* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

EPB Tunneling Machine

စာရေးသူ © MyMetro |


View imageView image

ဥမင်ဖောက်လုပ်တဲ့အခါမှာ မြေအမျိုးအစားကို လိုက်ပြီးတော့ အသုံးပြုရတဲ့ Tunnel boring machine(TBM) အမျိုးမျိုးရှိပါတယ်။ အဓိက အချက်ကတော့ ဥမင်တူးဖော်နေစဉ်မှာ မြေပြိုမကျဖို့ပါပဲ။ စက်ရွေးချယ်တဲ့နေရာမှာ မိမိတို့ တူးဖော်မယ့်ဒေသရဲ့ မြေအမျိုးအစားကို သေသေချာချာစမ်းသပ်ပြီး သင့်တော်မယ့်စက်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တူးဖော်နေတဲ့ဥမင် မျက်နှာပြင် မပြိုကျဖို့အတွက် အသုံးပြုနေတဲ့ စက်အမျိုးအစားကို ၄ မျိုးခွဲလို့ရပါတယ်။ ပထမအမျိုးအစားကတော့ ဥမင်မျက်နှာပြင်ကို သိပ်ခဲစေဖို့အတွက် အရည် တစ်မျိုးမျိုးကိုဦးစွာ ထည့်သွင်းပြီးမှ လွန်သွားစက်(သို့) Cutter assembly တစ်ခုခုနဲ့ မြေသားကို တူးထုတ်ခြင်း ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ တူးဖော်ပြီးတဲ့ မြေသားနဲ့ပဲ ဥမင်မျက်နှာပြင်ကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ တတိယနည်းကတော့ လေဖိအားနည်း မျက်နှာပြင်ကို တည်ငြိမ်မှုရအောင် ပြုလုပ်ခြင်းဖြစ်ပြီး၊ နောက်ဆုံးနည်းကတော့ Combine machine များနဲ့ မြေသားကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။

ဒီပို့စ်မှာတော့ Earth Pressure Balance Shield ဆိုတဲ့ ဥမင်မျက်နှာပြင်ကို မြေသားနဲ့ပဲ ပြန်ထိန်းညှိတဲ့ စက်အမျိုးအစားအကြောင်းကို တင်ပြသွားမှာပါ။ ဒီစက်အမျိုးအစားကို ထပ်ပြီး မြေသားသက်သက်နဲ့ ထိန်းညှိတဲ့ နည်း၊ မြေသားထဲကို Clay paste ရောနှောထည့်သွင်းပြီး ဥမင်မျက်နှာပြင်ရဲ့ stability ကိုထိန်းတဲ့နည်းနဲ့ scum paste တစ်ခုခုရောနှော ထည့်သွင်းရတဲ့ နည်းဆိုပြီး ၃ မျိုးထပ်ခွဲခြားနိုင်ပါတယ်။ Shield ကိုတည်ဆောက် ထားပုံကတော့ အသုံးပြုမဲ့နည်းကိုလိုက်ပြီး အနည်းငယ်သာ ကွဲပြားပေမယ့် ပုံစံခြင်းကတော့ အတူတူပဲဖြစ်ပါတယ်။ စက်ရဲ့ရှေ့ပိုင်းမှာ Cutters တွေပါတဲ့ wheel အဝိုင်းကြီးရှိပြီး၊ သူ့ကိုထိန်းကြောင်း မောင်းနှင်ပေးတဲ့ စက်ကို Shield casing ထဲမှာတပ်ဆင်ထားပါတယ်။ စက်ရှေ့ကို ရွေ့လျားဖို့အတွက် ဟိုက်ဒရောလစ် ဆလင်ဒါတွေကို တပ်ဆင် ထားပါတယ်။ Casing ရဲ့ တူးဖော်တဲ့ အပိုင်းနဲ့ စက်ကို မောင်းနှင်တဲ့ နေရာတွေကို ရေလုံတဲ့ diaphragm နဲ့ကာကွယ်ထားပါတယ်။ တူးပြီးသား မြေစာတွေကို လွန်သွားဒလက် (screw conveyor) နဲ့ မြေပေါ်ကို ပို့မယ့် Conveyor belt ပေါ်ကို ပို့ပေးပါတယ်။ စက်ရဲ့နောက်ပိုင်း အခန်းမှာတော့ ဥမင်နံရံ lining segments တွေကို တပ်ဆင်ပေးမယ့် erector ကိုတပ်ဆင်ထားပါတယ်။

စက်ရဲ့လုပ်ဆောင်ပုံကတော့ Cutting wheel ကတူးထုတ်လိုက်တဲ့ မြေစာတွေဟာ Cutting wheel နောက်ဖက်မှာရှိတဲ့ Cantledge chamber ထဲကိုရောက်ပြီး Clay paste သို့မဟုတ် မြေသားသက်သက်နဲ့ပဲ ပထမဦးစွာ ဥမင်မျက်နှာပြင်ကို တွန်းကန်ထားပြီးတော့ မြေသားနဲ့ စက်တို့ရဲ့ stability ကိုထိန်းထားပါတယ်။ နောက် တဆင့်အနေနဲ့ တူးပြီးသား မြေစာတွေကို Screw conveyor နဲ့တဆင့်သယ်ယူပြီး မြေပေါ်ကို သယ်ပို့မယ့် conveyor belt ပေါ်ကို ပို့ပေးပါတယ်။ ထို့နောက်မှာတော့ Shield တစ်ခုလုံးကို ရှေ့ကိုရောက်အောင် ဟိုက်ဒရောလစ် ဆလင်ဒါတွေနဲ့ တွန်းပို့ပေးပါတယ်။ Shield တစ်ခုလုံးရှေ့ကို ရောက်သွားတဲ့ အချိန်မှာတော့ လွတ်သွားတဲ့နေရာမှာ lining segment တွေကို Erector ရဲ့အကူအညီနဲ့ တပ်ဆင်ပါတယ်။ lining segment တွေကတော့ Cast iron (သို့) reinforce concrete ပဲဖြစ်ပါတယ်။

ဤစက်အမျိုးအစားနဲ့ တူးဖော်နိုင်တဲ့ မြေအမျိုးအစားများကတော့ ရွှံ့မြေ၊ သဲအနည်းငယ် ရောစပ်ပါဝင်ပြီး စိုထိုင်းဆများတဲ့ ရွှံ့မြေများပဲ ဖြစ်ပါတယ်။ လက်တွေ့တူးဖော်မှုများအရ အထက်ပါမြေအမျိုးအစားများ အပါအ၀င် ရွှံ့ကျောက်လွှာများအထိပါ အဆိုပါစက်ကို အသုံးပြုနိုင် တယ်လို့သိရပါတယ်။

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.