(Making the choice for urban mass transit system)ယ
လူအများအပြားကို သယ်ယူပို့ဆောင် ပေးနိုင်တဲ့စနစ် (Urban mass transit system) ကို ရွေးချယ်ရာမှာ မြို့ကြီးများရဲ့ သာမန်မြေပေါ်လမ်းများမှာ ပြေးဆွဲနေတဲ့ ဘတ်(စ်)ကားဝန်ဆောင်မှုနဲ့ မြေအောက်က ပြေးဆွဲတဲ့ မီထရို(Metro) ၀န်ဆောင်မှု ဆိုပြီး နှစ်မျိုးရွေးချယ်စရာ ရှိပါတယ်။ ဘတ်(စ်)ကားနဲ့ သယ်ယူပို့ဆောင်မှုဟာ တစ်နာရီကို လမ်းကြောင်း တစ်ကြောင်းအတွက် ခရီးသည် အများဆုံး ၅၀၀၀ အထိ ပို့ဆောင်ပေးနိုင်ပြီး ပျမ်းမျှ အမြန်နှုန်း တစ်နာရီ ၁၂ - ၁၅ ကီလိုမီတာ ရှိပါတယ်။ မြေအောက် ရထားစနစ်မှာတော့ လမ်းကြောင်း တစ်ကြောင်းအတွက် တစ်နာရီ ခရီးသည် ၆၀၀၀၀ အထိ သယ်ယူပို့ဆောင် ပေးနိုင်ပြီး ပျမ်းမျှ အမြန်နှုန်း တစ်နာရီ ၆၀ ကီလိုမီတာ ရှိပါတယ်။
သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာများဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြသလို မြို့ကြီး တစ်မြို့နဲ့ တစ်မြို့လည်း မတူညီကြပါဘူး။ ဒါပေမဲ့ ဒီပြဿနာတွေ ကြုံခဲ့ပြီးတဲ့ နိုင်ငံများ၊ မြို့ကြီးများကို နှိုင်းယှဉ် လေ့လာကြည့်ခြင်းဖြင့် မိမိတို့နဲ့ ကိုက်ညီမယ့် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုကို ရွေးချယ်ရာမှာ စဉ်းစား သုံးသပ်ရမယ့် အခြေခံ အချက်များကို ရရှိပါတယ်။
သယ်ယူပို့ဆောင်ရေး စနစ်များ ရွေးချယ်ခြင်း။
ရွေးချယ်ဖို့အတွက် ပထမဦးစွာ ကဏ္ဍတစ်ခုခြင်း အလိုက် အခြေခံအချက်များ (ဦးတည်ချက်များ) ထားပြီး လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဇယားမှာ အခြေခံ အချက်များ၊ အကျိုး သက်ရောက်မှုများ၊ လိုအပ်ချက်များနဲ့ ပတ်သက်ပြီး နမူနာပုံစံကို ပြုစုတင်ပြ ထားပါတယ်။
အခြေခံအချက်များ | အကျိုးသက်ရောက်မှုများ | လုပ်ဆောင်ရန်များ |
လူမှု-စီးပွားရေး အကျိုးဖြစ်ထွန်းစေရေး။ | ၁။ အချိန်ကုန် သက်သာ စေသည်။ | ဘတ်(စ်)ကားများ၊ ယာဉ်ငယ်များနှင့် အခြားခရီးသည် ပို့ဆောင်ရေးများကို ပိုမို မြန်ဆန် ဈေးသက်သာပြီး အဆင်ပြေ ချောမွေ့မှုရှိစေရန် ဆွဲဆောင်ရမည်။ |
မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းကို | ၁။ မြို့ပြဧရိယာ အတွင်း ပိုမိုအကျိုး ဖြစ်ထွန်း စေမည့် အစီအမံ များ လုပ်ဆောင်နိုင်မည်။ | မြို့လယ်နှင့် အခြားမြို့နယ်များ အကြား ခရီးသည် သယ်ယူ ပို့ဆောင်မှုနှုန်းကို မြှင့်တင် ပေးရမည်။ |
လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုများ | ၁။ မြေနေရာ လိုအပ်မှုနှင့် ဆောက်လုပ်ရေး ကာလ အတွင်း ပြန်လည် နေရာချထားရမည်။ | အဆိုပါ အခက်အခဲများကို ဖြေရှင်းပေး နိုင်ရမည်။ ခုံးကျော် ဖြတ်ကူး လမ်းများ၊ ဓာတ်လှေကား များ ဆောက်လုပ်ရန် လိုအပ်သည်။ |
သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တိုးတက်မှုများ။ | ၁။ မြို့ပြဆိုင်ရာ အချက် အလက်များ၊ Metro design ၏အရည်အသွေး၊ ပတ်ဝန်းကျင် ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အပေါ် မူတည်သည်။ | မြို့ပြ သယ်ယူ ပို့ဆောင်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများ သတ်မှတ်ရန်၊ ကောင်းမွန်သည့် ဒီဇိုင်းများ ရေးဆွဲရန် လိုအပ်သည်။ |
Mass transit စနစ်အတွက် လိုအပ်ချက်များ။
၎င်းစနစ်အတွက် လိုအပ်ချက်များကို သတ်မှတ်ရန် ခက်ခဲနေမည် ဆိုပါက အောက်ပါ အချက်များကို ထုတ်နှုတ်နိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့တော်များအတွက် မီထရိုတစ်ခုဟာ ခရီးသည်ဦးရေ အမြောက်အမြားကို သယ်ယူပို့ဆောင် ပေးနိုင်ဖို့ လိုပါတယ်။ လမ်းကြောင်း တစ်ကြောင်းအတွက် တစ်နာရီကို ခရီးသည် ဦးရေ နှစ်သောင်းနဲ့ အထက်ကို ပို့ဆောင်ပေးနိုင်ရမှာ ဖြစ်ပြီး မြို့လယ်ခေါင်နဲ့ အခြားမြို့နယ်များ အကြား သွားလာမှု လျင်မြန်လွယ်ကူ ချောမွေ့စေရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး မြို့တော်များမှာတော့ မြို့ပြလူဦးရေ များပြားလာတာကြောင့် ဒီ Metro များကို တည်ဆောက်ခဲ့ပြီး မြို့လယ်ဒေသများနဲ့ မြို့နယ်များကို ဆက်သွယ်တဲ့ တိုက်ရိုက်လမ်းကြောင်းများ၊ အ၀ိုင်းပတ်လမ်းများနဲ့ ချိတ်ဆက်ကာ မြို့တော်ရဲ့ သယ်ယူ ပို့ဆောင်ရေးကို လွယ်ကူ ချောမွေ့စေတာကို တွေ့ရပါတယ်။ အ၀ိုင်းပတ်လမ်းများ ဖောက်လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်တော့ သက်ဆိုင်ရာ မြို့နယ်များက လာတဲ့ လမ်းကြောင်းများ ချိတ်ဆက်မိစေဖို့ ဖြစ်ပြီး အချိန်ကုန် သက်သာစေဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ မြို့နယ်များအကြား တနေရာမှ တနေရာသို့ ဘတ်(စ်)ကား အဆင့်ဆင့်စီးကာ သွားရတဲ့ စနစ်ကို အဆိုပါ အ၀ိုင်းပတ်လမ်းများနဲ့ ကွန်ရက်လမ်းကြောင်းများက အဆင်ပြေချောမွေ့စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Mass transit ရဲ့ သယ်ယူ ပို့ဆောင်နိုင်မှုနှုန်းက အရေးပါသလို ခရီးစဉ်များရဲ့ အမြန်နှုန်းကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ခရီးသည်များအတွက် ခရီးသွားလာမှု ကြာချိန်ကို လျော့ချပေးနိုင်မယ်ဆိုရင် စီးပွားရေး တိုးတက်မှုနှုန်းကလည်း ပိုမို မြန်ဆန်လာဖွယ်ရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ထုတ်စွမ်းအား အတွက် အရေးပါလှတဲ့ အချိန်တွေ၊ အင်အားတွေဟာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု အားနည်းမှုတဲ့အတွက် မလိုလားအပ်ပဲ အလဟဿ ဆုံးရှုံးနေရလို့ပါ။
ဆက်လက်ဖော်ပြသွားပါမည်။
Related Posts
မြေအောက်လား၊ မြေပေါ်လား ? (၃)
မြေအောက်လား၊ မြေပေါ်လား ? (၂)
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld