ဗီ
ယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတွင် ဆောက်လုပ်မည့် မီထရိုပိုလီတန် စီမံကိန်းတွင် ပါဝင်သည့် ရထားလိုင်း သုံးလိုင်း အနက် တစ်လိုင်းကို ၂၀၁၀ ခုနှစ်တွင် အပြီး တည်ဆောက် မည် ဖြစ်ကြောင်း ယခင်နှစ်ကုန်ပိုင်းတွင် ကြေငြာခဲ့သည်။ အဆိုပါ ရထားလိုင်းမှာ ၁၄ ကီလိုမီတာ ရှည်လျားကာ မြေအောက်တွင် လုံးလုံးတည်ရှိမည် ဖြစ်ပြီး main station မှ မြို့တော် အနောက်ပိုင်းရှိ နွန်းဧရိယာကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ၎င်းလိုင်းကို ဖောက်လုပ်မည့် ကုန်ကျစရိတ်မှာ ၅၀၀ မီလီယံ ဒေါ်လာခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ပြင်သစ်နိုင်ငံမှ ချေးငွေ ၂၀၀ မီလီယံ ဒေါ်လာ ထည့်ဝင်ထားပြီး ကျန်ငွေကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပံ့ပိုးကူညီမည်ဟု သိရှိရသည်။


Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld