* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Pilot Tunnel

စာရေးသူ © MyMetro |



View image


(here, pilot means not a person who operates the flying controls of an aircraft, it is an experiment or test before wider introduction)
ဥမင်တစ်ခု ဖောက်လုပ်တဲ့ ယေဘူယျနည်းလမ်းများကို ဥမင်နဲ့ မီထရိုပိုလီတန် ကျောင်းသားများ အနေနဲ့ အတော်များများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အခုပို့စ်မှာတော့ ဥမင် ဖောက်လုပ်တဲ့ Construction technology တွေထဲက ကျောင်းသား အတော် များများ မသိရှိသေးတဲ့ နည်းလမ်းတစ်ခုကို တင်ပြပေးသွားပါမယ်။ အဲဒါကတော့ Pilot tunneling method လို့ခေါ်တဲ့ နည်းပါပဲ။ ဒီနည်းကို underground station တွေဆောက်လုပ်တဲ့ နေရာမှာ အများအားဖြင့် အသုံးပြုပါတယ်။ ဒါ့အပြင် ရထားလမ်းဥမင်များနဲ့ station တွေဆုံတဲ့နေရာမှာလည်း ဒီနည်းကို အသုံးပြု ဖောက်လုပ်ပါတယ်။ ဘာဖြစ်လို့ ဒီနည်းကို အသုံးပြုရတာလဲလို့ ဆိုရင်။ ရှင်းရှင်းလေးပါ။ ဘူမိမြေအနေအထား ဆိုးရွားလို့ပါပဲ။ ရေဝပ်နေတဲ့ နုံးမြေ၊သဲနဲ့ ရွှံ့မြေ။ မြေအောက် ရေ အမြဲတစေ စိ့မ်နေတဲ့ မြေကြီးရဲ့ ခံနိုင်ဝန်အားနည်းတဲ့ မြေအမျိုးအစားတွေမှာ ဥမင်ဖောက်လုပ်ရင်၊ station ဆောက်ရင် ဒီနည်းလမ်းဟာ အသင့်တော်ဆုံးပါပဲ။ အဲဒီလိုမြေမျိုးမှာ အရွယ်အစား ကြီးမားတဲ့ ဥမင်တွေ၊ အဆောက်အအုံ တွေကို တခါတည်း တူးဖော် ဆောက်လုပ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ မြေပျိုကျနိုင်လို့ပါပဲ။

Pilot tunnel ဖောက်လုပ်တဲ့နည်းကတော့ ပထမဦးစွာ မိမိတို့ ရည်ရွယ်ထားတဲ့ ဥမင် အရွယ်အစား အတိုင်း မဖောက်ခင် အရင်ဆုံး အရွယ်အစားသေးတဲ့ ဥမင်လေးကို ဖောက်လုပ်ပြီးမှ plan မှာပါတဲ့အတိုင်း မူလဥမင် ကို ဆက်လက် ဖောက်လုပ်ခြင်း ပဲဖြစ်ပါတယ်။ ဥမင်ကိုယ်ထည်ကိုတော့ Reinforced concrete lining သို့မဟုတ် Cast iron lining block တွေကိုအသုံးပြု ဖောက်လုပ်ပါတယ်။ (ဥမင်ဖောက်ရာမှာ ဒီ lining တွေပဲရှိပါတယ်။ ဒီထက်ကောင်းတဲ့ material မပေါ်သေးပါဘူး။ စကားချပ်။) ဒီနည်းလမ်းဟာ မူလဥမင် အရွယ်အစား အတိုင်း ဖောက်လုပ်ရမယ့် ဥမင် မျက်နှာပြင် ပမာဏကို လျော့ချရာ ရောက်ပြီး ဥမင် အသေး(pilot tunnel)ရဲ့ အရွယ်အစားနဲ့ တပ်ဆင်ထားတဲ့ lining တွေကြောင့် မူလ ရည်မှန်းထားတဲ့ ဥမင်ရဲ့ တောင့်တင်း ခိုင်မာမှုကို လုံခြုံစိတ်ချရစေပါတယ်။ အကယ်၍ ဥမင်အမိုးပိုင်းမှာ ရေစိမ့်မြေ၊ ရေ၀ပ်မြေ သို့ stability မကောင်းတဲ့ မြေမျိုး ဆိုရင် Pilot tunnel ထဲကနေ အရင်ဆုံး မြေသားကို အခြောက်ခံတာပဲ ဖြစ်ဖြစ်၊ မြေသားခံနိုင်ဝန်အား ကောင်းအောင် စောစောစီးစီး ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Station တွေဆောက်လုပ်တဲ့ နေရာမှာ Station ရဲ့အလျား မရှည်လွန်းတာ ကြောင့်လည်း Pilot tunnel ကို အရင်ဆုံး ဖောက်လုပ်ပြီးစီးမှသာ မူလဥမင်ကြီးကို ဆက်လက်ချဲ့ထွင် ဖောက်လုပ်တာ များပါတယ်။ အခြား နည်းလမ်းကတော့ ဥမင်အလျားရှည်တဲ့ အခါမှာ Pilot tunnel ကို ရှေ့ကဖောက်၊ နောက်က ၁၅-၂၀ မီတာ အကွာကနေ မူလဥမင်ကြီးကို ဆက်ပြီး ချဲ့ထွင်တဲ့နည်းပါ။

တူးဖော်တဲ့ နည်းကတော့ မိုင်းခွဲတဲ့နည်း သို့မဟုတ်၊ မြေတူးစက်များနဲ့ တူးဖော်ပြီး ဥမင်မျက်နှာပြင် ပြိုမကျစေဖို့ အတွက် ယာယီ သစ်သားပျဉ်ချပ်များနဲ့ ခုခံထားပြီး ၎င်းတို့ကို သံမဏိပိုက်လုံးများနဲ့ ထိန်းချုပ်ထားပါတယ်။ Lining segment(block) များကို Block erector နဲ့တပ်ဆင်ပြီးတော့ Pilot tunnel ရဲ့ အချင်းက ၅.၅ မီတာရှိပါတယ်။ ဥမင်ရဲ့ Cutting length(глубина заходки) ကတော့ block ရဲ့အလျားအတိုင်း ၀.၇၅ မီတာ ဖြစ်ပါတယ်။ ဥမင် ရဲ့ ၀င်ရိုးလမ်းကြောင်းကိုတော့ တူးဖော်ဖို့ အသင့်တော်ဆုံး ဖြစ်မယ့်နေရာနဲ့ ဘူမိအနေအထားအရ ဥမင်ရဲ့ Stability အကောင်းဆုံး ဖြစ်မယ့်နေရာမှာ ထားရှိပါတယ်။ ပုံမှန်အားဖြင့်တော့ Pilot tunnel နဲ့ မူလဥမင်တို့ကို ဒေါင်လိုက် အချိုးညီစွာ ဆောက်လုပ်ကြပါတယ်။ Station တစ်ခုရဲ့ Lateral tunnel တွေကိုဖောက်လုပ်တဲ့ အခါမှာ ရထားလမ်းဥမင်နဲ့ ဆက်စပ်သွားတဲ့ အတွက် ဥမင်နှစ်ခုရဲ့ ၀င်ရိုးဟာ ဒေါက်လိုက် တထပ်တည်းမကျပါဘူး(pic-1)။ ပင်မ Terminal tunnel ကိုဖောက်တဲ့ အခါမှာတော့ ၀င်ရိုးနှစ်ခုလုံးဟာ ဒေါင်လိုက် တထပ်တည်းကျ ပါတယ် (pic-2)။

Pilot tunnel ထဲက တူပြီးသား မြေစာတွေကို သယ်ထုတ်ဖို့ ဥမင်ထဲမှာ ရွေ့လျားနိုင်တဲ့ ငြမ်းစင်ပေါ်မှာ မြေသယ်တဲ့ bunker တစ်ခုကို တပ်ဆင်ထားပါတယ်။ ပင်မဥမင် အတွက် မြေသားတွေ ချဲ့ထွင်တဲ့အခါမှာတော့ Pilot tunnel က lining segments တွေကို ပြန်ဖြတ်ပါတယ်။ အဲဒီအခါမှာ segments တွေပြန်ဖြုတ်ဖို့ block erector သို့မဟုတ် အထူး ပြုလုပ်ထားတဲ့ ပူလီကြိုးကို အသုံးပြုပါတယ်။ ကျန်တဲ့ အပိုင်းများကတော့ ပုံမှန် ဥမင်ဖောက်လုပ်တဲ့ နည်းများအတိုင်းပဲ ဖြစ်ပါတယ်။ Pilot tunneling method ကတော့ ဥမင်ဖောက်လုပ်တဲ့အခါ၊ Station ဆောက်လုပ်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေများမှာ အသုံးပြု ရတဲ့နည်းပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ Construction technology ကို သင်ကြားနေရသူများ အတွက် ဆောက်လုပ်ပုံ နည်းစနစ် များကို လေ့လာနိုင်စေဖို့ ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Unknown March 29, 2007 at 8:46 PM  

    nyi lay write tae pilot ka a yan sate win sar poe kg par tal,,,ba hu thu ta lae ya tal,,thanks nyi lay !! sat write par oo !!

  2. Anonymous December 29, 2007 at 4:38 AM  

    ကျေးဇူးပါ.....ချစ်ကိုကြီး

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.