* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

အံ့သြဖွယ်ရာ ဂျပန် TBM များ

စာရေးသူ © MyMetro |

ဒီ

ပို့စ်မှာ ဖော်ပြမှာကတော့ ဂျပန်နိုင်ငံက ထုတ်တဲ့ TBM တွေအကြောင်းပါ။ လေ့လာနေသူတွေ အတွက် ဗဟုသုတ အဖြစ် တင်ပြပေးလိုက်ပါတယ်။ ဥမင်ဖောက်လုပ်ရာမှာ သို့မဟုတ် မြေအောက် ဘူတာရုံ စတဲ့ မြေအောက် အဆောက်အအုံ မျိုးစုံကို ဆောက်လုပ်ရာမှာ အသုံးပြုနိုင်မယ့် Shield များဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုမျိုးစက်တွေကို ထုတ်လုပ် တပ်ဆင်နိုင်တာ ဆိုလို့ ကနေဒါ၊ ဂျာမဏီ၊ အမေရိကန်၊ ဂျပန် နိုင်ငံကြီးတွေပဲ ရှိပါတယ်။ ဥမင် ဖောက်လုပ်တဲ့ စက်မှု နည်းပညာ တွေကလည်း ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် လောက်တည်းက စတင် ထွန်းကား လာကြတာပါ။ ရှေးတုန်းကတော့ ရိုးရာနည်းအတိုင်း လူအားနဲ့ ဖောက်ခဲ့ကြပါတယ်။ နောက်တော့ တူးဖော်ရေး စက်ကိရိယာတွေ တီထွင် လာနိုင်ကြတော့ ဥမင် ဖောက်လုပ်တဲ့အခါမှာ ပိုပြီးမြန်ဆန်၊ လူလည်း သက်သာလာပါတယ်။

View image
View image

ဂျပန်နိုင်ငံဟာဆိုရင် ဥမင်ဖောက် စက်ပစ္စည်း ထုတ်လုပ်မှုကို ၁၉၅၀ ခုနှစ် နောက်ပိုင်းမှ စတင်ခဲ့တာပါ။ ဒီကနေ့ဆိုရင် ကမ္ဘာ့ ထိပ်တန်းနိုင်ငံ ဖြစ်နေပါပြီ။ သူတို့ရဲ့ နည်းပညာ တွေကလည်း ဥမင် ဖောက်လုပ်ရေး လောကမှာ အံ့ခမန်းတွေပါပဲ။ အနောက် ဥရောပက စက်မှုဘိုးအေ နိုင်ငံကြီးတွေတောင် မစဉ်းစားမိ တာမျိုးတွေကို သူတို့တွေက လုပ်ပြနိုင် ခဲ့ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ Tunneling ဘာသာရပ်မှာ သင်ရတာက မြေအောက်မှာ ဥမင်နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး parallel ဖောက်ပြီဆိုရင် ဥမင်တစ်ခုပြီးမှ တစ်ခု ဖောက်ရမယ်လို့ သီအိုရီရှိပါတယ်။ ပြိုင်ပြီး ဖောက်လို့ မရပါဘူး။ မြေကြီးရဲ့ Stability ပျက်ယွင်းပြီး ပြိုကျနိုင်တဲ့ အတွက်ပါ။ ဒီနည်းအတိုင်းပဲ ဥမင်နှစ်ခုအကြား အနည်းဆုံး ထားရမယ့် အကွာအဝေး၊ ဆောက်လုပ် နေစဉ်အတွင်း ဖြစ်လာမယ့် Construction mechanics များကို တွက်ချက်ပြီးမှ အတိအကျ ဖောက်လုပ် ကြပါတယ်။ အခု ဂျပန်တွေက ဒီလို parallel ဥမင်တွေကို TBM စက်တစ်ခုတည်းနဲ့ တပြိုင်တည်း ဖောက်ပစ် လိုက်ပါတယ်။ တကယ့်ကို မစဉ်းစား တတ်အောင်ကို အံ့သြဖို့ ကောင်းပါတယ်။ မြေအောက် Complex တစ်ခုလုံးကို စက်တစ်လုံးတည်းနဲ့ အပြီး တည်ဆောက် သွားပါတယ်။ စက်ကြီးတွေကလည်း တကယ်ကို ထုထည် ကြီးမားတဲ့ ဧရာမ စက်ကြီးတွေပါပဲ။

View image

စဉ်းစားမိတာ တစ်ခုက ကျွန်တော်တို့တွေက အခုမှ ဒီလိုမျိုး Mechanized Tunneling Machines တွေကို သိရတာပါ။ အရင်က ကြားဖူး၊ မြင်ဖူးဖို့ဝေးစွ ရှိမှန်းတောင် မသိကြပါဘူး။ ဒီလိုဘာသာရပ် တွေလည်း ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ ဘယ်သူမှလည်း မသင်ကြပါဘူး။ သင်ပေးမယ့် သူလည်း မရှိဘူး။ နိုင်ငံတကာမှာ ပညာသွားသင်တဲ့ သူတွေမှာလည်း ဒီလိုမျိုး ဘာသာရပ်တွေ သင်ကြားနေတဲ့သူ ရှိတယ်လို့ မကြားမိပါဘူး။ သင်ကြားရမယ့် ဘာသာရပ် တစ်ခုရယ်လို့ ရှိမှန်းတောင် သိကြမှာ မဟုတ်ပါဘူး။ အဲဒီလို နိုင်ငံကြီး တွေမှာတော့ TBM နဲ့ပတ်သက်ပြီး အထူးပြု လေ့လာသင်ကြားနေတဲ့ specialist တွေ technician တွေ အများကြီးကို အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ကျွန်တော်တို့တွေ ဘယ်လောက်များ နောက်ကျ နေသလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။

လူတိုင်းက မိမိဘ၀အတွက် အနေချောင်မယ့်၊ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ ရမယ့် လွယ်လွယ်နဲ့ ချမ်းသာဖို့လမ်းကို ရွေးပြီး ငွေကြေးနောက်ကို လိုက်ကြတာပဲ များပါတယ်။ ဒီလို ပညာရပ် နယ်ပယ်တွေမှာ ဇောက်ချ လုပ်ကိုင်ပြီး ပညာရှင်အဖြစ် အသက်မွေးဖို့ သိပ်စိတ်မကူး ကြတော့ပါဘူး။ အဲလိုမျိုးတွေ ဖြစ်ချင်လို့လဲ စိတ်ကူးယဉ် နိုင်စရာ အခြေအနေ မရှိတာလဲ ပါမှာပေါ့။ ဒီလိုနဲ့ပဲ အရှိန်အဟုန်နဲ့ သွားနေတဲ့ နည်းပညာ ခေတ်ကြီးမှာ ကျွန်တော်တို့တွေက ဟိုးနောက်ဆုံးကနေ ကြွက်မြီးတန်းပြီး ဒရွတ်တိုက် လိုက်နေရ တော့တာပါပဲ။ အမေရိကန် သိပ္ပံပညာရှင်တို့၊ ဂျာမဏီ သိပ္ပံပညာရှင်တို့ စတဲ့ နိုင်ငံတကာ သိပ္ပံပညာရှင် ဆိုတာပဲ ကြားဖူး ပါတယ်။ မြန်မာသိပ္ပံ ပညာရှင်ဆိုတဲ့ ဝေါဟာရကို တစ်ခါမှ မကြားဖူးပါဘူး။ ရှိလည်းမရှိဘူး။ ကမ္ဘာ့သိပ္ပံ ပညာရပ် နယ်ပယ်မှာ မြန်မာက တီထွင် ထားတဲ့ဟာဆိုပြီး အောက်နားလေးက ( “ဒေါဒေါ” ) လို့တောင်မပါဘူး။

မြန်မာတွေ နိုင်ငံတကာကို ထွက်ပြီး ပညာသင် လိုက်တာကလည်း ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်ထဲက စတာပဲ။ အခုအချိန်ထိလည်း ပညာထွက်သင် နေရတုန်းပဲ။ နောင်လည်း ဒီလိုပဲ သင်နေရ အုံးမယ်နဲ့ တူပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့တွေ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်ကနေ တက်မှာ မဟုတ်တော့ပါဘူး။ သင်ကြားလာတဲ့ ပညာရပ်တွေကို ကိုယ့်မြေ၊ ကိုယ့်ရေမှာ ပြန်လည် အသုံးချနိုင်ဖို့၊ ဆက်လက် လေ့လာ သုတေသန လုပ်နိုင်ဖို့ လိုပါတယ်။ နောက်မျိုးဆက်တွေ အတွက် ကိုယ့်နိုင်ငံတွင်းမှာပဲ ခေတ်မှီ အတတ် ပညာမျိုးစုံကို ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်းပြီး အိုးမကွာ၊ အိမ်မကွာ အေးအေး ချမ်းချမ်း သင်နိုင်ကြဖို့ ကြိုးစား ကြရပါမယ်။ သူများတွေ အခုအချိန်မှာ ပညာရေးကို ထုတ်ကုန် တစ်ခုပမာ အသုံးပြုပြီး နိုင်ငံခြားငွေ ရှာနေသလို ကျွန်တော်တို့ဆီက တက္ကသိုလ်တွေလည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတွေ ဖြစ်လာပြီး တခြားနိုင်ငံက ကျောင်းသားတွေ ပြန်ပြီး စာလာသင်ရတဲ့ အဖြစ်ကို မြင်ယောင် ကြည့်လိုက်ကြပါလို့ ….။
ဂျပန် TBM (tunnel boring machine) အကြောင်းကနေ လမ်းချော်သွားခြင်း ဖြစ်ပါတယ်။ သည်းခံကြပါခင်ဗျား။
“ဒေါဒေါ” - ရွှေမန်းတင်မောင်၏ ဗုဒ္ဓ၀င်ပြဇတ်မှ စကားလုံးဖြစ်ပါတယ်. ငယ်စဉ်က ထိုကဲ့သို့ ကြားနာခဲ့ရပါတယ်. မှား၊မှန် ကိုတော့ မသိပါ.။

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.