N
ATM- (New Austrian Tunneling Method) ကို ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ်ကြား ကာလများမှာ သြစတြီးယား နိုင်ငံမှာ ပေါ်ပေါက်ခဲ့တာပါ။ သြစတြီးယားမှာ ယခင်ရှိပြီးဖြစ်တဲ့ ဥမင်လိုဏ်ခေါင်း တူးဖော်မှု နည်းလမ်းနဲ့ ကွဲပြားစေဖို့အတွက် ဒီအမည်ကို ၁၉၆၂ ခုနှစ်က Salzburg မြို့မှာ ပေးခဲ့တာဖြစ်ပါတယ်။ ဒီနည်းလမ်းကို စတင်ဖော်ထုတ်ခဲ့တဲ့သူတွေကတော့ Ladislaus von Rabcewicz၊ Leopold Muller နဲ့ Franz Pacher တို့ပဲ ဖြစ်ကြပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဥမင်လိုဏ်ခေါင်း တစ်ခုရဲ့ ဘေးပတ်ပတ်လည် မှာရှိတဲ့ ကျောက်သား (မြေလွှာ) တို့က သက်ရောက်လာမယ့် Geological stress တွေကို ဥမင်လိုဏ်ခေါင်းရဲ့ Stability ကိုထိန်းရာမှာ ပြန်အသုံးချနိုင်ဖို့ ဖြစ်ပါတယ်။
NATM ဆိုတာ loading သက်ရောက်မှုခံနေရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကျောက်သား(မြေလွှာ) တို့ရဲ့ ပြုမူပုံ သဘာဝတွေနဲ့ ဥမင်လိုဏ်ခေါင်း တစ်ခုကို တူးဖော်နေစဉ်အတွင်း မြေအောက် ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုရဲ့ သဘော သဘာဝတွေ၊ ဖြစ်ပျက်ပုံတွေကို လေ့လာတွေးခေါ်တဲ့ ချဉ်းကပ်မှုပုံစံ တစ်ရပ်ပဲ ဖြစ်ပါတယ်။
Leopold Muller က NATM ရဲ့ အခြေခံ သဘောတရား ၂၂ ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိက အရေးကြီးတဲ့ အချက် ၇ ချက်ပေါ်မှာပဲ အခြေတည်ပြီး NATM ကိုစဉ်းစားပါတယ်။
ဥမင်ရဲ့ တွက်ချက်ထားပြီးဖြစ်တဲ့ ဖြတ်ပိုင်းပုံပေါ် မူတည်ပြီး shotcrete အလွှာပါးနဲ့ မြေသားကို ထိန်းသိမ်း ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဥမင်တူးဖော်ပြီးပြီးချင်း TBM - ဥမင်တူးဖော်စက် နောက်ကနေ ဒီအလွှာကို ချက်ချင်း ပြုလုပ်ပြီး သဘာဝ ၀န်အားသက်ရောက်နေတဲ့ကွင်း load-bearing ring ကို ဖန်တီးပေးသလို ဖြစ်တာကြောင့် ဥမင်ပတ်ပတ်လည် ကျောက်လွှာရဲ့ ပုံသဏ္ဍာန် ပျက်ယွင်းမှုကို လျော့ချပေးပါတယ်။ ဒီနောက်မှာတော့ ထပ်မံဖြစ်ပေါ်လာမယ့် ပုံသဏ္ဍာန် ပျက်ယွင်းမှု (deformation) များကို တိုင်းတာဖို့အတွက် ဘူမိနည်းပညာ တိုင်းတာရေး ကိရိယာများကို တပ်ဆင်ရပါတယ်။ ဒါမှသာ ကျောက်လွှာများ အတွင်းမျာ ဖြစ်ပေါ်နေတဲ့ Stress distribution များကို လေ့လာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး တိုင်းတာရေး ကိရိယာများ တပ်ဆင်ပြီး လေ့လာကြည့်ရှုခြင်းဟာ ရုတ်တရက် မြေလွှာများ အက်ကွဲခြင်း၊ ရေများစိမ့်ထွက်ခြင်း စတဲ့ အခြေအနေမျိုးမှာတောင်မှ NATM ကို အသုံးပြုရ လွယ်ကူစေပါတယ်။ NATM ကို မြေအမျိုးအစား ပျော့ပြောင်းတဲ့ နေရာများနဲ့ ပိုရပ်စ် အနည်ကျ ကျောက်လွှာ (porous sendiments) များကဲ့သို့သော မြေအမျိုးအစားများမှာ ဥမင်ဖောက်လုပ်တဲ့ အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ NATM နည်းစနစ်ရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အသေးစိတ် လုပ်ကိုင်ရတဲ့ အခါမှာ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ ဒါပေမဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆောက်လုပ်ရေး စနစ်တော့ ရှိဖို့လိုပါတယ်။
NATM အကြောင်းကို ဥမင်ဖောက်လုပ်ရေး အင်ဂျင်နီယာတွေ ဆွေးနွေးကြတဲ့ အခါမှာ တချို့က NATM ကို ဥမင်ဖောက်လုပ်ရေး ဆိုင်ရာ အထူးနည်းလမ်း တစ်ရပ်အဖြစ် မြင်ကြသလို၊ တချို့ကလည်း စဉ်းစား တွေးခေါ်ရမယ့် ပုံစံတစ်ရပ် အဖြစ်မြင်ကြပါတယ်။ နာမည်အမျိုးမျိုးနဲ့ သတ်မှတ်ခေါ်ဝေါ် ကြပါတယ်။ NATM ဆိုပြီး အခြေမတည်ခင် ကတည်းက ဒီနည်းလမ်းရဲ့ အယူအဆအချို့ကို အမေရိကန်နိုင်ငံရဲ့ မြေအမျိုးအစား ပျော့တဲ့ မြေအောက်ဥမင် လုပ်ငန်းတွေမှာ တစိတ်တပိုင်းအနေနဲ့ အသုံးပြုခဲ့ ကြပါတယ်။ NATM ကို Sequential Excavation Method(SEM) သို့မဟုတ် Sprayed Concrete Lining(SCL) လို့လည်း ခေါ်ကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ Centre Dividing Wall NATM သို့မဟုတ် Cross Diaphragm Method (CDM) နဲ့ Upper Half Vertical Subdivision Method(UHVS) လို့ အမျိုးမျိုး ခေါ်ကြပါတယ်။
ဘယ်လိုပဲ နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်ကြပါစေ NATM ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဥမင်ရဲ့ ပတ်လည်မှာရှိတဲ့ ကျောက်သား(မြေလွှာ)နဲ့ ဖွဲ့စည်းပုံတွေဟာ ဥမင်ရဲ့ Stability ကို တစိတ်တပိုင်းအားဖြင့် Support ဖြစ်နေစေ ရမယ်ဆိုတဲ့ သဘောကတော့ အတူတူပဲ ဖြစ်ပါတယ်။ NATM ဟာမြေအောက်ဥမင် ဖောက်လုပ်ရေးအတွက် နည်းလမ်း တစ်ရပ်ဖြစ်သလို မြေအမျိုးအစား မကောင်းတဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတဲ့ တွေးခေါ်စဉ်းစားမှု နည်းလမ်း များကိုပါပေးတဲ့ နည်းစနစ်တစ်ရပ် ဖြစ်ပါတယ်။ အခုအချိန်မှာ NATM ကို အသုံးပြုပြီး ဖောက်လုပ်ခဲ့တဲ့ ဥမင်များ၊ မြေအောက်ဘူတာရုံ အစရှိတဲ့ မြေအောက် အဆောက်အအုံများစွာ ရှိနေပြီ ဖြစ်ပါတယ်။
မိမိတို့ ကျောင်းသားများ အနေနဲ့ ဥမင်ဖောက်လုပ်ရေး ဆိုင်ရာ နည်းစနစ်များ၊ နည်းလမ်းများ စဉ်းစားနည်းများကို သင်ကြားခဲ့ရပြီ ဖြစ်လို့ ဒီနည်းလမ်းကိုလည်း တော်တော်ယဉ်ပါးပြီး ဖြစ်ကြပါတယ်။ ဒါပေမဲ့ သင်ကြားရုံသက်သက် မဟုတ်ဘဲ သူ့ရဲ့ အခြေခံ သဘောတွေကိုပါ အသေးစိတ် လေ့လာကြဖို့လိုပါတယ်။ မြေအောက်ကမ္ဘာဟာ Unseen ဖြစ်လို့ သူ့ရဲ့သဘောကို အမြဲမှန်ကန် တိကျစွာ တွက်ချက်နိုင်ဖို့ ခဲယဉ်းပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လေ့လာမှု အားကောင်းမှသာ မြေအောက် လုပ်ငန်းများမှာ ရင်ဆိုင်ရမယ့် အခက်အခဲများကို အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Construction Technologies များကို သင်ကြားနေရပြီ ဖြစ်တဲ့ ကျောင်းသားများ အနေနဲ့ ဒီဘာသာရပ် အပေါ်ကို ဂရုတစိုက် လေ့လာ အားထုတ်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
NATM နဲ့ပတ်သက်ပြီး လေ့လာရန်
်

- ကျောက်သား(မြေလွှာ)ထု၏ အားကို စုစည်းခြင်း။ ဒီနည်းလမ်းဟာ ဥမင်လိုဏ်ခေါင်းရဲ့ ပတ်ပတ်လည်မှာ တည်ရှိနေတဲ့ ကျောက်သား (မြေလွှာ)ထုရဲ့ နဂိုရှိရင်းအား (inherent strength) ကို ဥမင်ကို ထောက်မတ်ပေးစေတဲ့ အဓိက အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆက်လက် ထိန်းသိမ်း ထားစေပါတယ်။
- Shotcrete နည်းဖြင့် ကာကွယ်ခြင်း။ (Shotcrete ဆိုသည်မှာ ဘိလပ်မြေ ဖျော်ရည် (mortar) သို့မဟုတ် ကွန်ကရစ် ဖျော်ရည်ကို မိမိတို့ လုပ်ဆောင်မည့် နံရံ(သို့) အမိုးခုံးပေါ်သို့ ဖိအားအသုံးပြု၍ မှုတ်ထုတ်ကာ ပက်ဖြန်းခြင်း ဖြစ်သည်။ အသေးစိတ်သိလိုက)။ ဥမင် တူးဖော်လိုက်တဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကျောက်သားထု ပွလာခြင်း၊ ပုံသဏ္ဍာန် ပျက်ယွင်းခြင်းများကို လျော့ကျစေပါတယ်။ ဥမင်မျက်နှာပြင်ကို တူးဖော်ပြီးပြီးချင်း ဒီ Shotcrete အလွှာပါးကို ပြုလုပ်ပေးပြီး ကာကွယ်ခြင်း ဖြစ်ပါတယ်။
- တိုင်းတာမှုများ။ တူးဖော်မှုတိုင်းမှာ ဖြစ်ပေါ်လာတဲ့ မြေလွှာပျက်ယွင်းမှု တိုင်းကို တိုင်းတာ ထားရပါမယ်။ ဒါကြောင့် တိုင်းတာရေး ကိရိယာများ တပ်ဆင်ဖို့ လိုအပ်ပါတယ်။ ၎င်းတိုင်းတာရေး ကိရိယာကို ဥမင် Lining၊ မြေသားနဲ့ တူးဖော်ထားတဲ့ တွင်းပေါက်များမှာ တပ်ဆင်လေ့ရှိပါတယ်။
- ပျော့ပြောင်းသော ပင့်ထောက်မှု(Flexible support)။ ပါးလွှာတဲ့ ကနဦး Lining တစ်ခုကို ဖန်တီးပေးပြီး ယာယီအလွှာ (မြေသားလွှာ) တစ်ခုရဲ့ အခြေအနေမျိုးကို ဖြစ်စေပါတယ်။ ပါးလွှာတဲ့ ကွန်ကရစ်အလွှာကို အသုံးပြုမှုဟာ ထူထဲတဲ့ Completed Lining ကို အသုံးပြုတာထက် ပိုမိုအကျိုးများပါတယ်။ တူးဖော်ပြီးတဲ့ ဥမင်နံရံများကို ပျော့ပြောင်းလွယ်၊ ကွေးညွတ်လွယ် သဘောရှိတဲ့ ကွန်ကရစ် Lining ပါးပါး၊ သံဇကာ၊ Steel ribs များနဲ့ အသုံးပြုပြီး မြေလွှာကို မာကျော တောင့်တင်းစေပါတယ်။
- Invert (обратный) အလွှာပြုလုပ်ခြင်း။ တူးဖော်ပြီး ဥမင်မျက်နှာပြင်မှာ ကနဦး lining အလွှာ ပြုလုပ်ပြီးတာနဲ့ အောက်ခြေ ကြမ်းပြင်ကိုလည်း invert အလွှာ အမြန်ပြုလုပ်ပေးပြီး တစ်ခုဖြစ်အောင် ဖန်တီးပေးရပါတယ်။ မြေအမျိုးအစား ပျော့ပြောင်းတဲ့ မြေအောက် တူးဖော်ရေး လုပ်ငန်းတွေမှာ ယာယီ အခိုက်အတန့်လေးမျှ ကွန်ကရစ် (သို့) အခြားထောက်မပေးမယ့် အရာတစ်ခုခုနဲ့ load-bearing ring Support မလုပ်ဘဲ လွှတ်ထားလို့ရတဲ့ နေရာမရှိပါဘူး။
- တိကျတဲ့ အစီအစဉ်များထားရှိမှု။ NATM ဟာ ရရှိလာတဲ့ တိုင်းတာမှုများကို အခြေခံထားတာ ဖြစ်လို့ ဥမင်မြေသားကို Support လုပ်မဲ့ပုံစံနဲ့ ဆောက်လုပ်မှု နည်းစနစ်များကို အခြေအနေအလိုက် ပြောင်းလဲလို့ ရပါတယ်။ သို့သော် ဆောက်လုပ်ရေး အစီအစဉ်များနဲ့ ထိုပြောင်းလဲမှုများ ကိုက်ညီမှသာ ဖြစ်နိုင်ပါတယ်။
- ကျောက်အမျိုးအစား ခွဲခြားခြင်းဖြင့် Support ၏အတိုင်းအတာများ တွက်ချက်ခြင်း။ ဥမင်ဖောက်လုပ်ရာ နေရာ၏ အဓိက ကျောက်အမျိုးအစားများနဲ့ လိုက်ဖက်သော support ကို တွက်ချက်ယူခြင်း ဖြစ်ပါတယ်။ ဒါဟာ ဥမင်ရဲ့ Reinforcement ပိုင်းကို အထောက်အကူ ပြုပါတယ်။
ဥမင်ရဲ့ တွက်ချက်ထားပြီးဖြစ်တဲ့ ဖြတ်ပိုင်းပုံပေါ် မူတည်ပြီး shotcrete အလွှာပါးနဲ့ မြေသားကို ထိန်းသိမ်း ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဥမင်တူးဖော်ပြီးပြီးချင်း TBM - ဥမင်တူးဖော်စက် နောက်ကနေ ဒီအလွှာကို ချက်ချင်း ပြုလုပ်ပြီး သဘာဝ ၀န်အားသက်ရောက်နေတဲ့ကွင်း load-bearing ring ကို ဖန်တီးပေးသလို ဖြစ်တာကြောင့် ဥမင်ပတ်ပတ်လည် ကျောက်လွှာရဲ့ ပုံသဏ္ဍာန် ပျက်ယွင်းမှုကို လျော့ချပေးပါတယ်။ ဒီနောက်မှာတော့ ထပ်မံဖြစ်ပေါ်လာမယ့် ပုံသဏ္ဍာန် ပျက်ယွင်းမှု (deformation) များကို တိုင်းတာဖို့အတွက် ဘူမိနည်းပညာ တိုင်းတာရေး ကိရိယာများကို တပ်ဆင်ရပါတယ်။ ဒါမှသာ ကျောက်လွှာများ အတွင်းမျာ ဖြစ်ပေါ်နေတဲ့ Stress distribution များကို လေ့လာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး တိုင်းတာရေး ကိရိယာများ တပ်ဆင်ပြီး လေ့လာကြည့်ရှုခြင်းဟာ ရုတ်တရက် မြေလွှာများ အက်ကွဲခြင်း၊ ရေများစိမ့်ထွက်ခြင်း စတဲ့ အခြေအနေမျိုးမှာတောင်မှ NATM ကို အသုံးပြုရ လွယ်ကူစေပါတယ်။ NATM ကို မြေအမျိုးအစား ပျော့ပြောင်းတဲ့ နေရာများနဲ့ ပိုရပ်စ် အနည်ကျ ကျောက်လွှာ (porous sendiments) များကဲ့သို့သော မြေအမျိုးအစားများမှာ ဥမင်ဖောက်လုပ်တဲ့ အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ NATM နည်းစနစ်ရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အသေးစိတ် လုပ်ကိုင်ရတဲ့ အခါမှာ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ ဒါပေမဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆောက်လုပ်ရေး စနစ်တော့ ရှိဖို့လိုပါတယ်။
NATM အကြောင်းကို ဥမင်ဖောက်လုပ်ရေး အင်ဂျင်နီယာတွေ ဆွေးနွေးကြတဲ့ အခါမှာ တချို့က NATM ကို ဥမင်ဖောက်လုပ်ရေး ဆိုင်ရာ အထူးနည်းလမ်း တစ်ရပ်အဖြစ် မြင်ကြသလို၊ တချို့ကလည်း စဉ်းစား တွေးခေါ်ရမယ့် ပုံစံတစ်ရပ် အဖြစ်မြင်ကြပါတယ်။ နာမည်အမျိုးမျိုးနဲ့ သတ်မှတ်ခေါ်ဝေါ် ကြပါတယ်။ NATM ဆိုပြီး အခြေမတည်ခင် ကတည်းက ဒီနည်းလမ်းရဲ့ အယူအဆအချို့ကို အမေရိကန်နိုင်ငံရဲ့ မြေအမျိုးအစား ပျော့တဲ့ မြေအောက်ဥမင် လုပ်ငန်းတွေမှာ တစိတ်တပိုင်းအနေနဲ့ အသုံးပြုခဲ့ ကြပါတယ်။ NATM ကို Sequential Excavation Method(SEM) သို့မဟုတ် Sprayed Concrete Lining(SCL) လို့လည်း ခေါ်ကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ Centre Dividing Wall NATM သို့မဟုတ် Cross Diaphragm Method (CDM) နဲ့ Upper Half Vertical Subdivision Method(UHVS) လို့ အမျိုးမျိုး ခေါ်ကြပါတယ်။
ဘယ်လိုပဲ နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်ကြပါစေ NATM ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဥမင်ရဲ့ ပတ်လည်မှာရှိတဲ့ ကျောက်သား(မြေလွှာ)နဲ့ ဖွဲ့စည်းပုံတွေဟာ ဥမင်ရဲ့ Stability ကို တစိတ်တပိုင်းအားဖြင့် Support ဖြစ်နေစေ ရမယ်ဆိုတဲ့ သဘောကတော့ အတူတူပဲ ဖြစ်ပါတယ်။ NATM ဟာမြေအောက်ဥမင် ဖောက်လုပ်ရေးအတွက် နည်းလမ်း တစ်ရပ်ဖြစ်သလို မြေအမျိုးအစား မကောင်းတဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတဲ့ တွေးခေါ်စဉ်းစားမှု နည်းလမ်း များကိုပါပေးတဲ့ နည်းစနစ်တစ်ရပ် ဖြစ်ပါတယ်။ အခုအချိန်မှာ NATM ကို အသုံးပြုပြီး ဖောက်လုပ်ခဲ့တဲ့ ဥမင်များ၊ မြေအောက်ဘူတာရုံ အစရှိတဲ့ မြေအောက် အဆောက်အအုံများစွာ ရှိနေပြီ ဖြစ်ပါတယ်။
မိမိတို့ ကျောင်းသားများ အနေနဲ့ ဥမင်ဖောက်လုပ်ရေး ဆိုင်ရာ နည်းစနစ်များ၊ နည်းလမ်းများ စဉ်းစားနည်းများကို သင်ကြားခဲ့ရပြီ ဖြစ်လို့ ဒီနည်းလမ်းကိုလည်း တော်တော်ယဉ်ပါးပြီး ဖြစ်ကြပါတယ်။ ဒါပေမဲ့ သင်ကြားရုံသက်သက် မဟုတ်ဘဲ သူ့ရဲ့ အခြေခံ သဘောတွေကိုပါ အသေးစိတ် လေ့လာကြဖို့လိုပါတယ်။ မြေအောက်ကမ္ဘာဟာ Unseen ဖြစ်လို့ သူ့ရဲ့သဘောကို အမြဲမှန်ကန် တိကျစွာ တွက်ချက်နိုင်ဖို့ ခဲယဉ်းပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လေ့လာမှု အားကောင်းမှသာ မြေအောက် လုပ်ငန်းများမှာ ရင်ဆိုင်ရမယ့် အခက်အခဲများကို အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Construction Technologies များကို သင်ကြားနေရပြီ ဖြစ်တဲ့ ကျောင်းသားများ အနေနဲ့ ဒီဘာသာရပ် အပေါ်ကို ဂရုတစိုက် လေ့လာ အားထုတ်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
NATM နဲ့ပတ်သက်ပြီး လေ့လာရန်
်
Related Posts
SEM Design ရဲ့ အဓိက သော့ချက်များ
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld