* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ဒီ

ပို့စ်မှာ ဖော်ပြသွားမှာက Pipe jacking ဆိုတဲ့ ဥမင်တူးဖော်နည်း တစ်ခုဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ ခေတ်ရဲ့ တောင်းဆိုချက်တွေအရ ဥမင်များစွာကို ရည်ရွယ်ချက်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ တူးဖော်ကြပါတယ်။ အသုံးပြုရာ ကဏ္ဍကိုလိုက်ပြီး ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ကွဲပြားပါတယ်။ အရင်ပို့စ်တွေမှာ အရွယ်အစားကြီးမားတဲ့ ပုံမှန် သယ်ယူပို့ဆောင်ရေး ဥမင်များကို ဖော်ပြခဲ့ပါတယ်။ အခုဖော်ပြမယ့် နည်းကတော့ ပုံမှန် သယ်ယူ ပို့ဆောင်ရေး အတွက်မဟုတ်တဲ့ မြို့ပြ ဆက်သွယ်ရေး နဲ့ ရေပေးဝေရေး၊ အခြားသော ၀န်ဆောင်မှု လုပ်ငန်းသုံး ဥမင်များဖောက်လုပ်တဲ့ အခါမှာ အသုံးပြုတဲ့ နည်းဖြစ်ပါတယ်။ ပုံမှန် မြေအောက်ရထားလမ်း ဥမင်တစ်ခုရဲ့ အချင်းဟာ အနည်းဆုံး ၅.၅ မီတာရှိပါတယ်။ မော်တော်ကားလမ်း ဥမင်များကတော့ ဒီထက် ပိုမိုကြီးမားပါတယ်။

အချင်း ၄ မီတာအောက် အရွယ်အစားရှိတဲ့ ဥမင်တွေဟာ Microtunnelling ဆိုတဲ့ အရွယ်အစား သေးငယ်တဲ့ ဥမင်အမျိုးမျိုးအစားထဲမှာ ပါရှိပါတယ်။ ဥမင် အချင်း ၂၅၀ မီလီမီတာ ကနေ ၄ မီတာ အရွယ်အစားရှိတဲ့ ဥမင်များကို ဒီ Microtunnelling နည်းပညာနဲ့ပဲ တူးဖော်ပါတယ်။ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး ဆက်ကြောင်းတွေမှာ ရထားလမ်းနဲ့ ကားလမ်းဆုံတွေ့တဲ့ အခါ သွားလာမှုကို ရပ်တန့်ထားရမယ့် အခါမျိုး၊ မြို့တော်ရဲ့ ရေပေးဝေရေး လုပ်ငန်းနဲ့ အခြားစွမ်းအင် ပေးပို့ရေးဆိုင်ရာတွေမှာ ဆက်သွယ်မယ့် ဧရိယာတစ်လျှောက် အခြားသော အဆောက်အအုံများ၊ သဘာဝ ပတ်ဝန်းကျင်များကို ဖယ်ရှားရမယ့် အခါမျိုးတွေမှာ ယခင်ကလို မြောင်းတူးပြီး ပိုက်ချသွယ်တန်း နေစရာမလိုတော့ပဲ ဒီ Microtunnelling နည်းပညာနဲ့ အသုံးပြုပြီး အထက်ပါ အခက်အခဲများကို ကျော်လွှားလာနိုင်ပြီ ဖြစ်ပါတယ်။ Pipe jacking method ကတော့ Microtunnelling နည်းပညာထဲက အဆိုပါ ဥမင်များကို ဖောက်လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

View image

သယ်ယူပို့ဆောင်ရေး ဥမင်များကို ဖောက်လုပ်ရာမှာ TBM( tunnel boring machine) တွေကို အသုံးပြုပါတယ်။ Shield tunneling method လို့လည်း ခေါ်ပါတယ်။ ဒီ Pipe jacking method မှာလည်း Shield tunneling machine ကိုပဲ အသုံးပြုပါတယ်။ ကွာခြားပုံကတော့ သယ်ယူ ပို့ဆောင်ရေး ဥမင်တွေမှာ အသုံးပြုတဲ့ စက်တွေက မြေသားကို တူးဖော်ဖြိုခွဲပြီးတဲ့ အခါမှာ စက်ရဲ့နောက်ပိုင်းမှာ တဆက်တည်းတပ်ဆင်ထားတဲ့ Hydraulic jacks တွေရဲ့တွန်းအားနဲ့ အရှေ့ကို ဆက်လက် ရွေ့လျားပါတယ်။ Pipe jacking method မှာ အလုပ်လုပ်တဲ့ စက်ကတော့ မြေကြီးကို တူးဖော်ဖြိုခွဲပြီးတဲ့ အခါမှာ စက်ရှေ့ကို ဆက်လက်ရွေ့လျားစေမယ့် Hydraulic jacks တွေကို ပင်မဥမင်မြောင်း(launch shaft <သို့> Start shaft ဟုလည်းခေါ်ကြသည်။) ထဲမှာ တပ်ဆင်ထားပါတယ်။ ပုံတွင်ကြည့်ပါ။ ထိုပင်မမြောင်းထဲက hydraulic jacks များရဲ့ တွန်းအားနဲ့ စက်ပါမက ဥမင်ကိုယ်ထည်ကြီး တစ်ခုလုံးပါ ရွေ့ရှားပါတယ်။ ဥမင်တူးဖော်ရေး လုပ်ငန်းတစ်ခုလုံးဟာ မြေအောက်ထဲမှာပဲ တည်ရှိပါတယ်။ ဥမင်စတင် ဖောက်လုပ်မယ့်နေရာ နဲ့ ဆုံးမယ့်နေရာမှာ ကနဦးမြောင်း(ဒေါင်လိုက်ပုံသဏ္ဍာန်ရှိသော တွင်း)နဲ့ လက်ခံမြောင်း နှစ်နေရာပဲ မြေပေါ်မှ တူးဖော်ဖို့လိုပါတယ်။ ၎င်းမြောင်းများမှာ တပ်ဆင်မယ့် Hydraulic jack နဲ့ ဥမင်ရဲ့ Lining segments တွေကို ချပေးဖို့ နေရာလုံလောက်ရင် ရတာမို့လို့ မြေနေရာ ရှားပါးတဲ့ မြို့ပြဧရိယာထဲမှာ လုပ်ငန်းခွင်နေရာ ကျယ်ကျယ်ဝန်းဝန်းလည်း မလိုအပ်ပါဘူး။ မြောင်းများရဲ့ အချင်းဟာ အများဆုံး ၅ မီတာမှ ၆ မီတာထိသာ ရှိပါတယ်။

View image

Shield ကတူးထုတ်လိုက်တဲ့ မြေစာတွေကို Conveyor system နဲ့ပဲ မြေပေါ်ကို ပို့ဆောင်ပါတယ်။ ဥမင်ရဲ့ အရွယ်အစားသေးတာကြောင့် Lining segments တွေကို shield ရဲ့နောက်မှာ မတပ်ဆင်ပဲ Launch shaft ထဲမှာပဲ တပ်ဆင်ပါတယ်။ ဒါကြောင့် lining segments တစ်ခုရဲ့ အလျားဟာ shield ကတူးထုတ်လိုက်တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရှေ့က Shield ကပထမ ဦးစွာ မြေသားကို တူးထုတ်၊ အဲဒီမြေစာကို Conveyor belt နဲ့ သယ်ပို့၊ လွတ်သွားတဲ့ နေရာကို Hydraulic jacks များနဲ့ ရှေ့ကို တွန်းပို့၊ ပြီးမှ နောက်ထပ် Lining segment ကို တပ်ဆင်ပြီး ဥမင်ကို ဖောက်လုပ်သွားပါတယ်။ ဒီတော့ မြေကြီးတူးဖော်ရာမှာ အဓိက အကျဆုံးဖြစ်တဲ့ Shield ဟာ မြေကြီးကို ထိုးခွဲနိုင်ဖို့နဲ့ ဥမင်မျက်နှာပြင် ပြိုမကျဖို့(Ground stability) ကိုထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ၎င်း Shield နဲ့ နောက်မှာ တဆက်တည်း ပါရှိတဲ့ Lining segment တို့ရဲ့ အဆက်ကလည်း Hydraulic jacks များရဲ့ တွန်းအားကို ခံရမှာ ဖြစ်လို့ မာကျောဖို့နဲ့ သက်ရောက်လာမယ့် Pressure ကို လိုက်လျောညီထွေဖြစ်စွာ ခံနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း Shield ရဲ့ direction ပြောင်းလဲတဲ့အခါမှာ ဥမင်ရဲ့ ရေပြင်ညီနဲ့ ဒေါင်လိုက်လမ်းကြောင်း alignment ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။ Lining segments တွေဟာလည်း သာမန် segments တွေထက် pressure ဒဏ်ကို ပိုမိုခံနိုင်ဖို့လိုပါတယ်။ Pipe jacking method ဟာ ဥမင်အစအဆုံး Hydraulic jacks တွေရဲ့ တွန်းအားနဲ့ ရွေ့လျားတာမို့လို့ ဥမင်ရဲ့ အလျား ရှည်လျားလာတာနဲ့ အမျှ သူ့ကို ပြန်တွန်းကန်နေတဲ့ resistance head ကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့် jacks တွေရဲ့ တွန်းအားဟာလည်း ပုံမှန်အတိုင်း မြင့်တက်လာရမှာ ဖြစ်ပါတယ်။ ဥမင်အလျား ရှည်လျားလာတဲ့အခါမှာ ဥမင်ရဲ့ ကိုယ်ထည် Lining နဲ့ မြေကြီးတို့ကြားမှာ ဖြစ်ပေါ်နေတဲ့ Friction force ကိုလျော့ချပေးဖို့ လိုလာပါတယ်။ ဒီအတွက် ဥမင် Lining ကြားထဲကို viscosity နည်းပါးတဲ့ noiseless emulsion၊ bentonitic slurry သို့မဟုတ် အခြား အရည်တစ်မျိုးမျိုးကို စက်ဆီ lubricating grease နဲ့ ရောပြီး 0.3 MPa-0.5 MPa ရှိတဲ့ pressure နဲ့ မှုတ်ထည့်ပေးရပါတယ်။ အများအားဖြင့် ဒီ grease jetting ကို Shield နဲ့ Lining segments တွေမှာ အတွင်းပိုင်းကနေပဲ ပြုလုပ်ကြပါတယ်။ တချို့အခြေအနေတွေမှာတော့ မြေပြင်ပေါ်ကနေ တွင်းငယ်များ တူးပြီးလည်း ပြုလုပ်ကြပါတယ်။

ပိုမိုအလုပ်တွင်စေတဲ့ နည်းလမ်းကတော့ ဥမင်တွေရှည်လာတဲ့ အခါမှာ Launch shaft က ပင်မ jacks တွေရဲ့ အားနဲ့တွန်းပို့ဖို့ရာ ခက်ခဲလာတဲ့ အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ရာ ကြားခံ Hydraulic jacks တွေကို Lining segments တွေရဲ့ ကြားထဲမှာ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီကြားခံ jacks တွေကို သံမဏိအခွံနဲ့ ပတ်ပတ်လည် ကာကွယ်ထားပါတယ်။

Shield ရဲ့မြေသားကို တူးဖော်တဲ့ အပိုင်းမှာ မြေအမျိုးအစားကို လိုက်ပြီးတော့ ရိုးရိုးမြေသား တူးထုတ်ခြင်း၊ စက်ပစ္စည်း အကူအညီဖြင့် mechanization နည်းနဲ့ အခြား မြေတူးစက် များနဲ့ တူးထုတ်တဲ့နည်းများကို အသုံးပြုပါတယ်။ ဒီနေရာမှာ တစ်ခုသိထားရမှာက Shield ရဲ့လုပ်ဆောင်ပုံပါပဲ။ Shield ကို မြေကြီးတူးဖော်တဲ့ နေရာမှာ မြေကြီးရဲ့ Stability ကိုထိန်းထားဖို့၊ ဥမင်ရဲ့ ပုံသဏ္ဍာန်ကို မပျက်ယွင်းစေဖို့နဲ့ တူးဖော်ရေး စက်ယန္တရားတွေကို အကာအကွယ်ပေးဖို့ အသုံးပြုတာဖြစ်ပါတယ်။ ယခုနောက်ပိုင်း Shield တွေမှာကျတော့ Shield ရဲ့ မူလ functions တွေအပြင် တူးဖော်ရေး စက်ယန္တရားများကိုပါ တပါတည်းတပ်ဆင်အသုံးပြုလာပြီး၊ ရွေ့လျားမှုအတွက် Driving machine တွေကိုပါ တပ်ဆင် အသုံးပြုကြတာမို့လို့ ယခင်ကထက် workability ပိုမို ကောင်းမွန်လာပါတယ်။

View image

ယခင်က ဒီ Pipe jacking နည်းနဲ့ တူးဖော်ရာမှာ ဥမင်အလျား အများဆုံး မီတာ ၅၀-၆၀ ထိသာ တူးဖော်နိုင်ပါတယ်။ ယခုနောက်ပိုင်း စက်တွေကတော့ လုပ်ဆောင်နိုင်စွမ်းအား ပိုမိုကောင်းမွန်လာတာမို့လို့ မီတာ ၁၀၀၀ ကျော်ကို ကြားခံ Hydraulic jacks တွေ မသုံးပဲနဲ့ တူးဖော်နိုင်လာပါတယ်။ ကြားခံ jacks တွေ အသုံးပြုခြင်းရဲ့ အကျိုး ကျေးဇူးကတော့ ဥမင်တူးဖော်ရာမှာ Pressure ကို အလွန်အမင်း အသုံးပြုစရာ မလိုတော့တာပဲ ဖြစ်ပါတယ်။ မြေအခြေအနေ အမျိုးမျိုးမှာ သင့်တော်တဲ့ lubricating grease ကိုလည်း အသုံးပြုတတ်ဖို့လိုပါတယ်။ Pipe jacking နည်းကတော့ ဒါပါပဲ။ ပိုမိုရှင်းလင်းနားလည်အောင် Pipe jacking နည်းမှာ အသုံးပြုတဲ့ Shield အမျိုးမျိုးနဲ့ လုပ်ဆောင်ပုံ နည်းစနစ်များကို ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။ ဒီနည်း အပေါ် မိမိတို့ရဲ့ ထင်မြင်ချက်များကိုလည်း ပေးပို့နိုင်ပါတယ်။

Related Links
Pipe Roof Method in Tunnel construction

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.