ဥ
မင်ဖောက်လုပ်တဲ့ Shield တွေထုတ်လုပ်နေတဲ့ Robbins ကုမ္ပဏီနဲ့ မစ်ဆူဘီရှိ အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ အချင်း ၆.၅ မီတာ(၂၁.၄ ပေ) ရှိတဲ့ EPB စက်နှစ်လုံးကို အသုံးပြုပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ မီထရို တိုးချဲ့ဖောက်လုပ်ရေး စီမံကိန်း ဒုတိယ အဆင့်ကို ဆောင်ရွက်ဖို့ ယခုနှစ် အစောပိုင်းက သဘောတူခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဥမင်ဖောက် စက်ပစ္စည်းများနဲ့ ဥမင်တူးဖော်ရေး လုပ်ငန်းတွေမှာ နာမည်ကျော်တဲ့ Robbin ကုမ္ပဏီဟာ ယခု ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဥမင် ဖောက်လုပ်ရေး ဈေးကွက်ကို ပထမဆုံးအကြိမ် ထိုးဖောက်လာတာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ EPB (Earth Pressure Balance) shields များနဲ့ မြေအောက်ရေ လမ်းကြောင်းရဲ့အောက် ၈.၆ - ၁၄ မီတာ (၂၈-၄၆ ပေ) အကွာမှာ တူးဖော်မှာ ဖြစ်ပြီး ဥမင်တူးဖော်ရာ ဒေသရဲ့ မြေအမျိုးအစား များကတော့ sandy silt၊ silty sand နဲ့ gravels များဖြစ်တယ်လို့ သိရပါတယ်။ မြေသား တူးဖော်ပြီးသည်နှင့် တဆက်တည်း ဥမင်နံရံ လုပ်ငန်းများ လုပ်ကိုင်သွားမှာ ဖြစ်ပြီး ၂၇၅ မီလီမီတာ (၁၁ လက်မ) အထူရှိတဲ့ သံကူကွန်ကရစ် နံရံများ (Reinforced concrete lining segments) ကို တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld