ခု
လိုမျိုးဆိုရင်တော့ ကျွန်တော့် မီထရိုလည်း ရေအောက်ကို ရောက်နေပြီ။ မီထရိုထဲမှာ လူတွေလည်း အားလုံး ဓာတ်လိုက်ပြီး သေကုန်မှာပဲ။ ဘာလုပ်ရမလဲ။ မီထရိုကို ပိတ်လိုက်ရုံပဲ ရှိတော့တာပေါ့။ ဒါကြီးက ကျွန်တော်တို့ အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်လာတော့မှာ။ ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကျော်လွှားကြမလဲ။ ၀ိုင်းဝန်း အဖြေရှာ ကြဖို့တော့ လိုပြီ။ ဟိုး…အမြင့်ကြီးကို မသွားခင် အခြေခံ လိုအပ်ချက်တွေကို ပြည့်စုံအောင် လုပ်ရမယ်။ မဟုတ်ရင်တော့ ဒီနေ့လုပ်ပြီး နက်ဖြန်ပျက် ဆိုတာမျိုးပဲ ဖြစ်မှာ။ ဒီလိုဆိုရင် နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ တပြုံတခေါင်းကို ရင်ဆိုင်ကြရလိမ့်မယ်။ များသောအားဖြင့် ကျွန်တော်တို့တွေက အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်တာ များတယ်။ ပေါ့လျော့ကြတယ်။ တကယ်တော့ ဘာပဲလုပ်လုပ် အားလုံးကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ဖြစ်လာမယ့် ပြဿနာတွေကို အလေးအနက်ထားပြီး စဉ်းစဉ်း စားစား လုပ်ဖို့ လိုမယ်ဆိုတာ ဒီကနေ့ ဖြစ်နေတဲ့ ဖြစ်ရပ်တွေက လက်တွေ့ ပြသလိုက်တာပါပဲ။
ပရင့်ထုတ်ရန်
အင်း ဟုတ်တယ်နော် အဲလို ဖြစ်လာရင် ဘယ်လို နည်းပညာတွေနဲ့ မြေအောက်လိုင်းကို မထိအောင် ကာကွယ်လို့ ရလဲ. စိတ်ဝင်စားလို့
မြို့ရဲ့ အနေအထားကို မူတည်ပြီး မြေအောက်လိုင်း လုပ်ရင်ကောင်းမလား စကိုင်းဝေး လုပ်ရင်ကောင်းမလား ဆိုတာ ဆုံးဖြတ်တာလား။ ဒါပေမယ့် စလုံးဆိုရင် ကျွန်းလေးဖြစ်ပေမယ့် အခု မြေအောက် ပရောဂျက် လုပ်နေပြီ။ ဘန်ကောက်မှာ ကျတော့ စကိုင်းဝေး ပဲလုပ်တယ်။ ၂၀၀၁ လောက်ကမှ စတယ် ထင်တယ်။ ကိုယ်ထင်တာ မြို့က infrastructure တွေ အတော် established ဖြစ်နေပြီး ဆိုရင် စကိုင်းဝေးက ပို စိတ်ချရပြီး လုပ်ရ လွယ်ကူတာမျိုးလား။