ယ
နေ့မျက်မှောက်ကာလ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်နေသော ကမ္ဘာ့မြို့တော်ကြီး များ၏ အဓိကအကျ ဆုံးပြဿနာမှာ မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍပင်ဖြစ်သည်။ မြို့ပြသို့ ပြောင်းရွှေ့ အခြေချမှု များပြာလာမှုနှင့် အတူ တနေ့တခြား တိုးပွားလာနေသော မြို့လူဦးရေ၊ တိုးတက်လာသော မော်တော်ယာဉ် စီးရေတို့ကြောင့် မြို့ပြ၏နေ့စဉ် လှုပ်ရှားမှုပုံစံသည်လည်း တဖြည်းဖြည်း ကျပ်တည်း ကျဉ်းမြောင်းလာသည်။ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပိတ်ဆို့နေသော လမ်းမကြီးများ၊ တမေ့တမော စောင့်ဆိုင်းနေကြသော ကားတန်းရှည်များဖြင့် ကမ္ဘာ့မြို့တော်ကြီးများ၏ နေ့စဉ်မြင်ကွင်းများကို တွေ့မြင်ဖူးကြမည် ဖြစ်သည်။ အချိန်နှင့် တပြေးညီ လှုပ်ရှားပြေးလွှား နေရသော မြို့ပြလူနေမှုပုံစံကို အသားကျ ဖြည့်ဆည်းပေးနိုင်ရန် နှင့် တိုးတက်နေသော စီးပွားရေးဒီရေကို ကောင်းမွန်စွာ အထောက်အကူ ပြုနိုင်ရန်အတွက် မြို့ပြ၏ အသက် သွေးကြောကြီးများသဖွယ် ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ တနည်း သယ်ယူပို့ဆောင်ရေးကို အထူး အလေးပေး စဉ်းစားရန် လိုအပ်လာသည်။
လူဦးရေ ထူထပ်များပြားသော မြို့ကြီးများတွင် မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကို ကား၊ ရထား၊ ထရော်လီဘတ်စ်၊ ထရန်ရထားများ (street car)၊ မြေအောက် ရထားလမ်း (metro) အစရှိသည့် တတ်နိုင်သမျှသော နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းကြသည်။ သမရိုးကျ ကားလမ်းများ၊ ရထားလမ်းများဖြင့် လက်ရှိ လူဦးရေအပေါ် ကောင်းမွန်စွာ ၀န်ဆောင်မှု မပေးနိုင်သောကြောင့် လည်းကောင်း၊ မြို့ပြ၏ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပထ၀ီဆိုင်ရာ အနေအထားများ ကြောင့်လည်းကောင်း၊ မြို့တော်၏ သယ်ယူပို့ဆောင်ရေး အဆင့်အတန်းကို ခေတ်မှီမြို့တော် အင်္ဂါရပ်များနှင့်အညီ အဆင့်မြှင့်တင်ရန်အတွက် လည်းကောင်း မြေအောက် ရထားလမ်း ကွန်ယက်စနစ် (၀ါ) လူအများအပြားကို အချိန်တိုအတွင်း သယ်ယူပို့ဆောင် ပေးနိုင်သော စနစ် (Mass rapid transit system – MRT) ကိုအကောင်းဆုံးသော ဆက်သွယ်ရေး ကွန်ယက်တစ်ခုအဖြစ် ဖောက်လုပ် အသုံးပြုလာကြသည်။
လျင်မြန်မှုရှိခြင်း၊ လုံခြုံမှုရှိခြင်း၊ သွားလာမှု အဆင်ပြေ ချောမွေ့ခြင်း၊ လူအများအပြားကို အချိန်တိုအတွင်းပို့ ဆောင်ပေးနိုင်ခြင်း၊ ခရီးသွားလာမှုစရိတ် များစွာသက်သာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု လျော့နည်းခြင်း စသည့် အားသာချက်များကြောင့် မြေအောက် ရထားသည် မြို့ပြ၏ သယ်ယူပို့ဆောင်ရေး ကွန်ယက်ကို ကြီးမားစွာ အထောက်အကူ ပြုသော ဆက်သွယ်ရေးစနစ် တစ်ခုဖြစ်သည်။ မြို့ပြ၏ သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာနေရာများ၊ ဗိသုကာဆိုင်ရာ အဆောက်အအုံများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနေအထား တို့ကိုလည်း ထိခိုက်မှုမရှိပေ။ ဆောက်လုပ်ရေး ကုန်ကျစရိတ် များပြားခြင်းနှင့် ဆောက်လုပ်ချိန် ကြာမြင့်တတ်သော်လည်း ၎င်းမှ ပြန်လည်ရရှိသော အကျိုးအမြတ်က လွန်စွာမှ ကြီးမားလှသည်ကို တွေ့ရှိ ရသည်။
ကမ္ဘာ့ မြို့တော်ကြီးများတွင် မြေအောက် ရထားကို အားအထားရ ဆုံးသော မြို့ပြသယ်ယူ ပို့ဆောင်ရေး ကွန်ယက်အဖြစ် လက်ခံ အသုံးပြုနေကြပြီ ဖြစ်သည်။ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ ဥမင်တူးဖော်ရေး နည်းစနစ်များ၊ စက်ယန္တရား ပစ္စည်းများ ခေတ်မီတိုးတက် လာသောကြောင့်လည်း မြေအောက်ဥမင်၊ ရေအောက်ဥမင် တူးဖော်ရေး စသော လုပ်ငန်းများတွင် အခက်အခဲများကို နည်းပါးလာစေပြီး တည်ဆောက်ရေး လုပ်ငန်းများလည်း ပိုမိုလျင်မြန် လာသည်။ မိမိတို့ မြို့တော်များ၏ လိုအပ်ချက်များအရ မြေအောက် ရထားလမ်းများ အသစ်တည်ဆောက်ခြင်း၊ ရှိပြီးသားလမ်းပိုင်းများကို တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် မြေအောက် ရထားပို့ဆောင်ရေး ကွန်ယက်သည် ယနေ့အခါတွင် ကမ္ဘာ့မြို့ကြီးများ အချင်းချင်း ထိစပ်သည့် အနေအထားသို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။
အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာသော မြေအောက်ဥမင် တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေအောက်ရထားဖြစ် ပေါ်လာပုံသမိုင်းကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ ၁၉ ရာစုတွင် မီးရထားလမ်းများ စတင်ပေါ်ပေါက် လာမှု နှင့်အတူ မြေအောက်ဥမင် ဖောက်လုပ်ရေး လုပ်ငန်းများလည်း တပြိုင်နက်ဖွံ့ဖြိုးလာခဲ့သည်။ ဥမင်များကို ရှေးယခင် ကတည်းကပင် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာများတွင် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တူးဖော်အသုံးပြုခဲ့ ကြသည်။ သယ်ယူပို့ဆောင်ရေး ဆိုင်ရာဥမင်များကိုမူ ၁၉ ရာစုနောက်ပိုင်းမှ တူးဖော်လာကြခြင်းဖြစ်သည်။ ၁၈၃၀ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမဆုံး ရထားလမ်းဥမင်ကို ဖောက်လုပ်ခဲ့သည်။ ၎င်းဥမင်မှာ ၁၁၉၀ မီတာရှည်လျားပြီး မန်ချက်စတာမြို့နှင့် လီဗာပူးမြို့တို့ကို ဆက်သွယ်ထားသော ရထားလမ်းပေါ်တွင် တည်ရှိသည်။
ထို့နောက်ပိုင်းတွင် ဥရောပ၌ မီးရထားသည် ကုန်းတွင်း သယ်ယူပို့ဆောင်ရေး အတွက် အရေးပါဆုံးသော ဆက်သွယ်ရေး ကွန်ယက် ဖြစ်လာပြီး မီးရထားလမ်းများ၏ အရှည်မိုင်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့တိုင်အောင် ဥရောပမြောက်ပိုင်းနှင့် တောင်ပိုင်းတို့အကြား ကုန်စည်ကူးသန်း ရောင်းဝယ်ရေးတွင်မူ သဘာဝပထ၀ီဆိုင်ရာ အခက်အခဲ၊ အတားအဆီးများကြောင့် မီးရထားလမ်းများဖြင့် ဆက်သွယ်နိုင်မှုမှာ အဟန့်အတား တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် သဘာဝအတားအဆီးများ၊ တောင်တန်းများကို ဖြတ်ကျော်နိုင်ရန်အတွက် ဥမင်များ ဖောက်လုပ်၍ အသုံးပြုကြရန် စဉ်းစားလာကြသည်။
ဆင်ပလွန်ဥမင်(၁၉၁၃)
စိန့်ဂို့သ်ဟတ်ဥမင်(၁၈၈၁)
ထိုအချိန်က ဥမင်ဖောက်လုပ်ရာတွင် သမရိုးကျ လူအားဖြင့် တူးဖော်သည့် နည်းလမ်းဖြင့်သာ လုပ်ကိုင်နိုင် သေးသည်သာဖြစ်ရာ ဥမင်၏အလျားမှာ လည်းအများဆုံး ၃.၅ ကီလိုမီတာ ထက်မပိုပေ။ ထိုစဉ်ရှိခဲ့သော နည်းပညာ ကလည်း ရှည်လျားသောဥမင်များ ဖောက်လုပ်နိုင်ရေး အတွက် အကန့်အသတ် များစွာရှိခဲ့ သည်။ ၁၈၅၁ ခုနှစ်တွင် ကျောက်တောင်များကို တူးဖော်နိုင်သော လွန်တူးစက်များ တီထွင်လာနိုင်ခြင်း၊ ဒိုင်းနမိုက်နှင့် ဖောက်ခွဲရေးဆိုင်ရာ နည်းပညာများ ပေါ်ပေါက်လာခြင်း စသောနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလှည့်အပြောင်းကြောင့် အလွန် ကြီးမားသော အယ်လပိုင်း ကျောက်တောင်များ ကိုဖြတ်ပြီး ဥမင်များဆက်သွယ် ဖောက်လုပ်နိုင်ရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာခဲ့သည်။
၁၈၅၇ ခုနှစ်တွင် မောင့်ဆီးနစ်ဥမင်ကို စတင်ဖောက်လုပ်ခဲ့ကြသည်။ ဥမင်ဖောက်လုပ်မှုမှာ ၁၈၇၇ ခုနှစ်အ ထိကြာမြင့်ခဲ့ပြီး ဥမင်အရှည်မှာ ၁၂.၈ ကီလိုမီတာရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ(ပြင်သစ်)၊ မြေထဲပင်လယ် (အီတလီ) နှင့် ဘောလ်တစ်ပင်လယ် (ဂျာမနီ) တို့ကို ဆက်သွယ်သော မီးရထားလမ်းကြောင်းကို ချိတ်ဆက်ပေးသည်။ နောက်ထပ်(၂)နှစ်အကြာ ၁၈၇၂ ခုနှစ်တွင် စိန့်ဂို့သ်ဟတ် ဥမင်ကိုဖောက်လုပ်သည်။ ထိုဥမင်ကို ၁၈၈၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး (၁၅) ကီလိုမီတာ ရှည်လျားကာ အီတလီနှင့် ဆွစ်ဇာလန်တို့ကို ဆက်သွယ်ထားသည်။ ပထမကမ္ဘာစစ် မတိုင်မီအထိ (၅) ကီလိုမီတာ အထက်ရှိသော ဥမင်ပေါင်း ၂၀ ကျော်ကို တိုးတက်ဖောက်လုပ်ခဲ့ပြီး အရှည် (၁၀.၃) ကီလိုမီတာရှိသော အာရယ်ဘက်ဥမင် (၁၈၈၀-၁၈၈၄)၊ အရှည် (၁၄.၅) ကီလိုမီတာရှိသော လိခ်ျဘက်ဥမင် (ဆွစ်ဇာလန်၊၁၉၀၆-၁၉၁၃) နှင့် အရှည် (၂၀) ကီလိုမီတာရှိသော ဆင်ပလွန်ဥမင် (ဆွစ်ဇာလန်-အီတလီ) တို့မှာထင်ရှားသည်။
နောက်ပိုင်းတွင် မော်တော်ကား လမ်းဥမင်များကိုပါ ဖောက်လုပ်ခဲ့ကြသည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဖောက်လုပ်သော ဥမင်များ၊ သတ္တုတူးဖော် ရေးအတွက် တူးဖော်သော ဥမင်များ၊ အခြားသော ဆက်သွယ်ရေး ဆိုင်ရာ ဥမင်များ အစရှိသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖောက်လုပ်ကြသော်လည်း သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုသောဥမင်များမှာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုသည်ကို တွေ့ရှိရသည်။
ယခင်က မြေအောက်ဥမင်အတွင်းပိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် အခြေခံအကျဆုံး ဆောက်လုပ်ရေး ပစ္စည်းအဖြစ် ခွဲကျောက်နှင့်ထုံး ရောစပ်ထားသော မဆလာကိုသာ အသုံးပြူခဲ့ရသည်။ ၁၈၈၉ ခုနှစ်နောက်ပိုင်း ပြန်လည် တည်ဆောက်ထားသော ဥမင်များတွင်မူ သံကူကွန်ကရစ်ကို ပထမဦးဆုံး စတင်အသုံးပြု လာနိုင်ခဲ့သည်။ ၎င်းမှာ (၂၀) ရာစုအစောပိုင်း မြေအောက်ဥမင်များ တည်ဆောက်ရေးကို များစွာ အထောက်အကူ ပြုခဲ့သည်။
ပထမကမ္ဘာစစ်အပြီးတွင် မြေအောက်ဥမင်များ ဖောက်လုပ်မှုအနည်းငယ် ကျဆင်းခဲ့သော်လည်း ဥရောပမြို့တော် များတွင် မီးရထားလမ်း ကွန်ယက်များမှာ ထင်ရှားစွာဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ စစ်ပြီးခေတ် အထင်ရှားဆုံး မြေအောက်ဥမင် ဖောက်လုပ်မှုမှာ အီတလီနိုင်ငံ ဖလော်ရင့်မြို့နှင့် ဘိုလော့ဂ်နာမြို့တို့ကို ဆက်သွယ်ထား သော အာပင်နိုင်းဥမင် (၁၉၂၀-၁၉၃၁) ဖြစ်သည်။ အလျား (၁၈) ကီလိုမီတာကျော် ရှည်လျား၍ မြေအောက်ဘူတာရုံ လည်းပါဝင်သည်။
တပြိုင်တည်းမှာပင် မော်တော်ကားလမ်းများလည်း လျင်မြန်စွာ ဖွံဖြိုးတိုးတက်လာပြီး ကားလမ်း ဥမင်များလည်း ဖောက်လုပ်လာကြသည်။ အထင်ရှားဆုံးသော ကားလမ်းဥမင်မှာ စိန့်ဂို့သ်ဟတ်ဥမင် (ဆွစ်ဇာလန်) ဖြစ်ပြီး ရထားလမ်းဥမင် နှင့်အပြိုင် ၁၉၈၀ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်။ ၁၆.၃ ကီလိုမီတာ ရှည်လျားသည်။ တောင်ကြောများကိုဖြတ်သန်း ဖောက်လုပ်သော ဥမင်များလည်း ဆက်လက်ဖွံ့ဖြိုး တိုးတက်လာသည်။ ဂျပန်နိုင်ငံတွင် ၁၉၈၁ ခုနှစ် တွင်ဖောက်လုပ် ခဲ့သော ဒါအိ-ရှင်မိဇုဥမင်မှာ (၂၂.၂) ကီလိုမီတာ ရှည်လျားပြီး နှစ်မွှာဥမင် အမျိုးအစားဖြစ်သည်။
မြေအောက်ဥမင် ဖောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အတူ ရေအောက်ဥမင် ဖောက်လုပ်ရေး နည်းပညာများလည်း တပြိုင်တည်း ဖွံ့ဖြိုး တိုးတက်လာသည်။ လွန်သွားစက် (Shield Tunneling Method) ဖြင့်တူးဖော်သော နည်းပညာကို အသုံးပြု လာနိုင်၍လည်း ရေအောက်ဥမင် လမ်းကြောင်းများ ပေါ်ပေါက်လာသည်။ အထင်ရှားဆုံးမှာ အင်္ဂလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ကြား အင်္ဂလိပ် ရေလက်ကြားကို ဖြတ်၍ဖောက်လုပ်ခဲ့သော ရေအောက်ဥမင် (channel tunnel) ဖြစ်ပြီး ၃၁.၁ မိုင်ရှည်လျားကာ ၁၉၉၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြေအောက်ရထားလမ်း တစ်ခုတည်းတွင်ပင် ထိုကဲ့သို့ ရေအောက်ဖြတ် ဥမင်ပေါင်း (၂၀) ကျော်ခန့်ရှိသည်။ ထိုဥမင်များထဲမှ အထင်ရှားဆုံးမှာ ဂုဇုန်မြစ်ကိုဖြတ်၍ ဖောက်လုပ်ထားသော လင်ကွန်းဥမင်ဖြစ်ပြီး (၁၃.၅) ကီလိုမီတာ ရှည်လျားသည်။ ၁၉၈၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ဟွန်းရှုးကျွန်းနှင့် ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်ပေးသည့် အရှည် (၅၄) ကီလိုမီတာရှိသော ကမ္ဘာ့အရှည်လျားဆုံး ရေအောက်ရထားလမ်းဥမင်ကို တည်ဆောက်ခဲ့သည်။ ပင်လယ် ရေအောက်တွင်ရှိသော အပိုင်းမှာ (၂၃.၃) ကီလိုမီတာ ရှိသည်။ ထိုကဲ့သို့ လွန်သွားစက်ဖြင့် ရေအောက်ဖြတ်ဥမင် တည်ဆောက်ခြင်း နည်းပညာများ တိုးတက်လာသည် နှင့်အမျှ တည်ဆောက်ရေးကာလ၊ ကုန်ကျစရိတ် များကိုလည်း တတ်နိုင်သမျှ နည်းပါးအောင် ဆောင်ရွက်လာနိုင် ခဲ့ကြသည်။
ယနေ့ကာလတွင် ယာဉ်ကြောများစွာပါရှိသော အရွယ်အစား ကြီးမားသော ဥမင်များဖောက်လုပ်လာနိုင်ပြီ ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် အယ်လဘာမြစ်ကို ဖြတ်၍ဖောက်လုပ်သော ဥမင်မှာ အကန့် (၈) ခုနှင့် ဥမင်အရွယ် အစားမှာ (၄၂.၅ _၈.၅) မီတာရှိပြီး အလျားမှာ (၁၃၂) မီတာရှိသည်။ ၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ဖွင့်လှစ်ခဲ့သော တိုကီဥမင်မှာ (၃၇.၄ _၈.၈) မီတာအရွယ်အစားရှိပြီး (၁၁၅) မီတာရှည်လျားကာ အကန့် (၉) ကန့်ပါသည်။
၁၈၆၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ လန်ဒန်မြို့တော် မြေအောက် ရထားလမ်းများကို စတင် ဖောက်လုပ်ခဲ့ပြီးနောက် ကမ္ဘာ့ မြို့တော်ကြီးများတွင် အလွန်ရှုပ်ထွေး ကြီးမားသော မြေအောက် မီးရထားလမ်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ သည်။ ကမ္ဘာ့ အထင်ရှားဆုံး မြေအောက် ရထားလမ်း ကွန်ယက်များသည် မြို့တော်၏ဧရိယာ ကြီးမားကျယ်ပြန့်သည် နှင့်အမျှ အလွန်ကြီးမားပြီး ရှုပ်ထွေးသလို မြေအောက် ရထားလိုင်း များလည်း များပြားသည်။ အမေရိကန်နိုင်ငံ နယူး ယောက်မြို့ရှိ မြေအောက် ရထားလမ်းများ၏ စုစုပေါင်းအရှည်မှာ (၃၉၂) ကီလိုမီတာရှိသည်။ မြေအောက် ရထားလိုင်း ပေါင်း (၂၇) လိုင်းရှိ၍ မြေအောက် ဘူတာရုံပေါင်း (၄၇၁) ခုရှိသည်။ လန်ဒန်မြို့ မြေအောက် ရထားလမ်းမှာ (၄၁၅) ကီလိုမီတာ ရှည်လျားကာ ရထားလိုင်း (၁၂) လိုင်းနှင့် မြေအောက်ဘူတာရုံ (၃၈၂) ခုရှိသည်။ ပြင်သစ်နိုင်ငံပါရီမြို့ ၏မြေအောက်ရထား လမ်းများမှာ စုစုပေါင်း (၂၁၂.၅) ကီလိုမီတာရှည်လျားပြီး ရထားလိုင်း (၁၄) လိုင်းနှင့် မြေအောက် ဘူတာရုံ (၃၄၀) ခုရှိသည်။ ရုရှားနိုင်ငံ မော်စကိုမြို့ မြေအောက် ရထားလမ်းမှာ (၂၇၈.၃) ကီလိုမီတာ ရှည်လျားပြီး ရထားလိုင်းပေါင်း (၁၁) လိုင်းရှိကာ မြေအောက်ဘူတာရုံပေါင်း (၁၇၂) ခုရှိသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြေအောက် ရထားလမ်းများမှာ (၂၁၀) ကီလိုမီတာ ရှည်လျားပြီး ရထားလိုင်းပေါင်း (၁၀) လိုင်းရှိကာ ဘူတာရုံပေါင်း (၁၉၄) ခုရှိသည်။
မျက်မှောက်ကာလတွင် ကမ္ဘာ့မြို့ကြီးပေါင်း (၁၅၀) ကျော်၌ မြေအောက်ရထားလမ်းများ ရှိနေပြီဖြစ်သည်။ ဆောက်လုပ်ဆဲ မြေအောက်ရထားလမ်း စီမံကိန်း (၅၀) ကျော်ရှိသည်။ မြေအောက်ရထားတပိုင်း အခြားသော ဆက်သွယ်ရေးလမ်းများလည်း ဖောက်လုပ်နေကြသည်။ အာဆီယံနိုင်ငံများထဲမှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူနှင့် မနီလာမြို့တော်များတွင် မြေအောက်ရထားလမ်း ကွန်ယက်များရှိနေပြီ ဖြစ်သည်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်လည်း မြေအောက်ရထား စီမံကိန်းများကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ဤနေရာတွင် မြေအောက်ရထားလမ်း (Metro) အကြောင်းကို ပိုမိုသဘောပေါက် နားလည်စေရန် ရှင်းပြပါမည်။ Metro ဆိုသည်မှာ မြေအောက် ရထားလိုင်း ကွန်ယက်တစ်ခု ဖြစ်ပြီး လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင် ပေးနိုင်သော ခေတ်မီမြို့ပြ သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှု တစ်ခုဖြစ်သည်။ များသောအားဖြင့် မြေအောက်အတွင်း၌ ဖောက်လုပ်ထားပြီး တချို့နိုင်ငံများတွင်မူ မြေပေါ် လမ်းပိုင်းများဖြင့် ချိတ်ဆက် အသုံးပြုကြကာ တပိုင်း မြေအောက်ရထား ကွန်ယက် သဖွယ်ဖြစ်ပါသည်။ Metro ဟူသော စကားလုံးသည် Metropolitan မှခွဲထွက်လာခြင်းဖြစ်ပြီး မူရင်းစကားလုံးမှာ ပြင်သစ်ဘာသာဖြင့် ရှေးက Capital ဟုအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ Subway ဟုလည်း ခေါ်ကြသည်။ Metro (သို့) Subway ကို အင်္ဂလိပ်ဘာသာဖြင့် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် အချို့သော မြို့ကြီးများတွင် မြေအောက် ရထားလမ်းများ၏ တစိတ်တပိုင်းမှာ မြေပေါ်တွင် တံတားများဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်္ကာပူမြို့တို့၏ မြေအောက် ရထားလမ်း ကွန်ယက်များတွင် အဆိုပါ Sky train လမ်းပိုင်းများကို တွေ့ရှိနိုင်ပေသည်။ ၎င်းလမ်းများသည် မြေပေါ်တွင် ဖြစ်လင့်ကစား မြေအောက် ရထားလမ်းများနှင့် ချိတ်ဆက် နေသောကြောင့် မြို့တော်၏ မြေအောက် ရထားလမ်း ကွန်ယက် (Metropolitan network) တွင်ထည့်သွင်း ထားရခြင်းဖြစ်သည်။
မြေအောက်ဥမင်များ ဖောက်လုပ်ရာတွင်လည်း အောက်ခံမြေ အမျိုးအစားကိုလိုက်၍ နည်းအမျိုးမျိုး အသုံးပြု ဖောက်လုပ်ကြသည်။ မြေအောက် ဘူတာရုံများကိုမူ ရထားလမ်းကြောင်းများနှင့် ချိတ်ဆက်၍ မြေပေါ်တွင် ထားရှိရမည့် ဘူတာဝင်ပေါက် အဆောက်အအုံအတွက် လိုအပ်သော မြေဧရိယာ အနေအထားအရ ဆောက်လုပ်ကြသည်။ လမ်းကြောင်းများ တည်ရှိမှု၊ မြေအမျိုးအစားနှင့် ခံနိုင်ရည်တို့ကိုမူတည်၍ မြေအောက် ဘူတာများ၏ အနက်မှာ အနည်းနှင့်အများ ကွာခြားချက်ရှိသည်။
မြေအောက်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းများသည် အလွန်ကြီးမားသလို ကုန်ကျစရိတ်လည်း အလွန်များပြားသည်။ ကနဦး စီမံကိန်းရေးဆွဲရာတွင် မီထရိုပိုလီတန် တည်ဆောက်မည့်မြို့တော်၏ တည်နေရာနှင့် ပထ၀ီအနေအထား၊ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှု၊ မြို့တော်၏လူဦးရေ၊ နေ့စဉ်သွားလာမှု လမ်းကြောင်းများ၊ အခြားမော်တော်ယာဉ်၊ ရထားများ၏ သယ်ယူပို့ဆောင်နိုင်မှု ပမာဏနှင့် မြေအောက်ရထား ဖောက်လုပ်ရန် အမှန်တကယ် လိုအပ်ခြင်းရှိ၊ မရှိ။ ဖောက်လုပ်မည့် မြေအောက်ရထား အမျိုးအစားနှင့် ကုန်ကျမည့်စရိတ်၊ ၎င်းမှပြန်လည်၍ ရရှိမည့် အကျိုးအမြတ် စသည်တို့ကို ဦးစွာစဉ်းစား သုံးသပ်ရန် လိုပေမည်။
လက်ရှိ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှု၊ လူဦးရေးများပြားလာမှုနှင့် ယာဉ်စီးရေ မလုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းလာမှု စသော ပြဿနာများကို ဖြေရှင်းရန်နှင့် ခေတ်မှီမြို့တော် တစ်ခု၏ အင်္ဂါရပ်နှင့် ညီညွတ်သော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ်ကို ဖော်ဆောင်ရန်အတွက် မြေအောက် ရထားလမ်း ကွန်ယက်စနစ်သည် အဖက်ဖက်က ပြည့်စုံကောင်းမွန်သော စနစ်တစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိ ရပါသည်။ သို့သော်လည်း လက်ရှိကာလ မိမိတို့နိုင်ငံ၏ နည်းပညာ၊ ငွေကြေးနှင့် လူ့အရင်းအမြစ် အခြေအနေအရ ၎င်းစနစ်မျိုးကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲနေပေရာ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်အတွက် အသင့်တော်ဆုံးသော Mass rapid transit စနစ်တစ်ခုကို ရွေးချယ်ရာတွင် မြေအောက်ရထားလမ်းအပြင် နောက်ထပ် နည်းလမ်းတစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါသေးသည်။ ၎င်းမှာ မြေပေါ်မြှင့်ပြီး မိုးပျံလိုင်းများ Sky train (သို့) elevated line များဖြင့် မြို့တော်၏ အခြားသော သယ်ယူပို့ဆောင်ရေး ကွန်ယက်များနှင့် ချိတ်ဆက် အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဥရောပ၊ အာရှ၊ အမေရိက၊ သြစတြေးလျနှင့် အာဖရိကတိုက်များရှိ မြေအောက်ရထားလမ်း စနစ်များရှိသောမြို့ကြီးများကို လေ့လာကြည့်လျှင် လူဦးရေ သန်းကျော် နေထိုင်သော မြို့ကြီးများဖြစ်ခြင်း၊ စီးပွားရေးနှင့် ကုန်စည်ကူး သန်းရောင်းဝယ်မှု၊ စက်မှုလုပ်ငန်း အချက်အချာကျသော မြို့ကြီးများ၊ တနည်းအားဖြင့် မြို့တော်ကြီးများ ဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၎င်းမြို့ကြီးများ၏ စီးပွားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့တော်၏ သယ်ယူ ပို့ဆောင်ရေးတွင် မြေအောက် ရထားလမ်း (Metro) သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြေအောက်ရထားသည် (၂၁) ရာစု ခေတ်မှီမြို့တော်ကြီးများ၏ မရှိမဖြစ် လိုအပ်လာသော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ် လည်းဖြစ်၏။ ကမ္ဘာ့မြေမျက်နှာပြင် တစ်ခုလုံး၏ ဧရိယာမှာ သန်းပေါင်း (၅၁၀) စတုရန်း ကီလိုမီတာရှိသည်။ သို့သော် တနေ့တခြား များပြားလာသော လူဦးရေနှင့်အညီ ကြီးမားလာသော ယနေ့ မီဂါပိုလစ် မြို့တော်ကြီးများ၏ ဧရိယာမှာ အမြဲလိုလို ကျပ်တည်းနေသည်ဖြစ်ရာ လူများနှင့် ကုန်စည်များကို လုံခြုံလျင်မြန် ချောမွေ့စွာ သယ်ယူပို့ဆောင် ပေးရန်အတွက် အခြေခံ အဆောက်အအုံတစ်ခု ဖြစ်သော မြေအောက် ရထားလမ်းများကို တိုးတက် ဖောက်လုပ် နေကြခြင်း ဖြစ်သည်။
လူဦးရေ ခြောက်သန်း နီးပါးရှိသော ရန်ကုန်မြို့တော်တွင်လည်း လက်ရှိ ပြေးဆွဲနေသော ယာဉ်အရေအတွက်နှင့် ခရီးသွားဦးရေတို့ အချိုးအစား မညီမျှ သောကြောင့် မြို့နေလူထုအနေဖြင့် ခရီးသွားလာရာတွင် ယာဉ်ရှားပါးခြင်း၊ ယာဉ်စီးနင်းခ ကြီးမြင့်လွန်းခြင်း၊ တနေရာမှ တနေရာသို သွားလာချိန် ကြာမြင့်၍ မလိုလားအပ်ပဲ အချိန်များ ဆုံးရှုံးနေရခြင်း၊ လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်များ၊ ဘတ်စ်ကားများ၏ ကြံ့ခိုင်မှု အားနည်း သောကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့နေရခြင်း စသည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုစနစ် ညံ့ဖျင်းမှု၏ ဆိုးကျိုးများကို နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။ ယခုလက်ရှိ ရှိနှင့်ပြီး မြို့နေလူဦးရေ အတွက် ယာယီအစီအမံများဖြင့် အစားထိုး ဖြေရှင်းထားနိုင်သော်လည်း လာမည့် ဆယ်စုနှစ်များတွင် တိုးပွားလာမည့် မြို့တော်၏လူဦးရေကို အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်မည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ခုကို ဖော်ဆောင်ရန် မဖြစ်မနေ စဉ်းစားကြရတော့မည် ဖြစ်ပါသည်။ ခေတ်မှီမြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပြီး အဓိကကျသော မြို့ပြ အခြေခံ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါသည်။
သို့ဖြစ်ရာ နေ့စဉ်ကြုံတွေ့နေရသော မြို့နေလူထု၏ ခရီးသွားလာမှုပြဿနာကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး၊ တိုးတက်များပြားလာသော မော်တော်ယာဉ်စီးရေကို ထိန်းချုပ်နိုင်ရေး၊ မြို့တော်၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရေး၊ လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်လာစေရေးတို့ကို အထောက်အကူ ဖြစ်စေသောငှာ မြေအောက် ရထားလမ်း စနစ် သို့မဟုတ် Mass rapid transit system တစ်ခုကို အလျင်အမြန် အကောင်အထည် ဖော်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
မှီငြမ်းကိုးကား။
၁။ Tunnels and metropolitan, V.G.Harapop, Y.A.Demeshko, C.N.Naumov , 1989.
၂။ Manual for tunnel engineers, Y.A.Limanov. 1976.
၃။ Transportation tunnels and metropolitan, O.N.Makarov, V.E.Merkin, 1991.
၎။ www.urbanrail.net
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၏ ဘလော့ဂ် ဒိုင်ဂျက်ကဏ္ဍ၌ ဤဆောင်းပါးအား ပုံနှိပ်ဖော်ပြခဲ့ပြီး။
Download this article as PDF
ပရင့်ထုတ်ရန်

ဥရောပတိုက်၏မြေအောက်ရထားလမ်းများရှိသောမြို့ကြီး ၄၉ မြို့။
အမေရိကတိုက်၏မြေအောက်ရထားလမ်းများရှိသောမြို့ကြီး ၄၉ မြို့။
ဤနေရာတွင် မြေအောက်ရထားလမ်း (Metro) အကြောင်းကို ပိုမိုသဘောပေါက် နားလည်စေရန် ရှင်းပြပါမည်။ Metro ဆိုသည်မှာ မြေအောက် ရထားလိုင်း ကွန်ယက်တစ်ခု ဖြစ်ပြီး လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင် ပေးနိုင်သော ခေတ်မီမြို့ပြ သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှု တစ်ခုဖြစ်သည်။ များသောအားဖြင့် မြေအောက်အတွင်း၌ ဖောက်လုပ်ထားပြီး တချို့နိုင်ငံများတွင်မူ မြေပေါ် လမ်းပိုင်းများဖြင့် ချိတ်ဆက် အသုံးပြုကြကာ တပိုင်း မြေအောက်ရထား ကွန်ယက် သဖွယ်ဖြစ်ပါသည်။ Metro ဟူသော စကားလုံးသည် Metropolitan မှခွဲထွက်လာခြင်းဖြစ်ပြီး မူရင်းစကားလုံးမှာ ပြင်သစ်ဘာသာဖြင့် ရှေးက Capital ဟုအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ Subway ဟုလည်း ခေါ်ကြသည်။ Metro (သို့) Subway ကို အင်္ဂလိပ်ဘာသာဖြင့် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
“A rapid transit, underground, subway, tube, elevated, or metro(politan) system is a railway system, usually in an urban area, with a high capacity and frequency of service, and grade separation from other traffic”မြေအောက် ရထားလမ်းများမှာ အများအားဖြင့် မြို့တော်၏ မြေအောက်တွင် ဥမင်များဖြင့်ဆက်သွယ် ဖောက်လုပ်ထားသော လမ်းကြောင်းများဖြစ်သည်။ မြေအောက် ရထားလမ်း ဟုဆိုသော်လည်း အမြဲတစေ မြေအောက်တွင်ရှိမည် မဟုတ်ပေ။ အချို့နေရာများတွင် မြေပေါ်မှ ဖြတ်သန်းသွား သည်လည်းရှိသည်။ ဥပမာ မြစ်ချောင်းများ အောက်မှ ဥမင်ဖြတ်တူးရန် မဖြစ်နိုင်သော နေရာများတွင် လည်းကောင်း၊ အခြားကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံသော နေရာများတွင် လည်းကောင်း၊ မြို့တော်၏သမိုင်းနှင့် ဗိသုကာဆိုင်ရာ အဆောက်အဦးများကို ထိခိုက်စေနိုင်သည့် နေရာများတွင် လည်းကောင်း မြေပေါ်တွင်ဖြစ်စေ၊ တံတားများဖြင့် ဖြစ်စေ ဆက်သွယ် ဖောက်လုပ်ကြရသည်။ ၎င်းလမ်းပိုင်းများကို Sky way (သို့) Elevated ဟုလည်း ခေါ်သည်။
ထို့ကြောင့် အချို့သော မြို့ကြီးများတွင် မြေအောက် ရထားလမ်းများ၏ တစိတ်တပိုင်းမှာ မြေပေါ်တွင် တံတားများဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်္ကာပူမြို့တို့၏ မြေအောက် ရထားလမ်း ကွန်ယက်များတွင် အဆိုပါ Sky train လမ်းပိုင်းများကို တွေ့ရှိနိုင်ပေသည်။ ၎င်းလမ်းများသည် မြေပေါ်တွင် ဖြစ်လင့်ကစား မြေအောက် ရထားလမ်းများနှင့် ချိတ်ဆက် နေသောကြောင့် မြို့တော်၏ မြေအောက် ရထားလမ်း ကွန်ယက် (Metropolitan network) တွင်ထည့်သွင်း ထားရခြင်းဖြစ်သည်။
မြေအောက်ဥမင်များ ဖောက်လုပ်ရာတွင်လည်း အောက်ခံမြေ အမျိုးအစားကိုလိုက်၍ နည်းအမျိုးမျိုး အသုံးပြု ဖောက်လုပ်ကြသည်။ မြေအောက် ဘူတာရုံများကိုမူ ရထားလမ်းကြောင်းများနှင့် ချိတ်ဆက်၍ မြေပေါ်တွင် ထားရှိရမည့် ဘူတာဝင်ပေါက် အဆောက်အအုံအတွက် လိုအပ်သော မြေဧရိယာ အနေအထားအရ ဆောက်လုပ်ကြသည်။ လမ်းကြောင်းများ တည်ရှိမှု၊ မြေအမျိုးအစားနှင့် ခံနိုင်ရည်တို့ကိုမူတည်၍ မြေအောက် ဘူတာများ၏ အနက်မှာ အနည်းနှင့်အများ ကွာခြားချက်ရှိသည်။
မြေအောက်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းများသည် အလွန်ကြီးမားသလို ကုန်ကျစရိတ်လည်း အလွန်များပြားသည်။ ကနဦး စီမံကိန်းရေးဆွဲရာတွင် မီထရိုပိုလီတန် တည်ဆောက်မည့်မြို့တော်၏ တည်နေရာနှင့် ပထ၀ီအနေအထား၊ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှု၊ မြို့တော်၏လူဦးရေ၊ နေ့စဉ်သွားလာမှု လမ်းကြောင်းများ၊ အခြားမော်တော်ယာဉ်၊ ရထားများ၏ သယ်ယူပို့ဆောင်နိုင်မှု ပမာဏနှင့် မြေအောက်ရထား ဖောက်လုပ်ရန် အမှန်တကယ် လိုအပ်ခြင်းရှိ၊ မရှိ။ ဖောက်လုပ်မည့် မြေအောက်ရထား အမျိုးအစားနှင့် ကုန်ကျမည့်စရိတ်၊ ၎င်းမှပြန်လည်၍ ရရှိမည့် အကျိုးအမြတ် စသည်တို့ကို ဦးစွာစဉ်းစား သုံးသပ်ရန် လိုပေမည်။
လက်ရှိ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှု၊ လူဦးရေးများပြားလာမှုနှင့် ယာဉ်စီးရေ မလုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းလာမှု စသော ပြဿနာများကို ဖြေရှင်းရန်နှင့် ခေတ်မှီမြို့တော် တစ်ခု၏ အင်္ဂါရပ်နှင့် ညီညွတ်သော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ်ကို ဖော်ဆောင်ရန်အတွက် မြေအောက် ရထားလမ်း ကွန်ယက်စနစ်သည် အဖက်ဖက်က ပြည့်စုံကောင်းမွန်သော စနစ်တစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိ ရပါသည်။ သို့သော်လည်း လက်ရှိကာလ မိမိတို့နိုင်ငံ၏ နည်းပညာ၊ ငွေကြေးနှင့် လူ့အရင်းအမြစ် အခြေအနေအရ ၎င်းစနစ်မျိုးကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲနေပေရာ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်အတွက် အသင့်တော်ဆုံးသော Mass rapid transit စနစ်တစ်ခုကို ရွေးချယ်ရာတွင် မြေအောက်ရထားလမ်းအပြင် နောက်ထပ် နည်းလမ်းတစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါသေးသည်။ ၎င်းမှာ မြေပေါ်မြှင့်ပြီး မိုးပျံလိုင်းများ Sky train (သို့) elevated line များဖြင့် မြို့တော်၏ အခြားသော သယ်ယူပို့ဆောင်ရေး ကွန်ယက်များနှင့် ချိတ်ဆက် အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဥရောပ၊ အာရှ၊ အမေရိက၊ သြစတြေးလျနှင့် အာဖရိကတိုက်များရှိ မြေအောက်ရထားလမ်း စနစ်များရှိသောမြို့ကြီးများကို လေ့လာကြည့်လျှင် လူဦးရေ သန်းကျော် နေထိုင်သော မြို့ကြီးများဖြစ်ခြင်း၊ စီးပွားရေးနှင့် ကုန်စည်ကူး သန်းရောင်းဝယ်မှု၊ စက်မှုလုပ်ငန်း အချက်အချာကျသော မြို့ကြီးများ၊ တနည်းအားဖြင့် မြို့တော်ကြီးများ ဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၎င်းမြို့ကြီးများ၏ စီးပွားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့တော်၏ သယ်ယူ ပို့ဆောင်ရေးတွင် မြေအောက် ရထားလမ်း (Metro) သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြေအောက်ရထားသည် (၂၁) ရာစု ခေတ်မှီမြို့တော်ကြီးများ၏ မရှိမဖြစ် လိုအပ်လာသော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ် လည်းဖြစ်၏။ ကမ္ဘာ့မြေမျက်နှာပြင် တစ်ခုလုံး၏ ဧရိယာမှာ သန်းပေါင်း (၅၁၀) စတုရန်း ကီလိုမီတာရှိသည်။ သို့သော် တနေ့တခြား များပြားလာသော လူဦးရေနှင့်အညီ ကြီးမားလာသော ယနေ့ မီဂါပိုလစ် မြို့တော်ကြီးများ၏ ဧရိယာမှာ အမြဲလိုလို ကျပ်တည်းနေသည်ဖြစ်ရာ လူများနှင့် ကုန်စည်များကို လုံခြုံလျင်မြန် ချောမွေ့စွာ သယ်ယူပို့ဆောင် ပေးရန်အတွက် အခြေခံ အဆောက်အအုံတစ်ခု ဖြစ်သော မြေအောက် ရထားလမ်းများကို တိုးတက် ဖောက်လုပ် နေကြခြင်း ဖြစ်သည်။
လူဦးရေ ခြောက်သန်း နီးပါးရှိသော ရန်ကုန်မြို့တော်တွင်လည်း လက်ရှိ ပြေးဆွဲနေသော ယာဉ်အရေအတွက်နှင့် ခရီးသွားဦးရေတို့ အချိုးအစား မညီမျှ သောကြောင့် မြို့နေလူထုအနေဖြင့် ခရီးသွားလာရာတွင် ယာဉ်ရှားပါးခြင်း၊ ယာဉ်စီးနင်းခ ကြီးမြင့်လွန်းခြင်း၊ တနေရာမှ တနေရာသို သွားလာချိန် ကြာမြင့်၍ မလိုလားအပ်ပဲ အချိန်များ ဆုံးရှုံးနေရခြင်း၊ လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်များ၊ ဘတ်စ်ကားများ၏ ကြံ့ခိုင်မှု အားနည်း သောကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့နေရခြင်း စသည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုစနစ် ညံ့ဖျင်းမှု၏ ဆိုးကျိုးများကို နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။ ယခုလက်ရှိ ရှိနှင့်ပြီး မြို့နေလူဦးရေ အတွက် ယာယီအစီအမံများဖြင့် အစားထိုး ဖြေရှင်းထားနိုင်သော်လည်း လာမည့် ဆယ်စုနှစ်များတွင် တိုးပွားလာမည့် မြို့တော်၏လူဦးရေကို အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်မည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ခုကို ဖော်ဆောင်ရန် မဖြစ်မနေ စဉ်းစားကြရတော့မည် ဖြစ်ပါသည်။ ခေတ်မှီမြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပြီး အဓိကကျသော မြို့ပြ အခြေခံ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါသည်။
သို့ဖြစ်ရာ နေ့စဉ်ကြုံတွေ့နေရသော မြို့နေလူထု၏ ခရီးသွားလာမှုပြဿနာကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး၊ တိုးတက်များပြားလာသော မော်တော်ယာဉ်စီးရေကို ထိန်းချုပ်နိုင်ရေး၊ မြို့တော်၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရေး၊ လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်လာစေရေးတို့ကို အထောက်အကူ ဖြစ်စေသောငှာ မြေအောက် ရထားလမ်း စနစ် သို့မဟုတ် Mass rapid transit system တစ်ခုကို အလျင်အမြန် အကောင်အထည် ဖော်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
မှီငြမ်းကိုးကား။
၁။ Tunnels and metropolitan, V.G.Harapop, Y.A.Demeshko, C.N.Naumov , 1989.
၂။ Manual for tunnel engineers, Y.A.Limanov. 1976.
၃။ Transportation tunnels and metropolitan, O.N.Makarov, V.E.Merkin, 1991.
၎။ www.urbanrail.net
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၏ ဘလော့ဂ် ဒိုင်ဂျက်ကဏ္ဍ၌ ဤဆောင်းပါးအား ပုံနှိပ်ဖော်ပြခဲ့ပြီး။
Download this article as PDF
ဘရားသားရေ.
ဒီပို့စ်လေးကို Facebook မှာ ရှိတဲ့ Myanmar Blogs Digest Page လေးမှာ ဝေမျှပေးဖို့ ယူသွားတယ်နော်. စာတွေ ပြန်လည်ရေးနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်ဗျာ.
ခင်မင်စွာဖြင့်
Yan.
ဘရားသား...
အခုရောစာတွေရေးဖြစ်သေးလား။