ဘေ
ဂျင်းမြို့လယ်ကို ဖြတ်သွားတဲ့ မြို့တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမယ့် ဘေဂျင်းမြို့ မီထရိုပိုလီတန် လိုင်းသစ်ကို ယခုနှစ် စက်တင်ဘာလထဲမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ လိုင်းသစ်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပြီး ယခုအခါ နောက်ဆုံး ဘူတာတစ်ခုရဲ့ အတွင်းပိုင်း လုပ်ငန်းများကို အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ရထားစမ်းသပ် မောင်းနှင်ခြင်းကို လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဆိုပါ လိုင်းသစ်ဟာ ၂၇.၆ ကီလိုမီတာ ရှည်လျားပြီး စတုတ္ထမြောက် အ၀ိုင်းပတ် ကားလမ်းရဲ့ မြောက်ဘက်ပိုင်း တိုင်ပင်ဇောင်း (Taipingzhuaung) ဘူတာမှ စတင်ကာ မြို့လယ်ကို ဖြတ်ပြီး ၎င်းကားလမ်းရဲ့ တောင်ဘက်ပိုင်း မှာရှိတဲ့ ဆန်ဂျီအာဇောင်း (Sunjiazhuang) ဘူတာမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီလိုင်းသစ်မှာ ဘူတာပေါင်း ၂၂ ခု ပါဝင်မှာ ဖြစ်ပါတယ်။ယခုလိုင်းသစ်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းများကို ၂၀၀၂ ခုနှစ်ကုန်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး လိုင်းသစ် တစ်ခုလုံးရဲ့ ဆောက်လုပ်ရေး ကုန်ကျစရိတ် ယွမ် ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၅၅ ဘီလီယံ) ရှိပါတယ်။ လိုင်းသစ် တစ်ခုလုံးမှာ နောက်ဆုံးပေါ် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်းများကို တပ်ဆင် အသုံးပြု ထားကြောင်းလည်း သိရပါတယ်။ ရထားတွဲ တစ်တွဲချင်းစီ မှာလည်း ရုပ်မြင်သံကြားစက် တစ်ခုစီ တပ်ဆင် ပေးထားအုံးမှာ ဖြစ်ပြီး လာမယ့် ၂၀၀၈ ခုနှစ် အိုလံပစ် အားကစား ပွဲတော်မှ အစီအစဉ်များကို ရထားစီးရင်း ကြည့်ရှုနိုင်စေဖို့ ဖြစ်ပါတယ်။ ရထားလိုင်း လမ်းကြောင်း တစ်လျှောက်မှာလည်း မိုဘိုင်းဆက်သွယ်ရေးစက် (Transmitter) များ တပ်ဆင်ထားမှာလည်း ဖြစ်ပါတယ်။ ရထားရဲ့ အမြန်နှုန်း ကိုတော့ တစ်နာရီ ၈၀ ကီလိုမီတာနှုန်း နဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။
ယခုလက်ရှိ အချိန်မှာ ဘေဂျင်းမြို့ မီထရိုပိုလီတန်ရဲ့ စုစုပေါင်း အရှည်ဟာ ၉၅ ကီလိုမီတာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် စတင်တဲ့ အချိန်မှာ ပြေးဆွဲမယ့် မီထရိုလိုင်းများရဲ့ အရှည်ဟာ ကီလိုမီတာ ၁၀၀ ထပ်မံ တိုးလာမှာဖြစ်ကာ မီထရိုပိုလီတန် တစ်ခုလုံးရဲ့ အရှည်ဟာလည်း ကီလိုမီတာ ၂၀၀ ကျော်လာမှာ ဖြစ်ပါတယ်။ မီထရိုပိုလီတန် တစ်ခုလုံး တိုးချဲ့ဖို့အတွက် ယွမ် ၆၃.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ) ကို ကျခံသုံးစွဲမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဘေဂျင်းမြို့ မီထရိုပိုလီတန်ဟာ လိုင်းပေါင်း ၁၉ လိုင်းနဲ့ စုစုပေါင်း အရှည် ၅၆၁.၅ ကီလိုမီတာ အထိရှိလာမှာ ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး မီထရိုပိုလီတန် ကွန်ယက်ကြီး တစ်ခု ဖြစ်လာမည်ဟု သိရှိရကြောင်းပါ။ (ref: Rustunnel)မှတ်သားဖွယ်ရာများ -
- London Metro – 414 km (381 stations)
- New York Metro – 368 km (468 stations)
- Moscow Metro – 278.3 km (172 stations)
- Tokyo Metro – 183.3 km (165 stations)










Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld