၁
၉၀၄ ခုနှစ်က စတင် တည်ဆောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မီထရိုဟာ ယခုအချိန်မှာ ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး မီထရို တစ်ခုဖြစ်ပါတယ်။ ရထားလမ်းစုစုပေါင်း အရှည် ၃၆၈ ကီလိုမီတာနဲ့ ဘူတာပေါင်း ၄၆၈ ဘူတာရှိကာ နေ့စဉ် ခရီသည်ပေါင်း ၄.၅ မီလီယံကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ အခုအချိန်မှာတော့ တိုးတက် များပြားလာတဲ့ ခရီးသွားဦးရေနဲ့ သယ်ယူပိုဆောင်ရေး ၀န်ဆောင်မှုတို့ မျှတစေဖို့ အတွက် မီထရို မျိုးဆက်အသစ် တစ်ခုကို Grand Central Station အောက်ဘက် ၁၄၀ မီတာ အနက်မှာ တည်ဆောက် နေပါတယ်။
အခုတင်ပြထားတဲ့ ဗီဒီယိုမှာတော့ နယူးယောက် မီထရို သမိုင်းကြောင်းများ၊ မီထရိုအတွင်း ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုများ၊ မီထရို ဆောက်လုပ်ရေး လုပ်ငန်းများ၊ ၉/၁၁ ဖြစ်ရပ်တွင် မီထရိုအတွင်း ပျက်စီးသွားမှုများ၊ နောက်ထပ်ဆောက်လုပ်မည့် စီမံကိန်းများ အပါအ၀င် မီထရိုပိုလီတန် အင်ဂျင်နီယာများ၏ တီထွင်ကြံဆမှုများကို တ၀ကြီး ရှုမြင်မှတ်သားရမှာ ဖြစ်ပါတယ်။ ပြသချိန် ၄၆ မိနစ်ကြာမြင့်မှာ ဖြစ်ပြီး နောက်ခံ စကားပြောကတော့ ရုရှားဘာသာနဲ့ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ လိုက်ရှာပေမဲ့ ရှိတဲ့ဖိုင်တွေက အခပေးဝယ်ရမယ့် ဖိုင်တွေ ဖြစ်နေတော့ အလကားရတဲ့ ဒါကိုပဲ ဒေါင်းလုပ်ချ၊ ဂူဂယ်မှာ ပြန်တင်ပေးလိုက်တာပါ။ နားမလည်တဲ့ အပိုင်းများကို feed back ပြန်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld