ချင်း
မိုင်မြို့သည် ထိုင်းနိုင်ငံ၏ မြောက်ပိုင်းတွင် တည်ရှိပြီး လူဦးရေ ၁.၆ သန်းကျော် နေထိုင်လျက်ရှိသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာရှိပြီး နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်များစွာ ၀င်ထွက် သွားလာနေသော မြို့လည်းဖြစ်၏။ ခေတ်မှီ မြို့ကြီးတစ်မြို့ ဖြစ်လာသည်နှင့်အတူ မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကိုလည်း အဆင့်မြင့်တင်ရန် စီမံချက်များ ပြုလုပ်လာသည်ကို တွေ့ရပါသည်။
၂၀၀၀ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ချင်းမိုင် တက္ကသိုလ်၌ ပြုလုပ်သော စာတမ်းဖတ်ပွဲ၌ ချင်းမိုင်မြို့တွင် လာမည့် ၁၀ နှစ်အတွင်း သယ်ယူ ပို့ဆောင်ရေး ကွန်ယက်တစ်ခု တည်ဆောက်ရန် ထည့်သွင်း ဆွေးနွေးခဲ့ကြပါသည်။ ၂၀၀၃ ခုနှစ်တွင် မီထရို လမ်းကြောင်းများကို အကြမ်းဖျင်း ရေးဆွဲခဲ့ကြပြီး ၂၀၀၄ ခုနှစ်တွင် subway စနစ်အစား Light rail စနစ်ဖြင့် အစားထိုးရန် အတွက် လေ့လာမှုများကို ကက်ဘိနက်အဖွဲ့မှ ပြုလုပ်ခဲ့ကြသည်။

ယခုအချိန်တွင် စီမံကိန်းလုပ်ငန်းများ ရေးဆွဲနေဆဲ အဆင့်တွင်ရှိပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးရန် လေးနှစ်ကျော် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်း ရေးဆွဲသူများ၏ တွက်ချက်မှုများအရ ချင်းမိုင်မီထရိုသည် တနေ့လျှင် ခရီးသည် ၁၆၉၀၀၀ ကျော် သယ်ယူ ပို့ဆောင်ပေးနိုင် လိမ့်မည် ဖြစ်ပြီး ရထား စတင်ပြေးဆွဲမှုများကို လာမည့် ၅နှစ်၊ ၆နှစ်အတွင်း ပြုလုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ချင်းမိုင်မီထရိုကဲ့သို့ပင် အခြား မြို့ကြီးများဖြစ်သည့် ကိုရတ် (Korat) မြို့နှင့် ဖူးခက် (Phuket) မြို့များတွင်လည်း အလားတူ မီထရိုကွန်ယက်များ တည်ဆောက်ရန် survey တိုင်းတာရေး လုပ်ငန်းများကို The Expressway Authority of Thailand မှဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် လမ်းကြောင်းများကိုမူ မသတ်မှတ် ရသေးကြောင်းလည်း သိရပါသည်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld