မုန်
တိုင်းဒဏ်ကြောင့် နှစ်စဉ်ရေလွမ်းမိုးမှု ခံရလေ့ရှိတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာ (SMART) ဥမင်လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ ရေလွှမ်းမိုးမှုမှ ကာကွယ်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုတို့မှ ရှောင်ရှားနိုင်ရေးအတွက် ရည်ရွယ်ချက် နှစ်မျိုးနဲ့ အသုံးပြုနိုင်မယ့် ဥမင်တစ်ခုကို ၂၀၀၃ ခုနှစ်က စတင် တည်ဆောက် ခဲ့ပါတယ်။ ၎င်းဥမင် အမျိုးအစားမျိုးကို ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက် ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှ မှာရှိတဲ့ ရေလွှမ်းမှုကာကွယ်ရေး အတွက် ဖောက်လုပ် ထားတဲ့ ဥမင်တွေထဲ မှာတော့ အရှည်ဆုံး ဥမင်တစ်ခုဖြစ်ကာ အာရှမှာတော့ ဒုတိယ အရှည်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

ရေလွှဲခြင်းနည်းလမ်းများ
SMART ကို နည်းလမ်းသုံးမျိုးနှင့် အသုံးပြုနိုင်ပါတယ်။

သာမန် အနေအထားမှာ တနည်း ပြောရရင် မိုးရွာသွန်းမှုဟာ ဥမင်အသုံးပြုပြီး ရေလွှဲရ လောက်အောင် မများတဲ့ အခြေအနေမှာ ဆိုရင်တော့ နည်းလမ်း(၁) ကို အသုံးပြု ပါတယ်။ နည်းလမ်း(၁) မှာတော့ ဥမင်ကို ယာဉ်သွားလာမှု အတွက်သာ အသုံးပြုပြီး ရေလွှဲ တာဝန်ကို ထမ်းဆောင်မှာ မဟုတ်ပါဘူး။
မုန်တိုင်း အသင့်အတင့် ရှိလာတဲ့ အခြေအနေမှာ ဆိုရင်တော့ နည်းလမ်း(၂)ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ကားလမ်းအောက်ရှိ ပိုက်လိုင်းများမှတဆင့် ရေလွှဲသွားမှာဖြစ်ကာ ကားလမ်းကို ဖွင့်လှစ်ထားမြဲ ထားမှာ ဖြစ်ပါတယ်။
နှစ်စဉ် တစ်ကြိမ် (သို့) နှစ်ကြိမ် ဖြစ်တတ်တဲ့ အင်အားပြင်းမုန်တိုင်း တိုက်ခတ်ချိန်မှာဆိုရင်တော့ နည်းလမ်း(၃)ကို အသုံးပြုရမှာဖြစ်ပြီး ယာဉ်သွားလာမှုကို ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဥမင်တစ်ခုလုံးကို ရေလွှဲဖို့ သက်သက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ရေကုဗမီတာ (၃) သန်းကို လွှဲပေးနိုင်မှာ ဖြစ်ပါတယ်။
နည်းလမ်း(၃)ကို အသုံးပြုနိုင်ရန်အတွက် အလိုအလျောက် ရေလုံတံခါးများကို မဖွင့်မှီ နောက်ဆုံးယာဉ်ကို ဥမင်အတွင်းမှ ထွက်သွားနိုင်ရေးအတွက် လိုအပ်တဲ့အချိန်ကို သတ်မှတ် ပေးနိုင်စေရန် စောင့်ကြည့် နေရာများကို ကျယ်ကျယ်ပြန့်ပြန် ထားရှိပါတယ်။ ကားလမ်းဥမင်ကို ရေလွှဲပြီးနောက် (၄၈)နာရီကြာ သန့်ရှင်းရေး ပြုလုပ်ပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။
ဥမင်ဖောက်လုပ်ခြင်းဆိုင်ရာ အချက်အလက်များ
ဥမင်ဖောက်လုပ်ရေးကို (၂၀၀၃) ခုနှစ်မှာ စတင်ခဲ့ပါတယ်။ Tuah နှင့် Gemilang လို့ အမည်ပေးထားတဲ့ ဥမင်တူးစက် နှစ်လုံးသုံးပြီး ဖောက်လုပ်တာကတော့ (၂၀၀၄) ခုနှစ်မှာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီလ (၂) ရက်နေ့မှာ Tuah ရဲ့ဖောက်လုပ်မှုကို အပြီးသတ်နိုင်ခဲ့ပြီး (၂၀၀၆) ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာ Gemilang ရဲ့ဖောက်လုပ်မှုကို အပြီးသတ်နိုင်ခဲ့ပါတယ်။
ကားလမ်းအသုံးပြုမှုကို (၂၀၀ရ)ခုနှစ် မေလ (၁၄)ရက်နေ့ ညနေ (၃)နာရီ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေလွှဲခြင်းဆိုင်ရာ လုပ်ငန်းများကို ၄င်းနှစ် ဇွန်လကုန် မှာ စတင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဥမင်အတွင်း လေ၀င်လေထွက် ကောင်းစေရန်အတွက် လေ၀င်ပေါက်များကို တစ်ကီလိုမီတာ ကြားစီ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ထိုလေ၀င်လေထွက်စနစ်ဖြင့် ကားလမ်းမှာရှိတဲ့ လေထုကို အမြဲ သန့်ရှင်းနေအောင် ပြုလုပ်ပြီး ထိန်းသိမ်း ထားမှာဖြစ်ပါတယ်။ ရေလွှမ်းချိန်မှာ ထိုလေ၀င် လေထွက်စနစ်ကို ကာကွယ်ဖို့အတွက် လေ၀င်ပေါက်တွေကို အတန်းလိုက် ထည့်သွင်းထားပြီး လေသွင်း၊ လေထုတ်အတွက် ပန်ကာများတပ်ဆင်ထား ပါတယ်။ လေသွင်းလေထုတ် ပန်ကာတွေကို SMART ဥမင်ရဲ့ အပြင်မှာတည်ရှိအောင် ဒီဇိုင်းပြုလုပ်ထားပြီး ဥမင်အတွင်းကို ဒေါင်လိုက် လေသွင်းလေထုတ်လုပ်ပါတယ်။ လေ၀င်ပေါက် တစ်ခုနှင့်တစ်ခုကြားမှာ လေထုကို အဆက်မပြတ် သန့်ရှင်းနေအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ မီးဘေးအန္တရာယ် ဖြစ်ချိန်မှာ ဆိုရင်တော့ မီးခိုးများကို ရှင်းလင်းသွားနိုင်မှာ ဖြစ်ပါတယ်။ More
နည်းပညာဆိုင်ရာ အချက်အလက်များ
ရေလွှမ်းမှုထိန်းချုပ်ရေးဥမင် (ရေလွှဲဥမင်)
တည်ဆောက်ရေး ကုန်ကျစရိတ် -- မလေးရှား ရင်းဂစ် (၁၈၈၇) သန်း၊ အမေရိကန် ဒေါ်လာ (၅၁၄.၆) သန်း။
ဥမင်အရှည် ------------------- (၉.၇) ကီလိုမီတာ၊ (၆) မိုင်။
ဥမင်အချင်း ------------------- (၁၃.၂) မီတာ၊ (၄၃.၃) ပေ (အပြင်ပိုင်းထိ)
ဥမင်တူးဖော်ခြင်းနည်းစနစ် ------ Tunnel Boring Machine (TBM)
TBM အမျိုးအစား -------------- Slurry Shield
ကားလမ်းဥမင်
ဥမင်အရှည် --------------- (၃) ကီလိုမီတာ
ကားလမ်းအမျိုးအစား ------- နှစ်ထပ်
အ၀င်၊အထွက်လမ်း --------- (၁.၅) ကီလိုမီတာ (၀.၉၃) မိုင် (Jalan Sultan နှင့် Jalan Imbi)
ကားလမ်းအဆက်အရှည် ---- (၁.၄) ကီလိုမီတာ (၀.၈၇) မိုင် (Jalan Tun Razak)
ကားလမ်းချိတ်ဆက်မှု ------- (၁.၆) ကီလိုမီတာ (၁) မိုင် (ကွာလာလမ်ပူ-ဆီရန်ဘမ် အဝေးပြေးလမ်း)
ရေလွှဲရန်အတွက် ကားလမ်းအောက်မှ ရေလွှဲပိုက် တပ်ဆင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် သာမန်ကားများသာ ဖြတ်သန်း သွားလာနိုင်ပါတယ်။ ကုန်တင်ကားများနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်း သွားလားခြင်းကို ခွင့်မပြုတာကို တွေ့ရပါတယ်။ ဆက်လက်လေ့လာရန်
http://www.smarttunnel.com.my/project_features.htm feature
http://www.smarttunnel.com.my/project_tunneling.htm
http://en.wikipedia.org/wiki/SMART_Tunnel

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld