* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ကျွန်တော်တို့ သိရှိပြီးဖြစ်တဲ့ မြေအောက်ဥမင် အများစုရဲ့ ပုံသဏ္ဍာန်တွေဟာ အ၀ိုင်းပုံ၊ စက်ဝိုင်းခြမ်း ပုံသဏ္ဍာန်နဲ့ မြင်းခွာပုံသဏ္ဍာန်တွေ ဖြစ်ပါတယ်။ ဒီတစ်ခါ ဖော်ပြမှာကတော့ ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ရှိတဲ့ ဥမင် ဆောက်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ လေးထောင့်ပုံရှိတဲ့ ဥမင်တွေဟာ ဧရိယာ အကျယ်အ၀န်းကို အသုံးပြုနိုင်မှုပေါ် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စက်ဝိုင်းပုံဥမင်တွေထက် ပိုမိုကောင်းမွန်ပေမဲ့ မြေအောက်မှာ ဆောက်လုပ်ရ ခက်ခဲတာကြောင့် ၎င်းကို အသုံးပြုတာ နည်းပါးပါတယ်။ အရွယ်အစား ကြီးမားတဲ့ မြေအောက်ဥမင် ဖောက်လုပ်တဲ့ အခါမှာ အဆင်မပြေပေမဲ့ အရွယ်အစား သေးငယ်တဲ့ ဥမင်တွေ(ဥပမာ- ကားလမ်းဖြတ် လူကူးဥမင်များ၊ ရေပေးဝေရေး ဥမင်များ၊ လျှပ်စစ်နှင့် ကေဘယ်လ်ကြိုးများအတွက် ဥမင်များနဲ့ တခြား အင်ဂျင်နီယာဆိုင်ရာ ဥမင်များမှာတော့ ဒီလေးထောင့် ဥမင်တွေကို အသုံးပြုဖို့ သင့်တော်ပါတယ်။


View image

အဆိုပါ လေးထောင့်ဥမင်တွေကို ဖောက်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေး နည်းစနစ်ကတော့ အရင်ပို့စ်မှာ ဖော်ပြခဲ့ Pipe jacking နည်းပဲဖြစ်ပါတယ်။ ဥမင်ရဲ့ ဧရိယာသေးငယ်တဲ့ အတွက် ဒီနည်းကို အသုံးပြုဖို့ သင့်တော်ပါတယ်။ Pipe jacking နည်းကို သုံးတဲ့ အတွက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် ဧရိယာလည်း များများစားစား မယူပါဘူး။ ဒါကြောင့် မြို့ပြဧရိယာအတွင်းမှာ လုပ်ကိုင်ရမယ့် ဥမင်တူးဖော်ရေး လုပ်ငန်းတွေမှာ ဒီနည်းလမ်းဟာ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆောက်လုပ်ပြီးစီးခဲ့တဲ့ လေးထောင့်ပုံသဏ္ဍာန် ဥမင်များကို လေ့လာကြည့်ရင် Tunnel lining အတွက် ကွန်ကရစ် ကို အသုံးပြုထားပြီး ကြိုတင်သွန်းလောင်း ကွန်ကရစ် Precast concrete block များ ဖြစ်ကြပါတယ်။ Lining segment များကို Launch shaft ထဲမှာပဲ တပ်ဆင်ပြီး Hydraulic jacks များက ရှေ့ကိုတွန်းပို့ပေးပါတယ်။ ဥမင်တူးဖော်ရာမှာ အဓိက အပိုင်းနှစ်ပိုင်း ပါရှိပါတယ်။ အဲဒါတွေကတော့ ရှေ့က မြေကြီးကို တူးထုတ်မယ့် အပိုင်းနဲ့ ၎င်းမြေတူး ကိရိယာများနဲ့ ကျန် ဥမင်အစိတ်အပိုင်းများ အားလုံးရှေ့ကို တွန်းပို့တဲ့ အပိုင်းပါပဲ။ ဒီလို တွန်းပို့ဖို့အတွက် အထက်မှာ တင်ပြခဲ့တဲ့ အတိုင်း Hydraulic jacks များကို အသုံးပြုပြီး မြေကြီးကို တူးထုတ်ဖို့အတွက် လက်တံပါ မြေတူးစက်များကို အသုံးပြုပါတယ်။ ဥမင်ရဲ့ မျက်နှာပြင် တည်ငြိမ်မှုရှိစေဖို့ တူးဖော်တဲ့ Casing အပိုင်းကို ဒေါင်လိုက်နံရံများ အသုံးပြုပြီး ပင့်ထောက်ထားပါတယ်။ တူးပြီးသား မြေစာတွေကို ထုံးစံအတိုင်း Conveyor belt နဲ့ သယ်ထုတ်ပါတယ်။ တူးဖော်တဲ့ လုပ်ငန်းစဉ်များကတော့ Pipe jacking method အတိုင်းပဲ ဖြစ်ပါတယ်။

View image

အများအားဖြင့်ဒီဥမင်တွေကို လူကူးဥမင်များ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ကာလ တိုတောင်းပြီး နည်းပညာပိုင်းအရ အခက်အခဲ နည်းပါးတာကလည်း အသုံးပြုရခြင်းရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ ဒါကြောင့် တပြိုင်တည်းမှာ ဥမင်လုပ်ငန်း နှစ်ခု၊ သုံးခု လုပ်ဆောင်နိုင်ပါတယ်။ ဆောက်လုပ်ပြီး ဥမင်များမှာ အသုံးပြုခဲ့တဲ့ Lining segment တစ်ခုရဲ့ အတိုင်းအတာ တွေကတော့ အလျား၊အနံ ၂.၅ မီတာစီရှိပြီး ၃.၆ မီတာအရှည်ရှိပါတယ်။ အဆိုပါ အတိုင်းအတာများဟာ လုပ်ငန်းသဘာဝအရ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ အလွန်မာကျောသော မြေ၊ ရေစိမ့်ဝင်မှုများတဲ့ မြေအမျိုးအစားတွေမှာ ဖောက်လုပ်ဖို့ရာ မသင့်တော်ပါဘူး။ ဥမင် အလျားရှည်လျားလွန်းရင်လည်း နောက်ကနေ တွန်းပို့ပေးတဲ့ Hydraulic jacks များမှာ ပြဿနာရှိနိုင်ပါတယ်။ အထူးသဖြင့် ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ ကားလမ်းများ၊ ရထားလမ်းဖြတ်ကျော်ရာ နေရာများမှာ မြေအောက်မှ ဤကဲ့သို့ လေးထောင့်ဥမင်များ ဖောက်လုပ်ထားခြင်းဖြင့် ယာဉ်သွားလာမှုကိုလည်း ရပ်တန့်စရာမလိုပဲ ခရီးသွား ပြည်သူများလည်း လုံခြုံစိတ်ချစွာ လမ်းဖြတ်ကူးနိုင်တဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာများကို ရှောင်ရှားနိုင်မှာ ဖြစ်ကြောင်း တင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Ka Daung Nyin Thar April 13, 2007 at 8:03 AM  

    ကျနော် ကြိုးစားပြီး ဖတ်ကြည့်ပြီး လေ့လာပါ့မယ်။ မြေအောက်ဥမင်တွေကို ကျနော် စင်္ကာပူရောက်ကတည်းက စိတ်ဝင်စားပါတယ်။
    လောကကြီးမှာဗျာ.. ကိုယ်စိတ်ဝင်စားသမျှသာ လေ့လာရရင် အသက်သာ သေသွားမယ်။ ကုန်မှာ မဟုတ်ဘူးနော့်. ဒါ့ကြောင့် ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ရာနဲ့ မြန်မာပြည်နဲ့ ကမ္ဘာကြီးကို အုတ်တချပ် သဲတပွင့် ကူညီပွင့်ပေးကြတာ ကောင်းပါတယ်။ ရုရှားမှာ စာသင်နေတယ်ထင်တယ်နော်.. ကျနော် အမြဲ လာဖတ်ပြီး လေ့လာပါမယ်။

    တွေ့ရတာ ၀မ်းသာတယ်ဗျာ

  2. Unknown May 25, 2007 at 8:45 AM  

    Your not so bad.Try again.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.