ယ
ခုနှစ် လာမယ့် ဒီဇင်ဘာလထဲမှာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသမှာ မျက်နှာဝ အချင်း ၄.၃ မီတာ (၁၄.၁ ပေ) ရှိတဲ့ Robbins ကုမ္ပဏီထုတ် Double shield TBM နဲ့ ရေထုတ်ဥမင် တစ်ခု ဖောက်လုပ်မယ်လို့ သိရပါတယ်။ အဆိုပါဥမင်ဟာ ရုရှားနိုင်ငံ၊ ကရတ်စ်နာယာ့စ်ခ် ဒေသနဲ့ ဆိုက်ဘေးရီးယား အရှေ့ပိုင်းကို ဆက်သွယ်ပေးမယ့် ရထားလမ်းမှာ ပါဝင်တဲ့ ဥမင်တစ်ခုရဲ့ ရေထုတ် ဥမင်တစ်ခုဖြစ်ပါတယ်။

ဒီရေထုတ် ဥမင်ဟာ ၂.၆ ကီလိုမီတာ (၁.၆ မိုင်) ရှည်လျားတဲ့ ပင်မ ရထားလမ်း ဥမင်နဲ့ အပြိုင် ဖောက်လုပ်မှာ ဖြစ်ပြီး ဥမင်လမ်းကြောင်း grade ၀.၈ % ရှိကာ ရေသန့်စက်ရုံ မှတဆင့် မာနာမြစ် ထဲကို စီးဝင်စေမှာ ဖြစ်ပါတယ်။ ဥမင်နံရံကိုတော့ အသင့် ပြုလုပ်ပြီး သံကူ ကွန်ကရစ် lining segments များနဲ့ အသုံးပြုမှာ ဖြစ်ပြီး တစ်ခုမှာ Lining ring segment ၅ ခုပါဝင်မှာ ဖြစ်ပါတယ်။ ငလျင်ကြောမှာ ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် ဥမင်ရဲ့ stability ကောင်းအောင် Shotcrete နည်းကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။
ဥမင်ဖောက်လုပ်မယ့် ဒေသမှာ ရှိတဲ့ မြေအမျိုးအစားတွေကတော့ sandstone၊ mudstone၊ gneiss၊ granite၊ pegmatite အမျိုးအစားများ ဖြစ်ကြပြီး ကျောက်သားများရဲ့ ခံနိုင်အား (strength) မှာ 20 – 398 MPa (2,900 – 57,700 psi) ထိရှိတယ်လို့ သိရပါတယ်။ ဒီလို ခက်ခဲတဲ့ ကျောက်လွှာတွေမှာ အောင်မြင်စွာ ဥမင်ဖောက်နိုင်ဖို့ Robbins ကုမ္ပဏီဟာ မြေအောက်ရေ အတားအဆီးနဲ့ ကွဲအက်နေတဲ့ ကျောက်လွှာတွေမှာ အသုံးဝင်တဲ့ Double shield ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Double shield မှာ အပြင်ဘက် စက်သွားဝိုင်းနဲ့ အတွင်းဘက် စက်သွားဝိုင်း နှစ်ခုပါရှိပြီး တူးဖော်နိုင်စွမ်း ပိုမိုကောင်းမွန်ကာ ဥမင် မျက်နှာပြင်မှာရှိတဲ့ ကွဲအက်နေတဲ့ ကျောက်လွှာ တွေကိုလည်း ပြိုမကျအောင် ထိန်းပေးနိုင်စွမ်း ရှိကြောင်းလည်း သိရှိရပါတယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld