U


လူဦးရေ ၈၆၃၀၀၀ သာနေထိုင်တဲ့ ဒူဘိုင်းမြို့မှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိတဲ့ စုစုပေါင်း ၆၉.၂ ကီလိုမီတာ ရှည်လျားပြီး လိုင်းနှစ်လိုင်း ပါဝင်မယ့် fully automatic light metro system ကို တည်ဆောက်ဖို့ ၂၀၀၄ ခုနှစ်က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်ဆောင်မှာ ဖြစ်ပြီး ပထမအပိုင်းကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အနီရောင် လိုင်းကို ဖောက်လုပ်ခြင်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အနီရောင်လိုင်းကို စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် မတ်လထဲမှာ ပြီးစီးမယ်လို့ သိရှိရပါတယ်။
ဒုတိယအပိုင်း ဖြစ်တဲ့ အစိမ်းရောင် လိုင်းကိုတော့ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ စတင် နိုင်မယ်လို့ ခန့်မှန်း ထားပြီး စုစုပေါင်း အရှည် ၁၉.၂ ကီလိုမီတာ ရှိမှာ ဖြစ်ပါတယ်။ လိုင်းနှစ်လိုင်းမှာ စုစုပေါင်း ဘူတာ ၄၇ ခုပါရှိမှာ ဖြစ်ပြီး ဘူတာ ၁၀ ခုကတော့ မြေအောက် ဘူတာများ ဖြစ်ပါတယ်။
ခရီးသည် ၄၀၀ ဆန့် ရထားတွဲ ၅ တွဲပါ ရထားများကို အသုံးပြု ပြေးဆွဲမှာ ဖြစ်ပြီး ရထားတိုင်းမှာ ပထမတန်းတွဲနဲ့ အမျိုးသမီးများနှင့် ကလေးများအတွက် သီးသန့်တွဲ များလည်း ပါရှိမှာ ဖြစ်ပါတယ်။
ရထားပြေးဆွဲမှု စနစ်ကိုတော့ ၂ မိနစ်လျှင် တစ်စီးနှုန်းနဲ့ ပြေးဆွဲဖို့ စီမံထားပါတယ်။ အနီရောင်လိုင်းကိုတော့ တစ်နာရီလျှင် ခရီးသည်ပေါင်း ၂၇၀၀၀ နှုန်းနဲ့ ပို့ဆောင် ပေးနိုင်ဖို့ လျာထားပြီး အစိမ်းရောင် လိုင်းမှာတော့ တစ်နာရီမှာ ခရီးသည် ၁၈၀၀၀ နှုန်းနဲ့ ပို့ဆောင်ပေးဖို့ ဒီဇိုင်းရေးဆွဲ ထားပါတယ်။ တစ်နေ့ကို ခရီသည် ၁.၂ သန်း ပို့ဆောင် ပေးနိုင်မှာ ဖြစ်ပြီး တစ်နှစ်လုံး အနေနဲ့ ခရီးသည် ၃၅၅ သန်းခန့်ကို သယ်ယူ ပို့ဆောင် ပေးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရှိရ ပါတယ်။

ခရီးသည် ၄၀၀ ဆန့် ရထားတွဲ ၅ တွဲပါ ရထားများကို အသုံးပြု ပြေးဆွဲမှာ ဖြစ်ပြီး ရထားတိုင်းမှာ ပထမတန်းတွဲနဲ့ အမျိုးသမီးများနှင့် ကလေးများအတွက် သီးသန့်တွဲ များလည်း ပါရှိမှာ ဖြစ်ပါတယ်။


Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld