* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *


ခုတလော မီးရထားလမ်းတွေ အဆင့်မြှင့်၊ ဥမင်လိုဏ်ခေါင်းတွေ တစ်ခုပြီး တစ်ခု ဖောက်နေတဲ့ တရုတ်နိုင်ငံမှာ ရေအားလျှပ်စစ် စက်ရုံအတွက် ရေယူ ဥမင်လိုဏ်ခေါင်း တစ်ခုကို Robbins ကုမ္ပဏီနဲ့အတူ ပူးတွဲ ဖောက်လုပ်မယ်လို့ သိရပါတယ်။ စီချွမ်ပြည်နယ်ထဲမှာ ရှိတဲ့ Jinping-II ရေအားလျှပ်စစ် စက်ရုံအတွက် တောင်စောင်းမှာ ရေယူဥမင်တစ်ခု ဖောက်လုပ်ဖို့ TBM နဲ့တကွ ဆက်စပ် ပစ္စည်းတွေ ၀ယ်ယူဖို့ Robbins ကုမ္ပဏီနဲ့ Ertan Hydropower Development ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရေယူဥမင်ဟာ ၁၆.၇ ကီလိုမီတာ (၁၀.၄ မိုင်) ရှည်လျားမှာဖြစ်ပြီး လာမယ့် ၂၀၀၈ ခုနှစ် မတ်လထဲမှာ စတင် ဖောက်လုပ်မှာ ဖြစ်ပါတယ်။

TBM ရဲ့ အဓိက အစိတ်အပိုင်းများကို US အခြေစိုက် Robbins က ထုတ်လုပ်မှာ ဖြစ်ပြီး၊ ကျန် အစိတ်အပိုင်းများကို ရှန်ဟိုင်းမှာ အခြေစိုက်တဲ့ Robbins တရုတ် ကုမ္ပဏီခွဲ ကနေ ထုတ်လုပ် တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

ယန်လွန်မြစ် (Yalong river) ကိုပိတ်ဆို့ ဆည်ဖို့ပြီး ရေအား လျှပ်စစ် ထုတ်ယူမယ့် စီမံကိန်းကနေ လျှပ်စစ် ဓာတ်အားပေါင်း တစ်နှစ်ကို မီဂါဝပ် ၄၈၀၀ ရယူနိုင်မှာ ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ ပြီးစီးဖို့ လျာထား ပါတယ်။ အခု Jinpin-II ရေအား လျှပ်စစ် စက်ရုံရဲ့ အထက်ဘက် ၁၇ ကီလိုမီတာ အကွာမှာ Jinpin-I ရေအား လျှပ်စစ် စက်ရုံကို ၂၀၁၄ ခုနှစ်အပြီး ထပ်မံ တည်ဆောက်အုံးမှာ ဖြစ်ပြီး တစ်နှစ်ကို မီဂါဝပ် ၃၆၀၀ ထုတ်ယူ နိုင်မယ်လို့လည်း သိရပါတယ်။

Jinpin-II ရေအားလျှပ်စစ် စက်ရုံအတွက် ၁၆.၇ ကီလိုမီတာ ရှည်တဲ့ ရေယူဥမင် လေးခုကို အပြိုင် ဖောက်လုပ်မှာ ဖြစ်ပြီး ဥမင်အမှတ်(၁)ကို TBM နဲ့ ဖောက်လုပ်ပြီး ကျန်ဥမင်များကို မိုင်းခွဲ ဖောက်လုပ်နည်းနဲ့ ဖောက်လုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာလည်း မိုင်းခွဲ ဖောက်လုပ်တဲ့နည်း ( Mine tunneling method or mountain tunneling method or drill & blast method) ကို တွင်ကျယ်စွာ အသုံးပြုနေပြီ ဖြစ်ပါတယ်။
အဆိုပါ ရေယူဥမင်များ ဖောက်လုပ်မယ့် ဒေသမှာ marble၊ shale နဲ့ limestone တို့ ပေါင်းစပ် တည်ရှိနေပြီး ကျောက်သားများရဲ့ ခံနိုင်ဝန်နှုန်း 80 MPa(11,600 psi) အထိရှိကာ ကျောက်လွှာ အက်ကွဲကြောင်းများ ရှိတဲ့ နေရာများလည်း ဖြစ်ပါတယ်။ TBM ရဲ့ မျက်နှာဝ အချင်းကတော့ ၁၂.၄၃ မီတာ(၄၀.၁ ပေ) ရှိကာ ရေစီးအား တစ်စက္ကန့်မှာ ၁၃၀၀ ဂါလံ (5m3/sec) အထိ အများဆုံး လွှတ်ထုတ် ပေးနိုင်မယ့် ရေယူဥမင်ကို ဖောက်လုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. Anonymous May 6, 2007 at 7:01 AM  

    မြန်မာပြည်မှာသုံးတဲ့ မိုင်းခွဲဖောက်လုပ်နည်းနဲ့ မြန်မာပြည်မှ ရေဥမင်တွေအကြောင်း ရေးပါဦး ။ အားမှပါး) မေးထားတာတွေ များနေပြီ ။

  2. MyMetro May 6, 2007 at 6:15 PM  

    အခုလို ဒိုင်ခံအားပေးနေတဲ့ အမာခံ ပရိတ်သတ် ၁ ယောက်ရဲ့ ဆန္ဒအတိုင်း မြန်မာပြည်ရဲ့ ရေအားလျှပ်စစ်သုံး ဥမင်တွေကို ရှာဖွေပြီး ရေးနိုင်အောက် ကြိုးစားပါ့မယ်။ သိတဲ့အတိုင်း မြန်မာပြည်နဲ့က တော်တော်ဝေးတာ ဆိုတော့ ဖတ်ရဖို့ နည်းနည်းကြာလိမ့်မယ်နော်..

  3. Anonymous May 6, 2007 at 6:21 PM  

    ရပါတယ် ။ စောင့်နိုင်တယ် ။ သိချင်မှတော့ စောင့်ရမှာပေါ့း)

    တကယ်တော့ ကျွန်မက မြန်မာပြည်ရဲ့ လျှပ်စစ်ဓါတ်အားကို natural resources သုံးပြီး ထုတ်လုပ်တဲ့အပိုင်းကို အရမ်းစိတ်ဝင်စားပါတယ် ။ အမြဲတမ်း မီးတွေပျက်နေလို့ အမှောင်ထဲပဲ နေနေရတဲ့ မြန်မာပြည်သားတွေတွက် natural resources ကိုသုံးပြီး အလင်းတွေပေးနိုင်ဖို့ အိပ်မက်တခုကို မက်နေဆဲပါ .. ။

  4. MyMetro May 6, 2007 at 6:31 PM  

    ကျွန်တော်လည်း မီထရိုအကြောင်း၊ မီးရထားအကြောင်းတွေ ဒိုင်ခံရေးနေတာ..။ လျှပ်စစ်က ဘယ်ကရမလဲဆိုတာတော့ မသိဘူး။ အခုလဲ လုပ်တော့ လုပ်နေတာပဲ။ နောက်တော့ တဖြည်းဖြည်း ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.