စီ
မံကိန်းတစ်ခု ဒီဇိုင်းတစ်ခု ရေးဆွဲတဲ့အခါမှာ အသေးစိတ်ကအစ တိကျမှုရှိဖို့လိုအပ်ပါတယ်။ အဲဒီနောက်မှာ တာဝန်ယူမှု ဆိုတာလည်း ရှိရပါမယ်။ ကျွန်တော်တို့ Tunnel design ဆွဲဖို့အတွက် Automation System for Design Work ဘာသာရပ်ကို သင်ခဲ့ရတုန်းက ဒီအချက်ကို ဆရာက အောက်ပါ ကာတွန်းလေးနဲ့ သရုပ်ပြခဲ့ပါတယ်။ မှားသွားလို့ အစကနေ ပြန်လုပ်မယ်ဆိုရင် ဆုံးရှုံးမှုတွေ အများကြီးနဲ့ ရင်းနှီးလိုက်ရမှာပါ။ ဒီတော့ အစကောင်းဖို့ လိုပါတယ်။ အစမကောင်းခဲ့လို့ အခုမှပြင်ဖို့ ခက်နေတာတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးပါ။ စားရမှာလဲ သဲတရှပ်ရှပ်၊ ပစ်ရမှာလဲ အဆီနဲ့ဝင်းဝင်း၊ မထွေးနိုင်၊ မမျိုနိုင် ဖြစ်တာမျိုးပေါ့.... အာ.... ပြောရင်းနဲ့ ရှုပ်ကုန်ပြီ...... :D


Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld