လေးစားရပါသော စာဖတ်ပရိတ်သတ်များ ခင်ဗျား......
ဒီပို့စ်ဟာ The MyMetroworld blog ရဲ့ ၁၀၀ မြောက် ပို့စ်ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်း၊ ဖေဖော်ဝါရီလ ကတည်းက စတင်မွေးဖွား လာခဲ့တဲ့ ဘလော့ဂ် အနေနဲ့ ကြည့်မယ်ဆိုရင် ၁၀ လဆိုတဲ့ အချိန်ကာလကို ဖြတ်သန်း လာခဲ့ပြီလို့ ပြောရမှာပါ။ ဤဘလော့ဂ်ကို စတင်ဖန်တီးခဲ့သူ တစ်ဦးအနေနဲ့ “ Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို အကောင်းဆုံး ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာ ဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန် ” ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဤဘလော့ဂ်မှာ ဥမင်နဲ့ မြေအောက် ရထား အင်ဂျင်နီယာ ဆိုင်ရာ သတင်းများ၊ နည်းပညာ ဆောင်းပါးများ၊ မှတ်စုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ စသည်ဖြင့် ကဏ္ဍစုံလင်စွာ ဖတ်ရှုနိုင်မှာ ဖြစ်သလို အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ စာအုပ်များ၊ ဆော့ဖ်ဝဲများ ကိုလည်း အခမဲ့ ကူးယူနိုင်ကြ ပါတယ်။ တခြား လေ့လာရမယ့် Tunneling နဲ့ Metro ဝဘ်ဆိုက်များ၊ ဘလော့ဂ်များကိုလည်း အလွယ်တကူ သွားရောက်နိုင်ရန် စုစည်းဖော်ပြ ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီးလည်း ဘလော့ဂ်ကို ဝင်ရောက် ဖတ်ရှု လေ့လာသူများ အတွက် အကျိုးများစေဖို့၊ ဗဟုသုတ တိုးပွားစေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဘလော့ဂ် ရေးသူများ၏ ထုံးစံအတိုင်း ဘလော့ရေးရန် မောင်းနှင်အားသည် ဝေဖန်၊ အကြုံပြုချက်များမှ လာသည် ဖြစ်ရာ စာဖတ်သူ များထံမှ ဝေဖန်မှုများ၊ အကြံပြုချက်များ၊ ရေးသားထားသော ပို့စ်တစုံတရာနှင့် ပတ်သက်၍ မေးမြန်း ချက်များကို ဝမ်းသာအားရ ကြိုဆို လက်ခံပါကြောင်းနှင့် မိမိတို့တွင် ဥမင် အင်ဂျင်နီယာ နည်းပညာများနှင့် ပတ်သက်ပြီး ဝေငှရန် ရှိပါက The MyMetroworld သို့ ဆက်သွယ် ပေးပို့ နိုင်ပါကြောင်း၊ ထို့အတွက် The MyMetroworld မှ ကျေးဇူး ဥပကာရ အထူး တင်ရှိမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံး ချုပ်လိုက်ပါတယ်။









Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld