2. MyMetro April 4, 2007 at 8:41 AM  

    thanks alot Ma ei.. u r right :)

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.